Pages

Monday 30 April 2012

အာလူးမဆလာသုတ်




မအားလို့ ဘလော့ကို update မလုပ်နိုင်တာတောင်ကြာသွားပြီ။ဒီအာလူးသုတ်နည်းက ဘရဏီ အမေ

သုတ်ကျွေးနေကြ အာလူးသုတ်နည်း။ ပင်စိမ်း ရွက်၊ မဆာလာနံလေးသင်း နေပြီး ထမင်းအရမ်းစားလို့ 

ကောင်းတယ်။ သူ့ တမျိုးထည်းနဲ့  ထမင်းစားတောင်ထမင်းစားမြိန်တယ်။



လိုအပ်တဲ့ ပ စ္စည်းတွေက

အာလူးပြုတ် (၂)လုံး၊ ကြက်သွန်နီ (၁) ဥ၊ ခရမ်းချဉ်သီး (၂) လုံး ၊ ငရုတ်သီးစိမ်းအနည်းငယ်

၊ပင်စိမ်းရွက်အနည်းငယ်၊မန်ကျီးရည် (ထမင်းစားဇွန်း(၃)ဇွန်း  ၊ဆား အနည်းငယ်၊ငံပြာရည်

လက်ဘက်ရည်ဇွန်းတဇွန်း ၊မဆလာအနည်းငယ်၊ ဆီချက် အနည်းငယ် တို့ လိုအပ်ပါတယ်။

ပြင်ဆင်ပုံ

ကြက်သွန်နီကိုပါးပါး လှီးပြီးရေဆေးထားပါ။ခရမ်းချဉ်သီး (၂)လုံးကို ပါးပါးလှီးထားပါ။ငရုတ်သီးစိမ်းနဲ့ 

ပင်စိမ်းရွက်ကိုလည်းပါးပါးလှီး ထားပေးပါ။မန်ကျီးသီးရေစိမ်ထားပါ၊ကြက်သွန်ဖြူ (သို့)နီကိုဆီချက်ချက်

ထားပေးပါ။ပြီးရင် အကုန်လုံးကို ဇလုံးတလုံးထဲထည့်နယ်ပြီးစားလို့ ရပါပြီ။


(အပြင်မှာမိုးတွေအုံနေတော့ ဓါတ်ပုံကအလင်းကောင်းကောင်း မရဘဲနဲ့  နဲနဲ မှောင်သွားတယ်။)

Breaking new (၁၀ပေါင်ကျသွားပြီ။)

11 comments:

Mrs. Bagel said...
This comment has been removed by the author.
မိစံ said...

အာလူးဆိုဘယ်လိုကျွေးကျွေးစားတယ်း)
ညမတော်လေးက၀ိတ်ချနေတယ်လား
ဒီတိုင်းလေးဘဲလှနေတာကို :D

စံပယ်ချို said...

သများတွေ လုပ်ပြထားတာတွေကအားလုံးစားချင်စရာတွေပါပဲ
ကိုယ်လုပ်ရင်အားလုံးတလွှဲဖြစ်ရော

Iora said...

လွတ်လွတ်နေလို့ လင့်လေးယူသွားပြီနော်။ ခွင့်ပြုပါရှင်။
ကွန်ဂရက်ကျူလေးရှင်းစ်....
အိုင်အိုရာ

ဘရဏီ said...

@ကျေးဇူးမမြတ်ကြည်
@မမိစံ ဘဲဟိုနေ့ကဖဘမှာ ၀တယ်ဆို ဒါ့ကြောင့်သူများ
က ၀ိတ်ချနေတာ။
@ ဒါလေးကလုပ်ရတာလွယ်တယ် မမဂျက်ရဲ့ စမ်းကြည့်
ပါလား။

@lora ယူသွားပါရှင်။

orange said...

nyi ma lay,how to lose yr weight?pls,let me know.i would like to try too.

orange said...

nyi ma lay,How to lose yr weight?pls let me know.I 'm try so many times but i can't.

mstint said...

အာလူးဆိုရင် ဘယ်လိုလုပ်လုပ် ကြိုက်တယ် ဘရဏီရေ။
မီးဖုတ်စားရင်တောင် ကြိုက်တယ်း)
သက်သတ်လွတ်စားတဲ့အချိန်အတွက် အိုကေပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘရဏီ said...

မorange ရေဘရဏီ နည်းကနဲနဲတော့ ပြင်းထန်
တယ်။ထမင်း၊ အချိုရေ၊သကြားပါဝင်တဲ့  ကော်ဖီတို့ 
မုန့် အချိုတွေဘာတွေဘာမှမစားဘူး။ကော်ဖီသောက်ရင်
အဆီထုတ်ထားတဲ့ နို့ နဲ့ သောက်တယ်ဂျုံနဲ့ လုပ်တဲ့ မုန့်
တွေမစားဘူး၊ရေတနေ့ ရ ၂-၃ လီတာသောက်တယ်။
ကြက်ဥနဲ့ အသီးအရွက်တွေပိုစားဖြစ်တယ်။

orange said...

tzs so much ,u reply to me.let me try yr way how 's go.I'll let u know how many lb i can lose.Just keep it up yr weight lost plan.

Anonymous said...

အို... အာလူးသုတ်တော့အရမ်းကြိုက်တယ်
မဆာတော့တခါမှထည့်မသုတ်ဖူးဘူး
စမ်းကြည့်အုံးမယ်

Related Posts Plugin for WordPress, Blogger...