Pages

Friday 20 April 2012

စတော်ဘယ်ရီ ဂျယ်လီ၊ပူတင်း




 စတော်ဘယ်ရီလာပြန်ပြီ။အရင်တပတ်ကဘဲ စတော်ဘယ်ရီ cheese cake ။အခုစတော်ဘယ်ရီ ဂျယ်လီ၊

ပူတင်း၊ ရေခဲမုန့် ၊ကျောက်ကျော။ အဲ့ ဒီလိုခေါ် ရတဲ့  အကြောင်းရင်း က ဂျယ်လီအမှုန့် ထည့်ထားတဲ့ 

့အတွက် ဂျယ်လီနဲ့ တူသလို ကျောက်ကျောလိုလဲတုံတုံ ဖြစ်နေတယ်။ရေခဲသေတ္တာထဲ ခဏ ထည့် ထားရတဲ့ 

အတွက်ရေခဲမုန့် လို အရသာလဲ ပေါက်နေတယ်။အင်္ဂလိပ်တွေက အဲ့ ဒါကို Pudding လို့ ခေါ်တယ်။

စတော်ဘယ်ရီ တွေအခုတလော တော်တော်ကို ပေါနေတယ်။သူ့ ရာသီ ထင်တယ်။အခုတလော

နေမကောင်းဖြစ်နေတော့ ဟင်းလည်းချက်မစားနိုင်ဘူး  ။တရုတ်ဆိုင်ရယ်၊ကုလားဆိုင်ရယ်ကိုဘဲ တလှည့် စီ

အားပေးနေရတယ်။





စတော်ဘယ်ရီ ဂျယ်လီပူတင်းအတွက်လိုအပ်တာတွေက စတော်ဘယ်ရီဒိန်ချဉ် ၂၀၀ ဂရမ်။သကြား ၂ဇွန်း။

ဂျယ်လီမှုန့်  ၁ ထုတ် (ပုံထဲကဂျယ်လီ က၂ထုတ်တွဲ )၊စတော်ဘယ်ရီ အနည်းငယ်၊နွားနို့  ၁၂၀ မီလီလီတာ

ခရင်(မ်)ဘူး၁ ဘူး။ ၀မှာစိုးရင်မထည့်နဲ့   ။တခါထဲ အများကြီးစားမယ် လို့ စိတ်ကူးထားရင် ဒိန်ချဉ်တို့  နို့ တို့ 

ကိုအဆီထုတ်ထားတာ သုံး ။ဒီအတိုင်းဆို ကယ်လိုရီကတော်တော် များမဲ့ ပုံ ။


ခွက်ကတော့ ကြိုက်တဲ့ ခွက် သုံးလို့ ရပါတယ်။အပေါ်ကအချိုးအစားတွေနဲ့ ဆို ဒီဖန်ခွက်လေးနဲ့  ၃ ခွက်တိတိ

ထွက်တယ်။



စတော်ဘယ်ရီအလုံးလိုက်လေးစားချင်လို့  အရင်ထည့်ထားတာ။




အရင်ဆုံး ဂျယ်လီတထုတ်ကို ခွက်လေးထဲမှာ ရေ နွေးထည့်ပြီး လုံးဝပျော်သွားအောင် ဖျော်ပေးထားပါ။

ပြီးရင် ဒိန်ချဉ် ၊စတော်ဘယ်ရီ ၊နို့ ၊သကြား၊ဂျယ်လီရေ တွေကို ဖျော်စက်ထဲ ထည့် ပြီး ၂ မိနစ်ခန့် လှည့် ပေး

ပါ။ပြီးရင်ရေခဲသေတ္တောထဲမှာ ၁နာရီလောက်ဂျယ်လီ ဖြစ်သွားတဲ့ အထိ ထားထားပေးပြီးစားနိုင်ပါတယ်။

ကိုယ်ငါးချဉ်ကိုယ်ချဉ်တာမဟုတ်ဘူး တကယ်စားလို့ ကောင်းတယ်။မနက်တခွက် ညကြမှတခွက်စားမယ်

ဆိုပြီးထားတာ ဘရိတ်မအုပ်နိုင်ဘဲ တခါထဲ ၂ခွက်တောင်စားမိသွားတယ်။ခရင်(မ်)က

ဓါတ်ပုံရိုက်ရင်လှအောင် ဆိုပြီးထည့် တာ မပါလဲရတယ်။





6 comments:

mstint said...

ခရင်မ်မပါတာလေး အားပေးသွားတယ် ဘရဏီရေး)
ဘယ်အရာမဆို သူ့နည်းပညာနဲ့သူမို့ မှတ်သားသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ရှလွတ်... စားချင်လိုက်တာ.. ကိုယ့်ဟာကိုယ်ဆို လုပ်ရမှာပျင်းတယ် ဟီး

Anonymous said...

အဲ့လိုအချိုပွဲလေးတွေအရမ်းကြိုက်တယ်
သိပ်ပြီးတော့လဲမခက်ဘူးနော်..
လုပ်စားကြည့်အုံးမယ်
မရေ.. လင့်ယူသွားလိုက်ပြီနော်..

Mrs. Bagel said...

ဂျယ်လီထုပ် ဝယ်မယ်၊ စမ်းကြည့်မယ်၊ ပြီးရင် ပြန်ပြမယ်။ ဟိုတခေါက်က တပည့် morocon meatballs ဟင်းချက်တာကြည့်ပြီး ဆရာ စိတ်ညစ်သွားလောက်တယ်။ :D

ဘရဏီ said...

တီတင့်ရေ ခရင်မ် မပါတာလေးစားသွားနော်။
ကန်ဒီလေး ပျင်းရင် လုပ်ကျွေးမယ်ကွယ်။
camamile ရေ လင့်ယူသွားတာကျေးဇူးတင်ပါတယ်။
မမြတ်ကြည် ဆရာကစိတ်မညစ်ဘူး။တပည့်ကိုအားနာ

သွားတာ။ဟီးးး နောက်တခါကြရင်လေကြက်ဥထည့်
ုပြီးတာနဲ့ ဟင်းအိုးကိုပိတ်ပြီး ၁၀မိနစ်လောက် လောက်သွားမထိနဲ့တော့။

Mrs. Bagel said...

Ok next time, better dish <3 <3

Related Posts Plugin for WordPress, Blogger...