Pages

Monday, 4 June 2012

Diamond Jubilee Day (2)

နှစ်ပေါင်း ၃၅၀ မှာ မှ ပထမဦးဆုံး အကြိမ် ကျင်းပတဲ့  နန်းသက် ၆၀ ပြည့် နှစ် ဆိုတော့ လဲ ကြီး ကြီး ကျယ်

ကျယ်ကျင်းပကြပါတယ်။ စောစောတော့  သွားတာပါဘဲ ကိုယ့် ထက်ဝိရိယ ကောင်းတဲ့ သူတွေက မြစ်ကမ်းပေါ်

မှာ ညအိပ်ပြီးတော့ တောင် စောင့် တာဆိုတော့  အနားတောင်ကပ်လို့  မရခဲ့ ပါဘူး ။လူတွေကလဲ အရမ်း

အရမ်း ကိုလဲများပါတယ်။လှေ တထောင်ကျော် Thames မြစ်ထဲမှာ ဘုရင်မကြီးလှေကိုခြံ  ရံပြီးတော့  အလှ

ပြကြတယ်။ အိမ်ရောက်မှ တီဗီ မှာပြန်ကြည့် တာ ဘုရင်မကြီးကို သယ်လာ တဲ့  လှေ ကြီး က တော်တော်

တော့ လှပါတယ်။ဒါပေမယ့်  ရန်ကုန် ကန်တော်ကြီးက ကရ၀ိတ်က ပိုပြီးသားနား သလို ဘဲ။သွားပြီး မကြည့် 

ခဲ့ ရတော့ စိတ်နာနာ နဲ့ ပဲ တွေ့ တာတွေ ဓါတ်ပုံ ရိုက်ခဲ့ တယ်။

Sunday, 3 June 2012

Diamond Jubliee Day 1


ဘုရင် မကြီးရဲ့  Diamond Jubliee  အထမ်းအမှတ် နဲ့  ဒီမှာ Bank Holiday ဆိုပြီး ၄ ရက်ပိတ်တယ်။ပထမ

နေ့  အနေ နဲ့ က Derby မှာဘုရင် မကြီးမြင်းပွဲ သွားကြည့် တယ်။ဒုတိယနေ့  ကလှေပွဲ ။ သွားကြည့် ချင်တာ

ကလှေပွဲ  ဒါပေမယ် ဒီနေ့  မြို့ ထဲရောက်နေလို့  ဓါတ်ပုံလေးတွေ ရိုက်လာတာ။ပထမ ဦးဆုံး ပုံ က

မြို့ လယ်က Oxford Circus လမ်းမကြီးပေါ် မှာ ။



Friday, 1 June 2012

သရက်သီးရေခဲမုန့် (Mango Ice-cream)




နွေရာသီဘဲရောက်ပီဆိုတော့   သရက်သီး ရေခဲမုန့် လေးစားကြတာပေါ့ ။ အလုပ်တွေ များတွေလို့ 

ကိုယ် ဘလော့ ကိုယ် တောင်ပြန်မလည်နိုင်တာ တောင် ၁ပတ်ကျော်ပြီ( ပျင်းတာလဲပါတယ်။)။

ဒီတပတ်ရေခဲမုန့် စားကြတာပေါ့ ။

Sunday, 20 May 2012

ဗုံလုံသီးနှပ်


အိမ်းနားကဆိုင်မှာ ဗုံလုံသီးလေးတွေ့တုန်းလေး ၀ယ်ပြီးချက်စား ထားတာပါ။ဗုံ လုံ သီးဟင်းက ငယ်ငယ်

ထဲက အရမ်းကြိုက်တာ။

Sunday, 13 May 2012

British Fish And Chip


 Fish And Chip  လုပ်နည်းမပြောခင် သူ ရဲ့  ထင်ပေါ်ပုံလေး ကို အရင်ပြောပြမယ်။အင်္ဂလိပ် အစားအစာ

တွေထဲမှာ သူကတော်တော်ရေပန်းစားတယ်။သူ့ ကို Beat လုပ်နိုင်တဲ့ အစားအစာ တော်တော်ရှားတယ်။

Ireland, Australia, New Zealand, Canada and South Africa နိုင်ငံတွေမှာလည်း စားကြတယ်။ တကယ်တော့

ကျန်းမာရေးနဲ့  ညီညွတ်တဲ့  အစားအစာတော့ မဟုတ်ဘူး။ တချို့ တွေက  Fish And Chip ကို မရေမတွက်

နိုင်တဲ့ ကယ်လိုရီတွေ ပါဝင်တယ် လို့ တောင်တင်စားကြတယ်။

Tuesday, 8 May 2012

ပုဇွန်ပေါင်မုန့် ကပ်ကြော် (Sesame Prawn Toast)


ဒီ ပုဇွန်ပေါင်မုန့် ကပ်ကြော်က တရုတ် စားသောက်ဆိုင်တွေရဲ့  Starter Menu မှာတွေ့ရတတ်တဲ့ အစားအစာ

တမျိုးပါ။ပထမ ဆုံးစားဘူး ပြီးထဲက အရမ်းကြိုက် ခဲ့ တာ။ဒါပေမဲ့ ဈေးကြီးလို့  ခဏ ခဏ မစားဖြစ်ဘူး။

အပေါ် ကပန်းကန်ထဲကလောက်ဆို ၅ပေါင်လောက်ပေးရတယ် ။ လွန်ခဲ့ တဲ့ တပတ်လောက်ကမှ

Youtube ပေါ်ကနေ လုပ်နည်းတွေ့ တော့ ထင်သလောက်မခက်ဘူး ။

Monday, 30 April 2012

အာလူးမဆလာသုတ်




မအားလို့ ဘလော့ကို update မလုပ်နိုင်တာတောင်ကြာသွားပြီ။ဒီအာလူးသုတ်နည်းက ဘရဏီ အမေ

သုတ်ကျွေးနေကြ အာလူးသုတ်နည်း။ ပင်စိမ်း ရွက်၊ မဆာလာနံလေးသင်း နေပြီး ထမင်းအရမ်းစားလို့ 

ကောင်းတယ်။ သူ့ တမျိုးထည်းနဲ့  ထမင်းစားတောင်ထမင်းစားမြိန်တယ်။

Monday, 23 April 2012

ထိုင်းစတိုင်သရက်သီးသုတ်



အခုတလော အသုတ်တွေဘဲတင်ဖြစ်မယ်ထင်တယ် ။ နေမကောင်းတုန်းကစွပ်စား ထားတောတွေက

ဒုက္ခ တွေပေးနေတယ်။ မှတ်မိသေးတယ်တရုတ်ဘူးဖေးတွေရော ၊ကုလားစာတွေရော၊Fish and chip၊

kebeb rolls တွေရော အို ...စုံနေတာဘဲ  တကယ့်ကို အ၀စာတွေကြည့် ဘဲကို ဖုတ်ဝင်သလား အောက်မေ့

ရအောင် အားရပါးရစားတာ။ဒီတိုင်းဆိုရင်တော့မစားပါဘူး ကိုယ့်ကိုယ်ကို အော် နေမကောင်းလို့စား

တာဘဲ ဆိုပြီး အလိုလိုက်မိတာ။ ဒီနေ့ပေါင်ချိန်ကြည့် တော့ ၅ပေါင်တိုးနေတယ်။ဒါနဲ့ ဆို overweight က

ပေါင် ၂၀ဖြစ်သွားပြီ ။ Gym သွားရင်လဲ ပိုက်ဆံကုန် တာဘဲအဖက်တင်မှာ ပျင်းတာနဲ့ သွားဖြစ်မှာမဟုတ်

ဘူး ။ကိုယ်ဖာသာကိုယ်ဘဲ စီမံကိန်းဆွဲ ရတော့တာပေါ့ ။အအေးတလမသောက်ဘူး၊ရေ တနေ့ ၂ လီတာ

သောက်မယ်။ဝက်သားတလဖြတ်မယ်။ဘရဏီက အသီးအရွက်လုံးဝမစားဘူး ။မကြိုက်လို့  အခု

ကြိတ်မှိတ်ပြီးများများစားမယ်။မနက်တိုင်း ၁ နာရီလမ်းလျှောက်မယ်။အဆုတ်အအေးပြန်မပတ်အောင်

အေးအေး၊မအေးအေး အနွေးထည် ၀တ်သွားမယ်။အိပ်ချိန်လျှော့ မယ်။ခါတိုင်းတနေ့  ၁၀နာရီအိပ်တယ် ။

ဝတာမကောင်းဘူး ကိုယ့်ကို ကိုယ်ယုံကြည်မှု အင်မတန်လျှော့ နည်းတယ်။
Related Posts Plugin for WordPress, Blogger...