ကျယ်ကျင်းပကြပါတယ်။ စောစောတော့  သွားတာပါဘဲ ကိုယ့် ထက်ဝိရိယ ကောင်းတဲ့ သူတွေက မြစ်ကမ်းပေါ်
မှာ ညအိပ်ပြီးတော့ တောင် စောင့် တာဆိုတော့  အနားတောင်ကပ်လို့  မရခဲ့ ပါဘူး ။လူတွေကလဲ အရမ်း
အရမ်း ကိုလဲများပါတယ်။လှေ တထောင်ကျော် Thames မြစ်ထဲမှာ ဘုရင်မကြီးလှေကိုခြံ ရံပြီးတော့  အလှ
ပြကြတယ်။ အိမ်ရောက်မှ တီဗီ မှာပြန်ကြည့် တာ ဘုရင်မကြီးကို သယ်လာ တဲ့  လှေ ကြီး က တော်တော်
တော့ လှပါတယ်။ဒါပေမယ့်  ရန်ကုန် ကန်တော်ကြီးက ကရ၀ိတ်က ပိုပြီးသားနား သလို ဘဲ။သွားပြီး မကြည့် 
ခဲ့ ရတော့ စိတ်နာနာ နဲ့ ပဲ တွေ့ တာတွေ ဓါတ်ပုံ ရိုက်ခဲ့ တယ်။
ဓါတ်ပုံ ရိုက်လို့  မကောင်းဘူး တနေ့ ကုန် မိုးရွာနေတာ ။ လေလဲတိုက်တယ်။ချမ်းလဲ ချမ်းတယ်။ တချို့ 
အင်္ဂလိပ်တွေ ကြောင်ပုံများ ဘုရင်မကြီးထွက်လာရင် မိုးတိတ်သွားမှာဆိုပြီးပြောနေတယ်။ ဘုရင်မကြီး
ကို တန်ခိုး ရှင်ကြီးများ မှတ်နေလားမသိဘူး။
ခွေးတွေ လဲ ဆင်နွဲကြတယ် ဟီးး)
ချက်ဆီး ရက်ကွက် က Jubliee Lunch
Piccadilly circus က လမ်းလေးဈေးဆိုင် လေးတွေ။
ရဲတွေကလည်း များမှ များဘဲ ။ဒီပွဲ အတွက် တာဝန်ကျရဲတွေက ၅၅၀၀ နဲ့ လုံခြံရေး ၇၀၀၀ ကျော်ရှိတယ်။
တံတားပေါ် မှာလူတွေ အများကြီးဘဲ ။
နေရာတော်တော်များများ မှာ ဘီဘီစီ က တိုက်ရိုက်ကြည့် လို့ ရအောင်တီ ဗီကြီး တွေစီစဉ်ပေးထားတယ်။
တီဗီ ကလဲမကြည့် ချင် မြစ်ကမ်းနားလဲ ကပ်လို့ မရတဲ့ သူတွေက ဒီလိုအားပေးကြတယ်။
တချို့ များကတော့  ကားမှတ်တိုင်ပေါ်တတ်ခါ။
မြစ်ကမ်းနဖူး မှာ အိမ် ၀ယ်နိုင်တဲ့ သူတွေနဲ့ သူတို့ ရဲ့ အမျိုးတွေကတော့ကံကောင်းတာပေါ့ ။
လူတိုးစရာမလိုဘူး ၀ရန်တာလေးက အေးအေးဆေးဆေးကြည့် လို့ ရတယ်။
သူတို့ တွေ ထိုင်နေတာ အိမ်သာတွေ ပေါ်မှာ ပါ။ အမိုးပေါ် ကနေ့ အိမ်သာအောက် ငုံ ကြည့် ရင် အိမ်သာ
တတ်နေတဲ့ သူကို ရေးရေး လေး မြင်နေရတယ်။သူတို့ ရောမြစ်ထဲကို လှမ်းမြင် ရလားမသိဘူး။
တချို့ လူတွေ ကလဲ ဥာဏ်ပြေးတယ် လူအုပ်ေ့ ရှ ကို မတိုး နိုင်မုန်း သိလို့  အိမ်ထဲ က လှေကားယူ လာကြတယ်။တော်သေးပြီ။
စိတ်ဝင်စားရင် ဗီဒီယို အတိုလေးကြည့် လို့ ရတယ်။
4 comments:
Thanks for sharing. It is interesting to see how people act at this time.:)
Iora
ဓာတ်ပုံလေးတွေကြည့်သွားတယ်
လန်ဒန်ကိုတခါလောက်ရောက်ဖူးချင်လိုက်တာ
မျှော်စင်တံတားကိုအရမ်းသဘောကျတယ်
hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog
Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog
Post a Comment