Pages

Saturday 14 April 2012

စတော်ဘယ်ရီ cheesecake



စတော်ဘယ်ရီ cheesecake  က အချိုပွဲ အနေ နဲ့ စားသုံးရတာပါ။အရသာကောင်းမွန်ပြီး အချိန်ကုန်လဲ

သက်သာပါတယ်။အိမ်ကိုဧည့် သည် တွေလာလို့ လုပ်ကျွေးရင် လည်းအင်မတန် မျက်နှာပန်းလှပါတယ်။




သုံးမယ့်ပစ္စည်းတွေက စတော်ဘယ်ရီ ၊ဘီစကစ် ၊ lemoncurd ၊Greek Style Yogurt ၊Vanilla တို့ 

လိုအပ်ပါတယ်။Greek Style Yogurt က သာမာန် ဒိန်ချဉ်ထက်ပိုပြီးတော့  creamy ဖြစ်ပါတယ်။သာမာန်

ဒိန်ချဉ်နဲ့ လုပ်ပုံလုပ်နည်း ကွာခြားပြီးတော့ ဒိန်ချဉ်ဖြစ်သွားမှ အ၀တ်နဲ့  ပြန်စစ်ယူထားပါတယ်။အဲ့ လို

ပြန်စစ်ယူထားတဲ့ အတွက် အရမ်းကိုcreamy ဖြစ်ပြီးတော့တချို့ Greek Style Yogurt တွေဆို cheese

 တုံးလေးတွေလိုတောင်ဖြစ်နေပါတယ်။ Greek Style Yogurt ရဲ့ ကောင်းကျိုး တွေက သာမာန်ဒိန်ချဉ်တွေ

ထက်ပိုပြီး ပရိုတိန်း နှစ်ဆ ပါဝင်ပြီး Sodium၊ Suger  ပါဝင်မှုလည်းနည်းပါတယ်။သူ့ ရဲ့ ဆိုးကျိုးကတော့

အန္တရယ်ရှိတဲ့ saturated fat ပါဝင်မှုကိုတွေ့ ရှိရပါတယ်။ တချို့ နိုင်ငံ တွေမှာ Greek Style Yogurt ကို သိုးနို့

ကပြုလုပ်ပြီး တချို့ နိုင်ငံတွေမှာတော့  နွားနို့ ကဘဲ ပြုလုပ်ပါတယ်။

Greek Style Yogurt ထဲကို lemoncurd တဇွန်း ၊Vanilla အနည်းငယ် ထဲ့ ပြီးမွှေ ပေးပါ။ lemoncurd

 ကိုSupermarket များက ယိုထားတဲ့ အတန်းမှာတွေ့ နိုင်ပါတယ်။ဈေးလည်းမကြီးပါဘူး။

                                 ပြီးရင် ဘီစကစ်တွေကို အိတ်တလုံးထဲထည့် ပြီးချေပေးပါ။


  ဘီစကစ်ကကိုယ်ကြိုက်နှစ်သက်တဲ့  ဘီစကစ် သုံးနိုင်ပါတယ်။ချောကလက်ဘီစကစ်ကြိုက်ရင်ချော

ကလက် ဘီစကစ် သုံးပေါ့ ။ 



ချေထားတဲ့ ဘီစကစ်တွေကို မိမိ စားသုံးမဲ့ ခွက်ထဲကို အောက်ခံအနေနဲ့ အရင်ထည့် ပေးပါ။


  ပြီးရင်ဒိန်ချဉ်ကို ထည့် ပေးပါ။ဘရဏီဒိန်ချဉ်ထဲကို သကြားမထည့် ဘူး။ အချိုကြိုက်တယ်ဆိုရင် ဒိန်ချဉ်နဲ့ 

lemoncurd  ရောထဲကသကြား ၁ဇွန်းလောက်ထည့် ပေးပါ။သကြားမပါ ဘဲစားလည်း မချဉ်ဘူးဆိမ့်ဆိမ့်လေး။



ပြီး ရင် စတော်ဘယ်ရီလေးတွေကို လှီးပြီးအပေါ်ကဖြူးပေးပါ။ဘရဏီက သကြားမထည့် ထားတဲ့ အတွက်

အပေါ်က Icing suger လေးနည်းနည်းဖြူးစားတယ်။ပြီးရင်ရေခဲသေတ္တာထဲကို ၁၀မိနစ်လောက်ထည့်ထား

ပေးပြီးစားနိုင်ပါတယ်။ စတော်ဘယ်ရီကချဉ် တဲ့ အရသာရယ် ၊ဒိန်ချဉ် ကဆိမ့်တဲ့အရသာရယ် ၊ဘီစကစ်

အရသာရယ်ပေါင်းပြီး အရမ်းစားလို့ ကောင်းပါတယ်။




                                      အောက်ခြေကနေမြင်ရတဲ့ အနေအထားပါ။


                                              မုန့် လုံးရေပေါ်လေးလည်းစားသွားကြပါအုံး။


6 comments:

Evy said...

စားချင်စရာ ဘရဏီရေ. ပုံလေးတွေလည်း သဘောကျတယ်

ဘရဏီ said...

ကျေးဇူးနော် မEvy

မိုးသက် said...

စားချင်လိုက်တာ.. အောက်က မုန့်လုံးရေပေါ်လေးတွေရော..။

ဘရဏီ said...

ပါဆယ်ဆွဲသွား :)

Snow May said...

စားချင်စရာလေးတွေ.. စတော်ဘယ်ရီအရမ်းကြိုက်တယ်.. :)

ဘရဏီ said...

ကျေးဇူးစနိုး အ၀စားသွား

Related Posts Plugin for WordPress, Blogger...