Pages

Saturday 31 March 2012

ချောကလက် ရေခဲမုန့် 


 ဒီလအတွင်းရာသီဥတု ကနည်းနည်း ပူလာပြီ။ ဦးထုတ် တွေ လက်အိတ်တွေ မာဖလာတွေ တော့ ချွတ်လို့

ရသွားပြီ။အနွေးထည် တော့ ချွတ်လို့ မရသေး မနက်စောစော နဲ့  ည နေ၀င်သွားရင်ပြန်အေးချင်သေးတယ်။

Summer အတွက်ကြိုပြီးတော့  ရေခဲမုန့် လုပ်နည်း လေးပြောပြထားမယ်။ပုံမုန် အားဖြင့် တော့

ရေခဲမုန့် ကို ရေခဲမုန့်  လုပ်တဲ့ စက်နဲ့ လုပ်ရတာပေါ့ ။ ဒါပေမယ့်  ရေခဲမုန့်  လုပ်တဲ့ စက်မရှိလဲ လုပ်လို့ 

ဖြစ်ပါတယ်။အရသာကတော့ စက်နဲ့ လုပ်သလို တော့ အရမ်းအရမ်း နူးညံမနေဘူး ပေါ့ ။တော်တော်ကြီး

နီးစပ်တယ်လို့ တော့ ပြောလို့ ရတယ်။



လိုအပ်တဲ့ ပစ္စည်းတွေက Double Cream တဗူး၊ကြက်ဥ ၂ လုံး ၊ Chocolate chips တထုတ် ( ချောကလက်

ပြားကိုခြေထည့် လည်းရတယ်) ၊သကြားတို့  ပါ။



ပထမဦးဆုံး ကြက်ဥနှစ်လုံးကို ခွဲလိုက်ပြီးရင် အလယ်က အ၀ါနှစ်လေးကိုဘဲ ယူပြီး ခွက်တလုံးထဲ တွင်

ခလောက်ထားပေးပါ။(ဘေးအကာ အဖြူအနှစ်များမယူပါ။)



                သကြားထမင်းစားဇွန်း ၄ ဇွန်း လိုပါတယ်။



Double Cream ကိုအိုးအသန့် တလုံးထဲမှာ မီးအားငွေ့ ငွေ့ လေးနဲ ထည့် ကြိုပေးပါ။လုံးဝပွက်ပွက်မဆူပါ

စေနဲ့ ။သကြားထည့် ပေးပါ။၅မိနစ်လောက်ကြာရင် အိုးဘေးမှာ ပူစီပေါင်းလေး တွေတတ်လာပြီး

ဆူချင်သလို လို ဖြစ်လာပါလိမ့် မယ်။ဒါဆိုရင်ရပါပြီ။  



အိုးကိုမီးဖိုပေါ် ကနေချ ပြီးတော့ ချောကလက်တွေကို ထည့် မွှေ ပေးပါ။ ၂မိနစ်သုံးမိနစ်ခန့်  အဆက်မပြတ်

ချောကလက်တွေလုံး ၀ အရေပျော်သွားသည် အထိ မွှေပေးပါ။


ပြီးရင် ခုနက ကြက်ဥ ပန်းကန်ထဲကို ဖြေးဖြေး ခြင်းလောင်းထည့် ပြီ လက်တဘက်က လည်းအဆက်မပြတ်

မွှေ ပေးနေပါ။






ပြီးရင် တခု ခုနဲ့ အုပ်ပြီး ဖရီဇာ ထဲမှာ မှာ ၄နာရီထည့် ခဲပေးပါ။ အားရင် နာရီဝက်တခါ မအားရင်

၁နာရီ တခါထုတ် ထုတ်ပြီးမွှေ ပေးပါ။၎ နာရီကြာလို့ ခဲသွားရင် နာရီဝက်လောက် အပြင်ထုတ်ထားပေး

ပါ။အရေမပျော်တပျော် အနေအထားမှာ ရေ ၃၀၀ ml လောက်ထည့် ပြီးမွှေပေးပါ။ ပြီးရင် ဖရီဇာထဲ ထည့် ပြီး

နောက်ထပ်  ၄နာရီ ထပ်ပြီး ခဲပေးပါ။



၎နာရီအကြာ ။ မစားခင်အပြင်မှာ ၁၅မိနစ် လောက် ထုတ်ထားပေးပါ ခပ်ရလွယ်ကူအောင် ။တကယ်တော့

ထည့်ခဲထဲက ဘူးထဲထည့် ခဲတာပိုကောင်းလိမ့် မယ် ကိုစား ချင်တဲ့ အချိန် ထုတ်စားပြီးရင်ဘူးအဖုံးလေး

ပိတ်ပြီး ပြန်သိမ်းထားလိုက်ရုံဘဲ။

                                                          ကဲ ချောကလက်ရေခဲမုန့် စားလို့ ရပါပြီ။


 ပထမအကြိမ် စမ်းလုပ်တုန်း က ရေခဲမုန့် ဖြစ်တယ် ။အေး ဟုတ်ပြီ ဆို ပြီးဒုတိယ အကြိမ် ဒုတိယနည်းနဲ့ 

စမ်းတာ ရေခဲချောင်း ဖြစ်သွား။ တတိယအ ကြိမ် Milk Shake ဖြစ်သွား ။စတုတ္ထ အကြိမ် ပထမနည်း နဲ့ 

ပြန်စမ်းတော့ မှဘဲ ရေခဲမုန့် ပြန်ဖြစ်သွားတော့ တယ် ။

Coming up

Moroccan  meatballs(Maybe)

9 comments:

Mrs. Bagel said...

အစ်မလဲ တစ်ခေါက်လုပ်ဖူးတယ်။ ဖြစ်တယ် သိလား? နောက်တစ်ခေါက်ဆိုရင်တော့ ဘာဖြစ်မယ်မသိဘူး။ :D

Evy said...

အစ်မကရေခဲမုန့်ကို စက်နဲ့လုပ်မှဖြစ်တယ် ထင်နေတာ။ မဆိုးဘူးနော်။ အစ်မကိုယ်တိုင်တော့ ရေခဲမုန့်မကြိုက်ဘူး။ အမေတို့ကတော့ အရမ်းကြိုက်လို့ သူတို့လာရင်လုပ်ပေးရမယ်

ဘရဏီ said...

@ ဟုတ်တယ် နော်မမြတ်ကြည် တကယ်ဖြစ်တာ
စလုပ်တုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်တာ
တကယ်ဖြစ်သွားတော့  ၀မ်းသာတယ်။
@ma evy လုပ်ကျွေးကြည့် အမ စက်နဲ့ လုပ်တာ
လောက်တော့ မနူးညံ့ပေမယ့် ကောင်းတယ်။

စံပယ်ချို said...

ကိုယ်ကမလုပ်တတ်တော့သူများလုပ်တာတွေ အားမနာတမ်း
အ၀တီးခဲ့ပါတယ်

မိုးသက် said...

ချားချင်တယ်..။

ချောကလက်ကျူးပစ်လေး said...

ရေခဲမုန့်စားချင်တယ်ကျွေးပါဗျို့
သားရေယိုနေပြီဒီမှာ..ရှလွှတ်...

ဘရဏီ said...

စားကြ စားကြ ကလေးတို့ ရေ။

Iora said...

ဘရဏီလုပ်ပြတာနဲ့ လုပ်ကြည့်ချင်လာပြီ။
စက်မရှိတော့တအားမွှေရမှာလားလို့ တီတီပျင်းကကြောက်နေတာ။း)
တစ်ခါလောက်တော့စမ်းအုန်းမှဘဲ။

ဘရဏီ said...

အရမ်းမမွှေ ရပါဘူးတီ တီလေးရဲ့  သာသာလေးဆိုရပြီ။
ဒါပေမယ့်  နာရီဝက်တခါ ဟီး ။

Related Posts Plugin for WordPress, Blogger...