
့ ဒီတခါတော့  ဘလော့  ပေါ်ကမမနဲ့ ညီမလေးတွေအတွက်ကိုယ်မီးဖိုချောင်ထဲကပစ္စည်း လေးတွေကိုအသုံးပြုပြီး
ပေါင်းတင်လို့ ရတဲ့ မျက်နှာပေါင်းတင်နည်းလေးတွေကို ဝေငှ လိုက်ပါတယ်။ အလှပြင်ဆိုင် ကြီးတွေသွား ၊
ဈေးကြီးပေးပြီးပေါင်းတင်မှ မဟုတ်ပါဘူး ။ကိုယ့် အိမ်မှာရှိတဲ့  သဘာဝပစ္စည်း လေးတွေကို သုံးပြီး အချိန်မကုန်
ငွေမကုန်ဘဲ မျက်နှာပေါင်းတင်နိုင်ပါတယ်။ မျက်နှာပေါင်းမတင်မှီ မျက်နှာနဲ့  လည်ပင်းတ၀ိုက်ကို မိမိ သုံးနေကြ
မျက်နှာသန့် စင်ဆေးအသုံးပြုပြီး ရေနွေးနွေး လေးဖြင့်  စင်ကြယ် အောင် သန့် စင်ပေးပါ။
(၁)အဆီပြန်သောအသားအရည်ပိုင်ရှင်များအတွက်
ငှက်ပျောသီးဖြင့်ပေါင်းတင်နည်း
လိုအပ်သောပစ္စည်းများ
ငှက်ပျောသီး( သီးမွှေး )ပျော်ပျော် ၁ လုံး ၊ ပျားရည် လက်ဘက်ရည်ဇွန်း ၂ ဇွန်း ၊သံပုရာသီး (သို့ )လိမ္မော်သီး၁လုံး
မိမိကြိုက်နှစ်သက်ရာ ခြောက်သွေ့ သောခွက်တလုံးထဲတွင် ဌက်ပျောသီးနှင့် ပျားရည်ကိုထည့် ၍ မွှေပါ။
ပြီးလျှင် ငှက်ပျောသီး နှင့် ပျားရည် အရောထည့်  ထားသောခွက်ထဲသို့  သံပုရာသီး (သို့ )လိမ္မော်သီး
၁၀ စက် မှ ၁၅စက်အတွင်းညှစ်ထည့် ပါ။ထို့ နောက်မျက်နှာပေါ်တွင်စတင်၍ သုတ်လိမ်းနိုင်ပါသည်။
၁၅မိနစ်ခန့် ကြာ ပါကမျက်နှာကို ရေနွေးနွေးလေးဖြင့် သစ်ပြီးဖယ်ရှားနိုင်ပါသည်။
(၂)ခြောက်သွေ့ သောအသားအရည်ပိုင်ရှင်များအတွက်
ထောပတ်သီးဖြင့် ပေါင်းတင်နည်း
ထောပတ်သီးသည် အစိုဓာတ်ကြွယ်ဝသည့် အတွက် ခြောက်သွေ့  သော အသားအရည်ပိုင်ရှင်များ
အတွက်အင်မတန်သင့်တော်သောအသီးဖြစ်သည်။
လိုအပ်သောပစ္စည်းများ
ထောပတ်သီးခပ်မှည့် မှည့် တလုံး(organic ဖြစ်ပါကပိုကောင်းသည်) ၊ပျားရည် ၄ ဇွန်း ၊
ခြောက်သွေ့  သောခွက်တလုံးထဲတွင် ထောပတ်သီးတခြမ်းကိုကြေမွနေအောင်ခြေပေးပါ ။Blender ထဲတွင်
ထည့်  ခြေပြီး မှအသုံးပြုပါကပို၍ ကောင်းသည်။ ထို့ နောက်ပျားရည်ထည့် ပြီး မွှေပါ။ ထောပတ်သီးနှင့် 
ပျားရည်အဆင်သင့်ဖြစ်ပါက မျက်နှာပေါ်တွင်စတင်ပြီးသုတ်လိမ်းပေးပြီး ၁၀ -၁၅ မိနစ် အတွင်းထား
ရှိပါ ။ထို့ နောက်မျက်နှာကိုရေနွေး နွေးလေး အသုံးပြုပြီးဖယ်ရှားနိုင်ပါသည်။
(၃) ပုံမှန်အသားအရည်ပိုင်ရှင်များအတွက်
ကြက်ဥအသုံးပြု ပြီးပေါင်းတင်နည်း
လိုအပ်သောပစ္စည်းများ
ကြက် ဥ၂ လုံး ၊ ဒိန်ချဉ် အဖြုထည် လက်ဘက်ရည်ဇွန်း ၂ ဇွန်း
ကြက်ဥ ၂ လုံးကို အလယ်မှအနှစ် အ၀ါ ဖန်ခွက်၁လုံးထဲတွင် ထည့် ပါ။ထို့ နောက် ဒိန်ချဉ်
အဖြုထည် ပြီးမွှေပေးပါ။ ဒိန်ချဉ် နှင့် ကြက်ဥ သမ သွားပါက မျက်နှာပေါ်တွင်စတင်၍ သုတ်
လိမ်းနိုင် ပါသည်။ ၁၀ -၁၅ မိနစ် အတွင်းထား
ရှိပါ ။ထို့ နောက်မျက်နှာကိုရေနွေး နွေးလေး အသုံးပြုပြီးဖယ်ရှားနိုင်ပါသည်
ကြက်ဥ အသုံးမပြုလိုပါကကြက်ဥအစား စတော်ဘယ်ရီ အသုံးပြုနိုင် ပါသည်။
လှချင်သောဘလော့ ဂါ ကိုကိုများအတွက်လည်း ဘီယာနဲ့ ပေါင်းတင်နည်း လေးပြောလိုက်အုံးမယ်
(၄)ဘီယာဖြင့် ပေါင်းတင်နည်း
မိမိကြိုက်နှစ်သက်ရာဘီယာ လက်ဘက်ရည်ဇွန်း ၁ဇွန်း၊
ဒိန်ချဉ် ၃၀ ဂရမ် ၊သံလွင်ဆီ လက်ဘက်ရည်ဇွန်း ၁ဇွန်း၊သံပုယိုသီး ၅စက်မှ ၁၀ စက်အတွင်း၊
မက်မွန်ဆီ (almond)လက်ဘက်ရည်ဇွန်း ၁ဇွန်း၊ ကို blender ထဲတွင် မိနှစ် ၃၀ ခန့်  မွှေ
ပေးပါ။ပြီးလျှင် မျက်နှာပေါ်တွင် သုတ်လိမ်းပြီး မိနှစ် ၂၀ ခန့်  ထားပါ။ထို့ နောက် ရေနွေးဖြင့် 
မျက်နှာသစ်ပြီးဖယ်ရှားပေးနိုင်ပါသည်။
5 comments:
ပေါင်းတင်နည်းလေးတွေက လွယ်ကူသားပဲ လုပ်ကြည့်ဦးမယ်.... အဲလို အသားအရေထိန်းသိမ်းတာမျိုး ၀ါသနာပါတယ်...ကျေးဇူးနော်...။
ခင်တဲ့
မိုးငွေ့
အင်း..
အတောင်နှစ်ဆယ်ဝတ်အတွက်မဟုတ်တော့ 
လည်း နာမည်ဆန်းလို့  လိုက်လာပြီးမှ
ဘာရေးရမှန်းမသိလို့  ယောင်တောင်တောင်
နဲ့ လှည့် ပြန်သွားပါတယ်။
နောက်နောင်လှည့် ပြန်လာပါဦးမည်။
အမယ်... ကျွန်တော်က ချောပြီးသား..
ဟီးဟီး....... ( ရယ်သံ )
ဟီး ဘာပြန်ရေးရမှန်း တောင်မသိဘူး နာမည်ဆန်းတယ်ပြောလို့ ကျေးဇူးတင်ပါတယ် ပြီးတော့ 
ချောတယ်ဆိုတာလဲမှတ်ထားပါမယ် ။
ကောင်းလိုက်တာ။ ထောပတ်သီးနှင့် လုပ်တာလေးက လွယ်သားပဲနော်။ အမှည့်ရှာရတာတော့ ခက်မယ်ထင်တယ်။ :)
သင်္ကြန်ပိတ်ရက်မှာ လုပ်ကြည့်မယ် .. ကူးသွားတယ်နော် :)
Post a Comment