Pages
Wednesday 28 December 2011
အိမ်သာထဲကစားသောက်ဆိုင်
တိုင်ပေမြို့ မှာရှိတဲ့ စားသောက်ဆိုင်လေးပါ။ဆိုင်နံမယ်ကModern Toilet Restaurant လို့ပေးထားပါတယ်။
ဆိုင်တခုလုံးကိုအိမ်သာတလုံးထဲရောက်သွားသလိုမျိုးခံစားရအောင်မွမ်းမံပြင်ဆင်ထားပါတယ်။၂၀၀၄ခုနှစ်
မေလမှာစတင်ဖွင့်လှစ်ခဲ့ ပါတယ်။စတင်ဖွင်တုန်းကရေခဲမုန့်တမျိုးထဲကိုသာရောင်းချခဲ့တာပါ။ရေခဲမုန့်လေး
တွေကိုဘိုထိုင်အိမ်သာပုံဒီဇိုင်းရှိတဲ့ခွက်ကလေးတွေထဲမှာထည့်ရောင်းရာကနေလူအများရဲ့ စိတ်ဝင်စားမှုကို
ရယူခဲ့ပါတယ်။ထိုအချိန်ကဆိုင်ရဲ့ နံမယ်က Marton Restaurant ပါ။၂၀၀၆ခုနှစ်ကြမှModern Toilet Restaurant
လို့ ပြောင်းလဲခဲ့တာပါ။ယခုဆိုရင် တိုင်ပေမြို့ တွင်ဆိုင်ခွဲပေါင်း ၁၂ဆိုင်ဖွင့် ပြီးသည်ထိအောင်မြင်နေပါပြီ။
                 အိမ်သာခွက်ထဲကနေစားခပ်စားပြီးတော့၊ဘေးကဆေးရုံကရှူးရှူးပေါက်တဲ့ဗူးထဲကရေသောက်
                  ရမှာလားမသိဘူးနော်။ဘေးမှာလည်းအိမ်သာထဲမှာသုံးတဲ့တစ်ရှူးလေးတွေ့တယ်။
                                                            ဟော့ပေါ့နဲ့တူတယ်နော်
ရေခဲမုန့်
အိမ်သာပေါ်မှာထိုင်စားမယ်။
စားချင်ပါဘူးဒါမျိုးကြီး။
ဘာနဲ့တူပါလိမ့်။
ဒီpostဖတ်ပြီးစိတ်ညစ်သွားရင်တောင်းပန်ပါတယ်နော်။ဖျက်ပေးစေချင်ရင်လဲပြောပါပြန်ဖျက်ပးပါတယ်။
သက်သတ်လွတ်ဟင်းလျှာ
အခုတလောချက်စားဖြစ်ခဲ့တဲ့သက်သတ်လွတ်ဟင်းလေးတွေပါ။သက်သတ်လွတ်စားတဲ့သူတော့မဟုတ်ပါဘူး။
ကြိုက်လည်းသိပ်တော့မကြိုက်ဘူး။ဒါပေမယ့်တခါတလေကြရင်အသီး အရွက်ဟင်းလေးတွေကထမင်းမိန်တယ်။ကျန်းမာရေးအတွက်လည်းကောင်းတယ်။
ရန်ကုန်မှာတုန်းကတော့ဟင်းသီးဟင်းရွက်တော်တော်စားဖြစ်တယ်။အမေချက်ကျွေးလို့ လေ။ အဓိက ကတော့အမေကတနင်္ဂနွေ နေ့ တိုင်းသတ်သတ်လွတ်စားတယ်။သူအားတယ်ဆိုရင် သတ်သတ်လွတ်ကို တော်တော်ဖွယ်ဖွယ်ရာရာချက်တာ။အကြိုက်ဆုံးသတ်သတ် လွတ်ထမင်းနဲ့ ဟင်းကတော့ သာမညတောင်ပေါ်မှာကျွေးတဲ့ သတ်သတ်လွတ်ထမင်းနဲ့ ဟင်းဘဲ ။စားဘူးတဲ့သူတွေသိပါတယ် အရမ်းစားလို့ ကောင်းတာ။ဝဥ သုတ်ကတော့ အကြိုက်ဆုံးပေါ့။ဝဥ ကိုအိမ်မှာဝယ်ပြီးကြိုက်သလိုသုတ် အဲ့ဒီတောင်ပေါ်ကဝဥသုတ်လိုမျိုးစားမကောင်းစေရဘူးအာမခံတယ်။
 EastLondonကWhitechapelဘူတာ ရှေ့မှာဈေးတုန်းလေးရှိတယ်။အဲဒီ့ဈေးမှာမှာ
ဟင်းသီးဟင်းရွက်တွေတော်တော်ပေါပြီး
ဈေးလဲတော်တော်ချိုတယ်။ရောင်းတဲ့သူတွေကလဲ" ပ" တွေ "ဘ" တွေများတယ်။ဝယ်တဲ့သူ တွေကလဲသူတို့ တွေပါဘဲ။လူတယောက်မျက်စိမှိတ်ခေါ်သွားပြီး အဲဒီ့နေရာ ချထားလိုက်ရင် ကုလားပြည်ရောက်သွားသလားလိုတောင်ထင်ရမယ်။ဒါပေမယ့်  ကန်စွန်းရွက်၊ပဲသီး၊ဘုံလုံသီး၊သရက်ကင်း၊ဘူးသီး၊ဂေါ်ရခါးသီး လိုမျိုးကိုယ့် တို့ ဗမာတွေနေ့ စဉ်စားနေကြဟင်းလျှာတွေဝယ်လို့ ရတယ်။တခါတလေ ဒန့် သလွန်သီး၊ ရှောက်သီးတောင်တွေ့ ရသေးတယ်။တနေ့ ကအဲ့ဒီးဈေးမှာဟိုငေးဒီငေးနဲ
့လျှောက်ကြည့် နေတုန်းကုလားကြီးတယောက်က ကန်စွန်းရွက်ကြီးနှစ်စီးကိုင်ပြီးဗြုန်းကနဲ ထွက်လာပြီး ရှေ့မှာပိတ်ရက်လိုက်တယ်။ဘာလဲဟဆိုပြီးလန့် သွားတာဘဲ။ပြီးမှသူက 1ပေါင်1ပေါင်ဆိုပြီး လက်ထဲလာထိုးထည့် တယ်။ပထမတော့မယူဘူးလို့ ငြင်းပါသေးတော့။သူကလဲ 1ပေါင်ကလွဲရင်ဘာမှမပြောဘဲလက်ထဲဘဲ အတင်းလာထည့် နေတော့အားနာတာနဲ့ ယူလိုက်ရ ရော။တလက်စထဲ သူဆိုင်လေးထဲဝင်ကြည့် လိုက်တော့ပဲသီးတွေ့ တာ ရုတ်တရက်ပဲသီးသနက်လုပ်စားချင်သွားတယ်။အဲဒီလိုနဲ့ ကန်စွန်းရွက်တစီးကအစပြုပြီးဝယ်လိုက်တာ
ကြက်သွန်ဖြူ၊သံပုရာသီး၊လိမ္မော်သီး၊သင်္ဘောသီး တွေပါဝယ်ဖြစ်သွား တယ်။ပဲသီးသနက်လုပ်နည်းမပြောခင်ပဲသီးဝယ်ဖြစ်သွားပုံပြောတာနည်းနည်းတောင်ရှည်သွားတယ်။
ပဲသီးမလှီးမီပုံ
ပဲသီးကိုရေနွေးဆူဆူထဲတွင်၁၀မိနှစ်ခန့် ပြုတ်ပေးပါ။
ပြုတ်ပြီးပါကအထက်ပါပုံအတိုင်းအရောင်ပြောင်းသွားပါလိမ့်မည်။
နှူးသွားသောပဲသီးများကိုအတုံးသေးသေးလေးတွေတုံးပြီးတော့ဆီချက်၊ဆား၊အချိုမှုန့် တို့နဲ့နယ်လိုက်ပါ။
အရသာနှင့်ပြည့်စုံသောသတ်သတ်လွတ်ပဲသီးသနပ်ရပါပြီရှင်။
ဒါကဘုရားဆွမ်းတော်တင်ဖို့ပြင်ထားတာပါ။
ဒါကတော့ပဲငပိပါ။တရုတ်တန်းရောက်တုန်းက၀ယ်ထားတာပါတထုတ်ကို၆၉ပြားဘဲပေးရတယ်။
ဘရဏီကတော့ပဲငပိတထုတ်ကိုခရမ်းချဉ်သီးသုံးလုံး၊ကြက်သွန်နီ အလတ်စား၁ဥထည့်တယ်။
ပထမဆုံးကြက်သွန်နီကိုအရင်ဆီသက်ပြီး၊နီလာရင်တော့ပဲငပိကိုဖောက်ထည့် လိုက်ပါ။ခရမ်းချဉ်သီးသုံးလုံးကိုလည်းတခါထည်းထည့်လိုက်ပါ။ပြီးရင်ဆား၊အချိုမှုန့် ထည့်ပါ။
ပဲတွေနူးသွားအောင်ရေလေးနည်းနည်းထည့်ပေးပြီး၁၅မိနစ်ခန့် ချက်ထားပေးပါ။ပဲတွေနူးသွားပါကငရုတ်သီးစိမ်းသုံးလေးတောင့်လောက်ပစ်ထည့်ပြီးမီးပိတ်ပေးပါ။
ငရုတ်သီးစိမ်းနံလေးသင်းနေတဲ့ပဲငပိဟင်းကိုသုံးဆောင်နိုင်ပါပြီရှင်။
ဘယ်ဘက်ကပဲငပိ၊ညာဘက်ကပဲငပိထည့်ပြီးသုတ်ထားတဲ့ ထမင်းသုတ်ပါ။
Tuesday 20 December 2011
Merry X-mas and Happy birthday
ဒီဇင်ဘာလရောက်တော့စိတ်တွေကမငြိမ်တော့ဘူးကွယ်။X-mas ရောက်ခါနီးလို့ပေါ့။မေမေကဘရဏီကို
ကိုယ်ဝင်လွယ်ထားတုန်းကဒီဇင်ဘာလထဲမှာအရမ်းမွေးချင်ခဲ့တာ ဘာလို့လဲဆိုတော့ဖေဖေက X-mas ဆို
အရမ်းပျော်တက်လို့ပါ။မေမေပြောတာကတော့ X-mas ညမှာအိမ်မှာရှိတဲ့ သူတွေနဲ့  ပါတီအသေးစားလေး
လုပ်မလို့ဆိုပြီးချက်ပြုတ်ပြီးချိန်မှာတော့မေမေ ဗိုက်စနာလာပြီ။ညနေဆောင်းအချိန်လောက်ပေါ့။
အဲ့ ဒီအချိန်မှာဖေဖေအပါအ၀င်အိမ်ကလူတွေအရမ်းပျော်သွားပြီ။ X-mas နေ့မွေးမယ်ပေါ့။မေမေတညလုံး
X-masမှာမွေးတဲ့ သမီးလေးရအောင်ကြိုးစားခဲ့ ပါတယ်။ဒါပေမယ့် ၂၆ရက်နေ့ကို ၁နာရီနဲ့ ၁၅မိနစ်စွန်းသွား
ပါတယ်။ဒါပေမယ့်အခုအချိန်ထိမလျှော့သေးတဲ့ သူတယောက်ရှိတယ်။အဲ့ တာဘရဏီပေါ့။ဘယ်သူကမွေး
နေ့မေးမေး ခရစ်စမတ် နေ့မှာမွေးတယ်လို့ပြောပြီးမွေးနေ့ပွဲတွေကိုလဲ ခရစ်စမတ်နေ့မှာဘဲကျင်းပတယ်။
ကိုယ်နဲ့ အင်မတန်ရင်းနီးတဲ့ သူတတွေကလွဲရင် ဘယ်သူမှလဲအခုထိဒီအမှန်တရားကိုမသိဘူး။အခုတော့
ဘလော့လ် ပေါ်ကသူတွေသိသွားပြီပေါ့။ဘရဏီမှာမွေးနေ့သုံးခုရှိတယ်။တခုကတကယ်မွေးတဲ့ မွေးနေ့ရယ်
 ကိုဖာသာကိုယ်လုပ်ယူထားတဲ့မွေးနေ့ရယ်၊ကျောင်းတက်တုန်းက၅ နှစ်ပြည့်မှလက်ခံလို့အသက်ကို ၉လ
လောက်ကြီးလိုက်ရတယ်။အဲ့ဒီ့တော့မွေးနေ့တခုထက်ထွက်လာတယ်။ဒါပေမယ့်နောက်ဆုံးပြောင်းလိုက်တဲ့ 
မွေးနေ့ကြီးကအတည်လိုဖြစ်သွားတယ်။ကျောင်းမှာသုံးလိုက်လို့။ပြီးတော့ခရစ်စမတ်နေ့ဆို အိမ်မှာလူဆုံ
လေ့ရှိတယ်။အဒေါ်တွေ၊ဦးလေးတွေ၊အကိုဝမ်းကွဲ၊အမ၀မ်းကွဲတွေခရစ်စမတ်နေ့မနက်ဆိုအိမ်ကိုချီတတ်လာ
ကြပြီ။မွေးနေ့တိုင်းချက်လေ့ချက်ထရှိတာကမုန့်ဟင်းခါး၊တမျိုးလုံးကမုန့်ဟင်းခါးဆိုတအားကြိုက်။မုန့်ဟင်းခါး
ဆိုလို့ကတော့ညတရေးနိုးနှိုးကျွေးတာတောင်မငြင်းဘူး။အဲ့ ဒီ့လောက်ကြိုက်တာ။လူကြီးတွေချက်နေချိန်မှာ
ကလေးတွေကတော့ဘာဆော့လို့ကောင်းသလဲမမေးနဲ့ နှစ်လ၊သုံးလနေမှတခါလောက်တွေးပြီးဆော့ရတာ။
မုန့်ဟင်းခါးကျက်ရင်မုန့်ဟင်းခါးစား၊နေ့ခင်းဘက်ဆို ကလေးတွေကဆော့ရတာမောပြီးအိပ်။လူကြီးတွေက
အတင်းပြော ၊အဲလေရှေ့ ရေးအကြောင်းတွေပြော။ညနေစောင်းတာနဲ့ ကိတ်မုန့်အစီအစဉ်စပြီ။
အမေချုပ်ပေးတဲ့ ဂါဝန်လေးဝတ်ပြီးတော့ကိတ်မှုန့်ခွဲ ၊မောင်နှတွေကဟက်ပီးဘတ်ဒေးဆို အင်မတန်ပျော်ဖို့
ကောင်းခဲ့ ပါတယ်။ဒီလို့နဲ့ နှုတ်ဆက်လမ်းခွဲရမဲ့ ညအချိန်ကိုရောက်လာပါတော့တယ်။အဒေါ်တွေကပြန်တော့
မယ်နော်လို့ပြောလိုက်ရင်အရမ်းဝမ်းနည်းပါတယ်။တနေ့လုံးလူတွေအများကြီးနဲ့ ပျော်ပျော်ကြီးနေခဲ့ ရာက
နေရုတ်တရက်ကြီးခွဲခွာလိုက်ရတော့ကလေးပေမယ့်တမျိုးကြီးဘဲခံစားရတယ်။ခုရေးနေရင်းနဲ့ တခုသွား
သတိရမိတယ်။ဘရဏီမှာအကိုအကြီးနှစ်ယောက်ရှိတယ်။အမေကသူတို့ကိုတခါမှမွေးနေ့လုပ်ပေးတာမ
တွေ့ဘူး။သူတို့ကလည်းတခါမှမွေးနေ့လုပ်ပေးဖို့အကြာင်းအမေ့ကိုပြောတာလည်းမကြားဘူး။ယောက်က်ျား
လေးတွေမလို့နဲ့ တူပါတယ်။အကိုအငယ်ကတော့တခါလေမွေးနေ့မလုပ်ဘဲမွေးနေ့လက်ဆောင်လိုချင်
တယ်။ငယ်ငယ်တုန်းကမွေးနေ့ဆိုရင်အမေကိုကန်တော့ဖို့နည်းနည်းလေးတောင်သတိမရဘူး။နည်းနည်း
ကြီးလာတော့မှဘုန်းဘုန်းတပါးဟောတဲ့ မွေးနေ့ဆိုတာ ကိုယ်အမေက ကိုယ့်ကိုအသက်ပေးပြီးမွေးခဲ့ တဲ့
အတွက်မွေးနေ့မှာအရင်ဆုံးလုပ်ရမဲ့ အလုပ်ကအမေကိုအရင်ကန်တော့ရမယ် ဆိုတဲ့တရားကိုနာပြီးတော့မှ
အမြင်မှန်ရပြီးမွေးနေ့ဆိုအမေကိုအရင်ကန်တော့ ဖြစ်တယ်။ဒီနှစ်တော့ ဒီဇင်ဘာမှာ အမေမရှိဘူး။မှော်ဘီ
မှာတရားစခန်း၂ လသွားဝင်နေတယ်။တခါမှအကြာကြီးမခွဲဘူးတော့တမျိုးကြီးဘဲ။ခါတိုင်းလဲမျက်နှာတော့
မတွေ့ရဘူးပေါ့ဒါပေမယ့် အမေနဲ့ အွန်လိုင်းမှာတော့တပတ်တခါအကြာကြီးစကားပြောဖြစ်တယ်။ဒီကြားထဲ
သတိရရင်လဲဖုန်းခေါ်လို့ရတယ်။သိပ်တော့မစောင့်ရတော့ပါဘူးဇန်န၀ါရီလ ၅ရက်နေ့ဆို ၂လပြည့်ပြီ။
ကဲအောက်မှာခရစ်စမတ်ပုံလေးတွေကြည့်သွားကြပါအုံး။
သူတို့လည်းခရစ်စမတ်မှာကိုတွေဆီကသီတင်းကျွတ်လိုဘဲမီးတွေကိုအလှဆင်တယ်နော်။
နှင်းတွေကြားကခရစ်စမတ်အိမ်လေး(အထဲမှာနွေးမဲ့ပုံလေး)
Jingle Bells
ခြေအိတ်ထဲမှာi-podနဲ့  i-phone 4sတွေပါတယ်နော်။
Ginger Breadနဲ့လုပ်ထားတဲ့X-masအိမ်လေး
X-masရဲ့ ဇတ်လိုက်ကြီး
လက်ဆောင်တွေယူသွားနော်
MARRY CHRISTMAS TO ALL
Thursday 24 November 2011
ခရစ်စမတ်အစားအစာလေးများ
ဒီဇင်ဘာမှာကျင်းပစရာပွဲတော်ကနှစ်ခုတောင်ရှိတာ အဲ့ ဒီထဲကမှဒီဇင်ဘာလ၂၅ရက်နေ့မှာကျရောက်
လာမယ့်ခရစ်စမတ်နေ့ကျရင်လုပ်စားဖို့အိုက်ဒီယာလေးတွေရအောင်ပါ။
ခရစ်စမတ်ပူတင်းhttp://www.bbc.co.uk/food/recipes/christmaspudding_87598
ဘရဏီဒီမုန့်တွေလုပ်နည်းတော့မသိပါဘူး။အောက်မှာlinkလေးတွေပေးထားတယ်။စိတ်ဝင်
စားရင်သွားကြည့်ပြီးလုပ်စားကြနော်။
Monday 21 November 2011
လန်ဒန်မြို့ ၏အပိုင်းအစလေးများ
ဘရဏီဒီနေ့ကစပြီး၁ပတ်Holidayရတယ်။ဒီတခါရတဲ့  Holidayက ဘာမှမစီစဉ်ဘဲရလိုက်တာဆိုတော့ ဘာလုပ်ရမှန်းကိုမသိဘူး။အပြင်လျှောက်လည်ဖို့ ကြတော့ လည်းရာသီဥတုကအေးနေပြီ။ဒါတောင်ဒီနှစ်သိပ်
မအေးသလိုဘဲ အရင်နှစ်ကဒီအချိန်ဆိုတော်တော်အေးနေပြီ။ပြီးတော့ စိတ်အညစ်ဆုံးကနေ့လယ် 
၂နာရီလောက်ဆိုနေ၀င်သွားပြီ ။၎ နာရီဆိုမိုးလုံးလုံးချုပ်သွားပြီ။အမှန်တော့ ဒီနေ့ 
အပြင်ထွက်ပြီး ဈေးဝယ်ခဲ့သေးတယ်။စဉ်းစားထားတာက cup cake လုပ်ပြီး Blog ပေါ်တင်မယ်ပေါ့ ဆိုပြီး လို
အပ်တဲ့ ပစ္စည်းတွေသွားဝယ်တာဘရဏီကြိုက်တဲ့  cup cake လုပ်တဲ့  ဗန်းက ထင်ထားတဲ့ ဈေးထက်
ထက်ဝက်ကွာနေလို့ ဈေးပေါတာဝယ်ခဲ့ တာ အိမ်ရောက်တော့အဆင်မပြေဘူးအရမ်းသေးနေတယ်။
ဒါပေမယ့်ရအောင်လုပ်မယ်ဆိုမှ ကြက်ဥ ၀ယ်ဖို့မေ့ခဲ့ တယ်။ထွက်ဝယ်ဖို့ကြတော့လည်းပျင်းသွားပြီ။
ဒီလို နဲ့ cup cake ကိုလက်လျှော့လိုက်ပြီး စိတ်ညစ်ညစ် နဲ့ ဓာတ်ပုံတွေတင်လိုက်တော့ တယ်။
Sunday 6 November 2011
ကြက်သားငရုတ်သီးစိမ်းချက်
ဒီနေ့ ချက်မယ့် ဟင်းလေးက ဘရဏီ မေမေ ချက်ကျွေးနေကြဟင်းတွေထဲကအကြိုက်ဆုံးးဟင်း လေးပါ။
ဟင်းချက်နည်းကရိုးရှင်းလွယ်ကူပေမယ့် အမေက အမြဲ မချက်ပါဘူး။အမေ အကြောင်းပြချက်ကတော့ ဟင်း
စားမခံလို့  ပါတဲ့ ။တကယ်လဲ ဟင်းစားမခံပါဘူး စားလို့ လည်းကောင်းတာကိုး။ပါဝင်တဲ့ ပစ္စည်းတွေကလည်း
ရိုးရှင်းပါတယ်။ငရုတ်သီးစိမ်း ၊ကြက်သား နဲ့ ကြက်သွန်ဖြူ ၊နီ ရယ်သုံးမျိုးပါဘဲ။ဒီကြက်သားချက်နည်းကို
အမေဘယ်ကနေဘယ်လိုသိပြီးချက်လဲ တော့ မသိဘူး ထင်တာတော့ အစပ်စားတဲ့ တိုင်းရင်းသားမျိုးနွယ်စု
တကောင်ဆိုတော့ ကြက်သွန်နီ၂  ဥ ၊ကြက်သွန်ဖြူ ၁ ဥ ရယ် ငရုတ်သီးစိမ်း ရယ်ငရုတ်သီးစိမ်း
ကတော့ ကိုယ်စားနိုင် လောက်မယ့် အရေအတွက်လောက်ဘဲထည့် ပေါ့ ။ဘေဘီကြက်ရယ် ရိုးရိုးကြက်ရယ်
အရသာမှာတော့ ဘာကွာလည်း မသိဘာဘူး.။ဘရဏီသိတာတော့ ရိုးရိုးကြက်ကအရိုးနည်းတယ်
ချက်ရတာကြာတယ် ဘေဘီကြက်က အရမ်းအနူးလွယ်တယ်အရိုးကြည့် ဘဲ။
Thursday 6 October 2011
ခရီးသွားခဲ့ သည်။
လွန်ခဲ့ နဲ့ နှစ်ပတ်လောက်ကစကော်တလန် သို့ ရောက်ခဲ့ တယ်။စကော်တလန်တနယ်လုံးတော့ မရောက်ခဲ့ 
အင်မတန်ကျော်ကြားပါတယ်။ပွဲတော်တွေကိုသြဂုတ်လ အစပိုင်းမှလေးပတ်ကြာအောင် ကျင်းပ လေ့ ရှိတယ်။ပွဲတော်တွေထဲမှာမှ Edinburgh Fringe ၊Edinburgh International festival၊ Edinburgh International Book Festival ရယ် Military tattoo ကတော့ နံမယ်အကြီးဆုံးပွဲတော် တွေပါ။ဘရဏီတို့ 
သွားတော့ Edinburgh International Book Festivalကိုနောက်ဆုံးရက် မှီတယ် ။ပြီးတော့ Edinburgh International festivalကိုတော့ ကောင်းကောင်းမှီလိုက်တယ်။အယ်ဒင်ဘ၇ာကို နိုင်ငံခြားသားခရီးသွားဧည့်သည် တနှစ်ကိုတသန်းကျော်လာပြီး ယူကေမှာလန်ဒန်ပြီးရင်
Sunday 18 September 2011
ရွှေဖရုံသီးနှင့်  ပုဇွန် ဟင်း
သောကြာနေ့ ညကအိမ်မက်ထဲမှာချောင်းဝ ကအိမ်ပြန်ရောက်သွားပြီး အမေကရွှေဖရုံသီးနဲ့  ပုဇွန် ချက်မယ်ဆို
ပြီးရွှေဖရုံသီး  တွေ ဓားနဲ့ လှီးနေတယ်ဆိုပြီး အိမ်မက်မက်တယ်။အဲ့ ဒီ့ ကတည်းက ရွှေဖရုံသီး နဲ့  ပုဇွန်ဟင်း
ကိုအရမ်းကိုစားချင်တာ။အိမ်မက်ထဲမှာလည်းချက်နေတယ်လို့ ဘဲမက်တာမစားခဲ့ ရဘူး။အမေချက်တဲ့ 
ရွှေဖရုံသီး နဲ့  ပုဇွန်ဟင်း ကအရမ်းကောင်း မကျည်းသီး ထောင်းလေးနဲ့ ရှယ်ဘဲ။ဒီနေ့ တော့အလုပ်လဲ မသွား
ရတော့ စောစောထပြီးချက်စားမယ်ဟဲ့ ဆိုပြီး အိမ်နားကကုလားဆိုင်က  ပုဇွန် နဲ့ ရွှေဖရုံသီး သွားဝယ်ထားတယ်။ဒါပေမယ့် ဘယ်လိုချက်ရမလဲမေ့ နေတယ်ချက်မစားတာကြာတော့ အဲ့ ဒါနဲ့ အမေ့ ကို
ဖုန်းဆက်ပြီးမေးရသေးတယ်။အမေပြောတာတော့  ပုဇွန် ကိုပုံမှန်ချက် ပြီးတော့  ပုဇွန် ကျက်ပြီဆိုတော့ မှ
Monday 12 September 2011
Night carnival
တနင်္ဂနွေနေ့ ကသွားတဲ့ Mayor's Thames river festival (Night Carnival )ကဓာတ်ပုံလေးတွေပါ။လန်ဒန်မှာ
နှစ်စဉ် စက်တင်ဘာလတိုင်း နွေရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ်နဲ့ မြို့ တော်ဝင်က ပွဲတော်လေးတွေကျင်း
ပပေးပါတယ်။ဒီနှစ်ကတော့  ၁၀ ရက် နဲ့  ၁၁ ရက် နှစ်ရက်ကျင်းပတယ်။ကျင်ပတဲ့ နေရာကတော့ နံမယ်ကျော်
လန်ဒန် Eye ရှိတဲ့ Thames မြစ်ဘေးနားမှာ။စနေ နေ့ ကတော့ ဘာမှသိပ်မထူးခြားပါဘူး street show လေး
တွေရယ် အစားအစာရောင်းတဲ့ ဆိုင်လေးတွေရယ်၊ရှေးဟောင်းပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေရယ် ဒါဘဲ
ရှိတယ်။တနင်္ဂနွေနေ့ ကြမှတကယ်စီတာ။Night Carnival ကိုညနေ၆နာရီ ၄၅ မှာစတယ်။ပွဲမစခင်မိုးတွေ
ရွာလိုက်တာဆိုတာ ပွဲပျက်ပီတောင်ထင်နေ့ တာ ပြီးတော့ မိုးကသူမဟုတ်သလိုဘဲ ၆ နာရီ ၁၅ လောက်
မှာလုံးဝတိတ်သွားတယ်။
ဝှီးချဲနဲ့ လူတွေလဲဒီလိုဆင်နွဲကြပါတယ်
အနွေးထည်ဝတ်သွားတာတောင်လေတိုက်တိုင်းအတော်အေးသူတို့ ဆိုဘယ်လိုနေပါ့ မလဲ
Add caption
အဖွဲ့ တွေကအများကြီးဘဲ တနာရီကျော်လောက်ကြာတယ်။Night Carnival ပြီးတော့ မီးရှုးမီးပန်းဖောက်တဲ့ 
အစီအစဉ် သူတို့ ကြော်ငြာထားတာက၉ နာရီ၄၅ ၁၀နာရီထိုးတဲ့ အထိမစသေးတော့ ညနေမိုးရွာတုန်းကများရေစိုသွားလို့ ယန်းတွေကမပေါက် တော့ ဘူးလား
လို့ တောင်ထင်မိသေးတယ်။မီးရှုးမီးပန်းဖောက် တဲ့ ပစ္စည်းတွေကမြစ်လယ်မှာလှေသုံးစီးနဲ့ ထားတာဆိုတော့ ။ကိုယ်ဖာသာကို တွေးချင်ရာတွေတွေးပြီးထင်ချင်
Related Posts Plugin for WordPress, Blogger...