အင်တာနက်ကနေပြီးငါးမိနစ် အတွင်းကိတ်မုန့်ဖုတ်နည်းလေး ဖတ်မိပြီး စမ်းသတ်ကြည့်တာအောင်မြင်
ပြီးစားလို့လဲကောင်းလို့ပြန်ပြီး share လိုက်တာပါ။
လိုအပ်သောပစ္စည်းများကတော့
Self-Rising Flour လက်ဖက်ရည်ဇွန်း ၄ဇွန်း
ကြက်ဥ ၁လုံး
ထောပတ် လက်ဘက်ရည်ဇွန်း ၁ဇွန်း
သကြားအညိုလက်ဘက်ရည်ဇွန်း ၃ဇွန်း
နို့ လက်ဘက်ရည်ဇွန်း ၃ဇွန်း
Vanilla Extract လက်ဘက်ရည်ဇွန်း တ၀က် တို့လိုအပ်ပါတယ်။
အရင်ဆုံးဂျုံမှုန့် နဲ့သကြားအညိုကိုမိမိကြိုက်နှစ်သက်ရာေ ကြွခွက်ထဲတွင်အရင်သမအောင်ရောမွှေပေးပါ။
ပြီးရင်ကျန်ရှိနေတဲပစ္စည်းတွေပါရောထည့်ပြီး သမအောင်မွှေပေးပါ။
မိုက်ခရိုဝေ့ထဲတွင် ၂ မိနှစ်ခန့် ထည့်ပြီးလှည့်ပေးပါ။ ရလဒ်ကိုစိတ်တိုင်းမကြပါကစက္ကန့် ၃၀ခန့်ထပ်၍လှည့်
ပေးနိုင်ပါသည်။
နောက်ဆုံးရလဒ်အနေ နဲ့အပေါ်ကပုံအတိုင်းရလာပါတယ်။
ချောကလက်ကိတ်အတွက်ကအပေါ်ကနည်းအတိုင်းကို ချောကလက်ဖျော်သောက်တဲ့  ချောကလက်
ပေါင်ဒါ လေးနှစ်ဇွန်းထည့် ပေးလိုက်ရုံပါဘဲ။
မှတ်ချက်။ပူပူနွေးနွေးသုံးဆောင်ပါကအရသာပို၍ကောင်းမွန်ပါသည်။
4 comments:
ုဖုတ်တတ်တဲ့သူတွေကတော့ ၅ မိနစ်အတွင်းတဲ့လေ
မဖုတ်တတ်တော့လဲ ဒီလိုပဲသူများလုပ်တာတွေလိုက်စားဒါပေါ့နော်
စားကောင်းတဲ့ပုံလေး
ချစ်တဲ့ sis jasmine
စိတ်ဝင်စားစရာဘဲ
မြန်လဲမြန် လွယ်လဲလွယ်
စားလို့လည်းကောင်းမှာဘဲ..
လုပ်ကြည့်ချင်တယ်
အချိန်လည်းသက်သာတယ်။
အလုပ်လည်းမရှုပ်ဘူးဆိုတော့
စမ်းလုပ်ကြည့်မယ် ဘရဏီရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမဂျက်နဲ့ မချော ကျေးဇူးတငိပါတယ်။တီတင့်စမ်းလုပ်
ကြည့် ပါ။ovenနဲ့ ဖုတ်တာကိုမမှီပေမယ့် သူလည်း
အရသာတမျိုးကောင်းပါတယ်။
Post a Comment