Pages

Saturday 10 March 2012

ငါးမိနစ်အတွင်းကိတ်မုန့်ဖုတ်နည်း




အင်တာနက်ကနေပြီးငါးမိနစ်   အတွင်းကိတ်မုန့်ဖုတ်နည်းလေး  ဖတ်မိပြီး   စမ်းသတ်ကြည့်တာအောင်မြင်

ပြီးစားလို့လဲကောင်းလို့ပြန်ပြီး  share လိုက်တာပါ။




လိုအပ်သောပစ္စည်းများကတော့
Self-Rising Flour လက်ဖက်ရည်ဇွန်း ၄ဇွန်း
ကြက်ဥ ၁လုံး
ထောပတ် လက်ဘက်ရည်ဇွန်း ၁ဇွန်း
သကြားအညိုလက်ဘက်ရည်ဇွန်း ၃ဇွန်း
နို့ လက်ဘက်ရည်ဇွန်း ၃ဇွန်း
Vanilla Extract လက်ဘက်ရည်ဇွန်း တ၀က်  တို့လိုအပ်ပါတယ်။
 
 ပြင်ဆင်ချိန် ၃မိနစ်ခန့်ကြာမြင့်ပါသည်။
 


အရင်ဆုံးဂျုံမှုန့် နဲ့သကြားအညိုကိုမိမိကြိုက်နှစ်သက်ရာေ ကြွခွက်ထဲတွင်အရင်သမအောင်ရောမွှေပေးပါ။

ပြီးရင်ကျန်ရှိနေတဲပစ္စည်းတွေပါရောထည့်ပြီး  သမအောင်မွှေပေးပါ။

 မိုက်ခရိုဝေ့ထဲတွင် ၂ မိနှစ်ခန့် ထည့်ပြီးလှည့်ပေးပါ။ ရလဒ်ကိုစိတ်တိုင်းမကြပါကစက္ကန့် ၃၀ခန့်ထပ်၍လှည့်

ပေးနိုင်ပါသည်။


                                     နောက်ဆုံးရလဒ်အနေ နဲ့အပေါ်ကပုံအတိုင်းရလာပါတယ်။


   ချောကလက်ကိတ်အတွက်ကအပေါ်ကနည်းအတိုင်းကို ချောကလက်ဖျော်သောက်တဲ့  ချောကလက်

    ပေါင်ဒါ လေးနှစ်ဇွန်းထည့် ပေးလိုက်ရုံပါဘဲ။

မှတ်ချက်။ပူပူနွေးနွေးသုံးဆောင်ပါကအရသာပို၍ကောင်းမွန်ပါသည်။


4 comments:

စံပယ်ချို said...

ုဖုတ်တတ်တဲ့သူတွေကတော့ ၅ မိနစ်အတွင်းတဲ့လေ
မဖုတ်တတ်တော့လဲ ဒီလိုပဲသူများလုပ်တာတွေလိုက်စားဒါပေါ့နော်
စားကောင်းတဲ့ပုံလေး
ချစ်တဲ့ sis jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာဘဲ
မြန်လဲမြန် လွယ်လဲလွယ်
စားလို့လည်းကောင်းမှာဘဲ..
လုပ်ကြည့်ချင်တယ်

mstint said...

အချိန်လည်းသက်သာတယ်။
အလုပ်လည်းမရှုပ်ဘူးဆိုတော့
စမ်းလုပ်ကြည့်မယ် ဘရဏီရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘရဏီ said...

မမဂျက်နဲ့ မချော ကျေးဇူးတငိပါတယ်။တီတင့်စမ်းလုပ်
ကြည့် ပါ။ovenနဲ့ ဖုတ်တာကိုမမှီပေမယ့် သူလည်း
အရသာတမျိုးကောင်းပါတယ်။

Related Posts Plugin for WordPress, Blogger...