Pages

Wednesday 4 April 2012

Moroccan meatballs(အသားလုံးဟင်း)




ဒီဟင်းလေးကို ဘရဏီ BBC GoodFood Channel က Chef Rick Stein  ရဲ့ အစီအစဉ်မှာတွေပြီး ချက်ရတာ

လွယ်မယ်ထင်တာတဲ့ ချက်စားကြည့် တာ အနံအရသာကောင်းမွန် ပြီးတော့ မြန်မာဟင်းအရသာ

နဲ့ လည်းနီးစပ်လို့ ပြန်ပြီး မျှဝေလိုက်တာပါ။ချက်ရတာလည်း  လွယ်ကူပါတယ် ။အချိန်လဲသိပ်မကုန်ပါဘူး။




လိုအပ်တဲ့  ပစ္စည်း တွေကတော့   အသားကြိတ်သား ၊cumin powder(ဇီယာမှုန့် )၊ Paprika  powder ၊နံနံပင်၊

ခရမ်းချဉ်သီးဆားအနည်းငယ်၊ကြက်ဥ ကြက်သွန်နီ၊ကြက်သွန်ဖြူတို့ ဘဲလိုအပ်ပါတယ်။

အသားကြိတ်သားက အမဲသား၊ကြက်သား ၊ ၀က်သား ကြိုက်တာသုံးလို့ ရတယ်။ဘရဏီက

ဝက်သားသုံးတယ်။အသား ဆို ၀က်သားစားရမှ အသားစားရတယ် ထင်တဲ့  သူဆိုတော့  ။ပုံမှန် အားဖြင့် 

့အမဲသား ကြိတ်သားတို့  ၊သိုးသားကြိတ်သားတို့ သုံးတာများတယ် ။ Moroccan

တွေက၀က်သားမှ မစားတာ။အရင်ဆုံး မိမိ သုံးမဲ့  အသားကြိတ်သားတွေကို ခွက်တလုံးထဲ မှာ

ဆား အနည်းငယ်၊ cumin powder ၁ဇွန်း ၊ Paprika  powder ၁ဇွန်း ၊နံနံပင်ရယ် ထည့် ပြီးနယ်ပေးပါ။


 မိမိ ကြိုက်နှစ်သက်သော အရွယ် အလုံးလေးတွေလုံးပေးပါ။


    ပြီးရင် ဆီ ၃ ဇွန်းလောက်မီးအပူပေးပြီး အသားလုံးများကိုကြော်ပေးပါ။


                                              ပုံထဲကလို အညိုရောင်သန်းလာရင်ရပါပြီ။



ကျက်သွားတဲ့ အသားလုံးလေး တွေကိုဆယ် ထုတ်ပြီးရင် ကျန်ခဲ့  တဲ့ ဆီထဲကို ကြက်သွန်နီ ၂ လုံး ၊

ကြက်သွန်ဖြူသုံး မွှာလောက် ကိုပါးပါး လှီးပြီး ဆီသတ်ပေးပါ။ cumin powder ၁ဇွန်း ၊ Paprika  powder ၁ဇွန်း

ရယ်ကို ဆီသတ် တဲ့ ထဲကို ထည့် ပေးပါ။ အဲဒါတွေထည့် ပြီး တာနဲ့  အနံကတော်တော်မွှေးလာပြီ။


ကြက်သွန်တွေနီစသန်းလာရင် ခရမ်းချဉ်သီး ၄ လုံးလောက်လှီးထည့် ပေးပါ။သံဗူးသုံးရငိ တော့ ၁ဗူး ပေါ့ ။



ခရမ်းချည် သီးတွေ လိပ် တတ်လာရင် ခုန ကဖယ်ထားတဲ့ ဝက်သားလုံးလေးတွေ ထည့် ပြီး ၁၀မိနစ်လောက်

အဖုံးလေးပိတ်ပြီး တည်ထားပေးပါ။



၁၀မိနစ်ကြာရင် ကြက်ဥ ၅လုံး ကို ထည့် ပြီး မီးပိတ်လိုက်ပါ။ဟင်းအိုးကိုအဖုံးပိတ်ပေးထားပါ။အိုးကိုမီးဖို

ပေါ်ကနေဖယ် မပြစ်ပါနဲ့ ။ မီးအပူငွေ့ လေးနဲ့ ကြက်ဥကျက်  သွားအောင် ။ခဏနေရင်စားလို့ ရပါပြီ။

များသောအားဖြင် ပါမုန့် နဲ့ စားကြပါတယ်။ ဘရဏီကတော့ ထမင်းနဲ့ ပိုလိုက်တယ်လို့ ထင်တယ်။

cumin powder  ၊ Paprika  powderတို့ က အိန္ဒိယ ကုန်စုံဆိုင်တိုင်းလို လို မှအလွယ် လွယ်ကူကူ ၀ယ်ယူလို့ 

ရပါတယ်။မြန်မာ  ဟင်းချက်နည်း နဲ့ လည်းဆင်ပြီး အရသာလည်းဆင်တဲ့ Moroccan

meatballs(အသားလုံးဟင်း)ဟင်းပါရှင် ။မျက်စိနဲ့  ဘဲ သုံးဆောင်သွားကြပါ။


5 comments:

Mrs. Bagel said...

တစ်ခါမှ မလုပ်စားဖူးဘူး။ မြင်သာမြင်ဖူးနေတာ။ ကြည့်တာနဲ့တင် စားချင်တယ်။

မိုးသက် said...

ချားချင်တယ်. အစ်မ . နောက်မှ လုပ်စားဦးမယ်.

စံပယ်ချို said...

ကြော်စားတယ်ခဏခဏပါပဲ
အဲဒီလိုချက်မစားဖူးဘူး
ပုံကြည့်ရတာစားချင်လာပြီ

Iora said...

Moroccan ဟင်းတွေကြည့်ရတာမြန်မာကြိုက်မဲ့ပုံတွေနော်။ သူတို့ ရှောက်သီးဆားနယ်တွေနဲ့ ခဏခဏချက်ပြတာကို စမ်းကြည့်ချင်နေတာ။ ဒီဟင်းကတော့သေချာပေါက်ကြိုက်မှာ။ပုံ မြင်တာနဲ့ ကိုအရမ်းစားချင်လာတယ်။အဲလိုအနှစ်နဲ့  မဆလာနဲ့ တော့ရံဖန်ရံခါချက်ဖြစ်ပါတယ်။
ကြက်ဥထဲ့လိုက်တော့ပိုစားကောင်းသွားမှာပေါ့။
အိုင်အိုရာ

Mrs. Bagel said...

nyi ma lay, today i will cook it :) and after that, will post on fb :D

Related Posts Plugin for WordPress, Blogger...