Pages
Sunday 8 April 2012
အစားအသောက်လုပ်ငန်း ၏ ကြယ်တပွင့် (Jamie Oliver)
ဂျေမီအိုလီဗာ  ဟာယခု လက်ရှိဗြိတိန် နိုင်ငံ မှာရှိတဲ့  စာဖိုမှူး တွေထဲက အအောင်မြင်ဆုံးလို့ ပြောလို့ 
ရတဲ့ လူငယ် စာဖိုမှူး တယောက်ဖြစ်ပါတယ်။ အသက်သုံးဆယ် ခုနှစ်နှစ် ရှိပြီဖြစ်တဲ့ ဂျင်မီဟာ
ဗြိတိန်နိုင်ငံ ၊  အက်ဆက် နယ်(Essex)၊  ကလေးဗားရင်း(Clavering)  ရွာလေးမှာမွေးဖွားခဲ့ ပြီး
ကြီးပြင်းလာခဲ့ တာပါ ။ဂျေမီရဲ့  မိဘတွေဖြစ်ကြတဲ့  ထရာဘာ နဲ့ ဆယ်လီဟာ The Cricketer ဆိုတဲ့  
စားသောက်ဆိုင်နဲ့ ဘီယာဆိုင်  တွဲထားတဲ့ ဆိုင်လေးကိုသူတို့ နယ်လေးမှာ ဖွင့် လှစ်ခဲ့ ပါတယ်။
ထိုဆိုင်လေးရဲ့  မီးဖိုချောင်ဟာဂျေမီငယ်ဘ၀ ရဲ့  အချက်အပြုတ် လေ့ကျင်ရာ နေရာတစ်ခုဖြစ်ခဲ့ ပါတယ်။
 ဂျင်မီ ဟာ အသက် ၁၆ နှစ်အရွယ်မှာ New Port Free Grammar  ကျောင်ကနေထွက်ခဲ့ ပြီး ၀က်မင်နစ်စတာ
ကောလိပ်ကနေပြီး Home Economics နဲ့ City and Guilds NVQ လက်မှတ်တခုသာရယူခဲ့ 
ပါတယ်။ထို့နောက်ဂျေမီဟာ လန်ဒန်မြို့ မှာ ရှိတဲ့  Antonio Carluccio's Neal Street Restaurant မှာ Pastry
Chef  အနေနဲ့  အလုပ်လုပ်ပြီး သင်ယူခဲ့ ပါတယ်။ထို့နောက် sous chef (ဆိုင်ကြီးများတွင်
သာထိုရထူးရှိပြီး ဆိုင်၏ ဒုတိယ အကြီးဆုံး စားဖိုမူး ) အဖြစ် နဲ့  လန်ဒန်မြို့  ၊ ဖူးဟန်း (Fulham) ၊အရပ်မှာရှိတဲ့ 
River Café  ဆိုင်တွင်ပြောင်း လုပ်ခဲ့ ပါသည်။
ထိုဆိုင်တွင် အလုပ်လုပ်နေရင်းနဲ့ မှ ဂျေမီသည် သူ၏ ဘ၀ ကို ပြောင်း လဲစေခဲ့ တဲ့  အခွင့် အရေး ကြီး
တစ်ခုကိုရခဲ့ ပါသည်။ဒါ ကတော့   ဘီဘီစီ က သူတို့ ဆိုင် တွင် "Christmas at the River Cafe" ဆိုတဲ့ 
အမည် နဲ့ ဟင်းချက်အစီအ စဉ်တခု ကို ရိုက်ကူး ခဲ့ ပြီး ဂျင်မီကို သတိပြု မိပါတယ်။ ထို အစီအစဉ် ထုတ်
လွင့် ပြီးချိန်တွင်တော့  ဘီ ဘီစီ က ဂျေမီ ကို "The Naked Chef " ဆိုတဲ့  အမည်နဲ့  တယ်လီဗေးရှင်း အစီ
အစဉ် တခုကို ဦးဆောင်ဖို့ ကမ်းလှမ်းခဲ့ ပါသည်။ ၂၀၀၀ ခုနှစ်တွင် ထိုတယ်လီဗေးရှင်းအစီအစဉ်နဲ့ 
 BAFTA (British Academy Of Film And Television Arts ) ကပေးတဲ့ ဆုတခုကို အရယူနိုင်ခဲ့ ပါသည်။
ထိုကဲ့ သို့ အောင်မြင်မှုတွေဆွတ်ခူး ပြီးနောက်ဂျေမီ ဟာ နံမယ်ကျော် ပင်ဂွင်း (Penguin)စာအုပ်တိုက်
ကနေ "The Naked Chef " ဆိုတဲ့ အမည် နဲ့ ဟင်းချက်နည်း စာအုပ်တအုပ်ကို ထုတ်ဝေခဲ့ ပါတယ်။
ထိုစာအုပ်ဟာ ၂၀၀၁ ခုနှစ် အတွက် နံပတ် (၁) စာအုပ်အဖြစ် နဲ့  ရပ်တည်နိုင်ခဲ့ ပါတယ်။ ထိုနှစ်တွင်ဘဲ
ဝန်ကြီးချုပ် တိုနီဘလဲရဲ့   ဒေါင်းနင်းလမ်း (Downing Street )အိမ်နံပတ် (၁၀) သို့ ဖိတ်ကြားခြင်းကိုခံခဲ့ 
ရပါတယ်။ထိုနောက်ဂျင်မီဟာ ဗြိတိန် နိုင်ငံ တ၀ှမ်းတွင်သူရဲ့  Cooking show Tour တွေကိုစခဲ့ ပါတယ်။
ထိုပွဲ တွေ ကို ပရိတ်သတ် တွေကလဲ တခဲနက်အားပေးခဲ့ ပါတယ်။ ပြီးတော့  ဂျင်မီ ရဲ့ Australia နဲ့ New
Zealand နိုင်ငံ တွေမှာပြုလုပ်ခဲ့ တဲ့  Cooking show တွေမှာလဲ လက်မှတ်တွေ ရောင်းမလောက်အောင်ထိ
အားပေးမှုများရရှိခဲ့ ပါတယ်။ နောက်ပိုင်း ဂျင်မီဟာ သူ တတ်တဲ့ ပညာနဲ့  လူအဖွဲ အစည်းကိုတခု ခု
ပြန်ပေးဆပ်ခြင်စိတ်ပေါ် ပေါက်ခဲ့  ပါတယ်။ ထိုကြောင့်  ဂျင်မီ ဟာ စားသောက်ဆိုင်တစ်ဆိုင်ကိုသင်တန်း
ကျောင်းအနေ နဲ့ လန်ဒန်မြို့ တွင် ဖွင့်  လှစ်ခဲ့ ပြီး ကျောင်းပညာရေး ပြီးဆုံးခြင်းမရှိ သော လူငယ်များ၊
ဘ၀ရှေ့ရေး အတွက် အလုပ်အကိုင် မရှိဘဲ လမ်းပေါ်ရောက်နေ သော လူငယ်များထဲက ၁၅ ယောက်တိတိ
ကိုရွေးချယ်ကာ ကျွမ်းကျင်စာဖို မှုးအဆင့် ထိရောက်အောင်လေ့ကျင်သင်ကြားပေးခဲ့ ပြီးပိုမို ကောင်းမွန်
တဲ့ ဘ၀များရရှိအောင် ဖန်တီးပေးနိုင် ခဲ့ ပါတယ်။  ထိုနှစ်တွင်ဘဲ Fifteen ဆိုတဲ့ အမည်နဲ့  လူမှုရေး အဖွဲ့ 
အစည်းတခုကို မှတ်ပုံတင်ခဲ့ ပါသည်။၂၀၀၂ ခုနှစ်Fifteen London ကစခဲ့ တဲ့ ကျောင်းသား ၁၅ယောက်မှ
တဆင့် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် Fifteenအမ်စတာဒမ် (Fifteen Amsterdam) ကို၎င်း၊၂၀၀၆ မေလ
တွက် Fifteen ကွမ်းဝေါ (Cornwall Fifteen) ကိုဖွင့် လှစ်ခဲ့ ပြီးထို ဆိုင်များမှတဆင့်  လူငယ်များကိုထပ်မံ
ရွေးချယ်ကာ ကျွမ်းကျင်အဆင့် စာဖိုမှူးများ ဖြစ်အောင်သင်ကြားပေးခဲ့ သည်။ယခုအချိန်အထိ
အရည်အချင်းပြည့် စုံသော လူငယ် ၂၂၀ ကို ထို  Fifteenစားသောက်ဆိုင်များ ကတဆင့် 
မွေးဖွားပြီးဖြစ်သည်။ထို လူငယ် များထဲ မှာအချို့ သည် ထိပ်တန်း စားသောက်ဆိုင်ကြီးများ၏ စားဖိုမှုးများ
အဖြစ်နဲ့  ၎င်း ၊ရုပ်သံ လိုင်းများ၏ စီစဉ် တင်ဆက်သူ စားဖိုမှုးများအဖြစ်နဲ့  ၎င်း၊မိမိ ကိုယ်တိုင်စားသောက်
ဆိုင်ပြန်ဖွင့် ပြီးအောင်မြင်မှုရရှိ နေသောသူများ အဖြစ်နဲ့ ၎င်း၊ တွေ့ မြင်နေရပါတယ်။
 ဂျင်မီဟာ Channel 4 ရုပ်သံလိုင်နဲ့  ပူးပေါင်းပြီး Jamie's Kitchen ကိုတင်ဆက် ထုတ်လွင့် မှုတွေကိုဆက်
လက်ပြုလုပ်ခဲ့ ရာမှာ ထိုနှစ် အတွက် လူ ကြည့် အများဆုံးအစီအစဉ်တခုဖြစ်ခဲ့ ပါတယ်။ထိုအစီအစဉ်ကို
ဘာသာပေါင်း ၃၀ ကျော်နဲ့  ဘာသာပြန်ဆိုပြီး ဂျပန်၊ အမေရိကန်၊ အိုက်စလန် ၊တောင်အာဖရိက၊ဘရာဇီး
အစရှိသောနိုင်ငံပေါင်း ၁၀၀ ကျော်တွင်ထုတ်လွင့် ပြသခဲ့   ပြီးဖြစ်သည်။၂၀၀၄ ခုနှစ်တွင်တော့  ဗြိတိန်
နိုင်ငံမှာရှိတဲ့  မပြည့် စုံသောကျောင်းတချို့ ကို သွားရောက်လည် ပတ်ကာ  ချက်ပြုတ် ပြီးကျောင်းရှိ
ကလေးငယ်များကို ပျော်ရွင်စေခဲ့ ပါသည်။တဆက်ထဲတွင်ဘဲ ကျောင်းတွင် ချက်ပြုတ်သောဝန်ထမ်းများ
ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်စားသောက်နည်း၊ပြုပြင်ထားသော အစားသောက်
များအစား သဘာဝ လတ်လတ်ဆတ်ဆတ် ပစ္စည်း များကိုအသုံပြု ပြီးချက်ပြုတ် နည်းများကို သင်ကြားပေး
ခဲ့ ပါတယ်။ထို့နောက် ဂျင်မီက campaign တခုကို Feed Me Better ဆိုတဲ့ အမည်နဲ့   စတင်ခဲ့ ပါတယ်။
ထို Feed Me Better ရဲ့  ရည်ရွယ်ချက်က  တော့ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်း တွေမှာ ပိုမို ပိုကောင်း
ထို လက်မှတ်များကို ၂၀၀၅ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်   အမှတ် (၁၀) ၊ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်
နေအိမ်သို့  တင်ပြခဲ့ပါသည်။  အစိုးရအဖွဲ့ ၏  သဘောတူညီ မှု ရရှိကာ £280million ကို ကျောင်းတွေအတွက်
စံနှုန်း မြင့် အစားအစာ ရ ရှိမှု အတွက် ထပ်မံ သုံးပြုမည်ဟု ဂတိပေး မှုကို ရရှိခဲ့ ပါသည်။
၂၀၀၆ တွင်တော့ အစိုးရက ထိုစီမံကိန်း ကို စတင်ကာ ကလေးများအတွက်လည်း ကျောင်းတွင် အစား
အသောက်ပညာပေးအစီအစဉ် များကိုပါ ပြုလုပ်ခဲ့ ပါသည်။
 ၂၀၀၉ ခုနှစ် အေပရယ် တရက်နေ့ မှာတော့ ဂျေမီဟာ သုံးကြိမ် မြောက်အဖြစ် အမှတ် (၁၀)ဒေါင်းနင်း
လမ်းရှိ ၀န်ကြီးချုပ် နေအိမ်တွင် G 20 အစည်းအဝေးကို လာသော ထိပ်သီးခေါင်းဆောင်များကို
မိမိ၏ ဟင်းချက် လက်ရာကို မြည်းစမ်း စေမယ့် အခွင့်အရေး ရခဲ့ ပါတယ်။ ဂျေမီနဲ့  သူရဲ့  Fifteen
အဖွဲ့ သားတွေဟာ ဗြိတိန် နိုင်ငံ ရဲ့  အကောင်းဆုံး သော ရာသီစာများနဲ့  Menu ကိုလည်း ထို G 20
အစည်းအဝေး ကိုလာသော ခေါင်းဆောင်များ အတွက်အကောင်းဆုံး ရေးဆွဲ နိုင်ခဲ့ ကြပါတယ်။
၂၀၁၀ တွင်တော့ အမေရိကားရှိ  ရုပ်သံလွင့် တခုဖြစ်သော ABC နှင့် အတူ "Jamie Oliver's Food
 Revolution"   ဆိုတဲ့  အစီအစဉ် နဲ့ အတူ အမေရိကားရှိ ပရိတ်သတ် ၏ အားပေးမှုကို လည်း အရယူ
ခဲ့ ပါသည်။၂၀၁၀ ခုနှစ်မှာ  TED က ပေးတဲ့  TED award ကိုရခဲ့ ပါတယ်။
 http://www.ted.com/talks/jamie_oliver.html     
(အချိန်ရရ င် ကြည့် စေချင်ပါတယ်)
သူ့ ရဲ့ နောက်ထပ် အောင်မြင်မှုနောက် တခု ကတော့  ၂၀၁၀ ခုနှစ်မှာထုတ်ဝေလိုက်တဲ့   Jamie's 30
Minute  Meals စာအုပ်မှာ စံချိန် တင်ရောင်းရ ခဲ့ ပြီး ဗြိတိန် နိုင်ငံ၏ non-fiction စာအုပ်များထဲမှာ
အရောင်းရဆုံး အဖြစ် စံချိန်တင်နိုင်ခဲ့ ပါသည်။ ထိုကဲ့  သို့ ကျော်ကြားလှ သော စာဖိုမှုး ဂျေမီအိုလီဘာ
သည် သူ့ ၏အသက် ၃၇ နှစ် နှစ်တွင် တီဗီရုပ် သံ လိုင်းများနှင့်   အဖွဲ့ အစည်းအမျိုးမျိုး ကပေးသောဆု
အမျိုးပေါင်း ၄၀ကျော်ကို ပိုင်ဆိုင် ခဲ့ ပါသည်။သူ ရဲ့  စားသောက်ဆိုင်များဟာ လည်း နိုင်ငံတကာတွင်
အောင်မြင်ခဲ့ ပါသည်။ ယခုလက်ရှိတွင် ဂျေမီသည် သူ၏ဇာတိဖြစ်သော ကလေးဗားရင်း(Clavering)
တွင် ဇနီးဖြစ်သူ မော်ဒယ်Juliette Norton ၊ကလေးများဖြစ်ကြသော   Poppy၊Daisy၊ Petal၊Buddy
တိုနှင့် အတူပျော်ရွင်စွာနေထိုင်လျှက် ရှိကြပါသည်။
ဂျေမီရဲ့  တီဗီ အစီအစဉ်လေးတွေပါ။
Facebook Link ပါ။   http://www.facebook.com/jamieoliver
သူ့ ရဲ့  Website က http://www.jamieoliver.com/
5 comments:
Mrs. Bagel said...
အစီစဉ် ရန်ကုန်မှာတုန်းကတော့ ကြည့်ဖြစ်တယ်။ ဒီလည်းရောက်ရော၊ ဘာမှကို မကြည့်ဖြစ်တော့တာ။
စံပယ်ချို said...
ခုမှကြည့်ဖူးတာ
သူ့အကြောင်းလဲခုမှသိရတယ်
ကျေးဇူးပါနော်
ma yu said...
ဒီမှာအမြဲကြည့်ဖြစ်တယ်။သတိထားမိတယ်။ သူချက်တာတွေက သဘာဝအတိုင်းပဲ။ အပင်တွေကြားထဲ ထိုင်ရင်း စဥ့်နီတုံးလေးပေါင်ပေါ်တင်ပြီး တုံးတစ်ချက်သွားတာပဲ။
သူသုံးတဲ့ပစ္စည်းတွေကလဲ ခေတ်ပေါ်ပစ္စည်းသိပ်မသုံးဘူး။ အခုလိုပြည့်ပြည့်စုံစုံဖတ်လိုက်ရတာကျေးဇူးပါပဲ။1
ဘရဏီ said...
@ မမြတ်ကြည် ဘရဏီကြတော့ရန်ကုန်မှာတုန်းက
ကြားဘဲကြားဖူးတာ ဒီရောက်မှကြည့် ဖူးတာ။
@ မမဂျက်ရေ အမြဲလာလည်တာကျေးဇူးနော်။
@ မယု သူက ပြုပြင်ထားတဲ့ အစားအသောက်တွေကို
ဆန့်ကျင်တယ်လေ။ သူအသုံးပြုတဲ့ ပစ္စည်းတွေက
သဘာဝတွေများတယ်။
Iora said...
US မှာ အေဘီစီ လိုင်းကနေ သူ့ ရှိုးတွေပြတော့စောင့်ကြည့်ဖြစ်ခဲ့သေးတယ်။
သူက US ကျောင်းတွေမှာခလေးတွေကို processed food တွေကျွေးတာ ဝေဖန်ပြီးကျောင်းတွေမှာ ကိုယ်တိုင်သွားချက်ပြုတ်ပြခဲ့တယ်လေ။ ပထမတော့တော်တော်ကိုသူ့ ကိုဝေဖန်ခံရတယ်။ ခုတော့တစ်ချို့ ပြည်နယ်တွေမှာ ကျောင်းအစား အသောက်တွေ ပုံစံပြင်ဘို့ စည်းကမ်းဥပဒေတွေ ထုတ်လာကြတယ်လို့  ကြားလိုက်ရတယ်။ အထူးသဖြင့် ဘရဏီပြောထားသလိုဘဲ အော်ဂဲနစ် အသီးအနှံတွေသစ်သီးတွေထဲ့ဘို့ ပါ။ ကျောင်းတွေကလည်းဘတ်ဂျက်တွေ ကြတ်နေတော့အခက်အခဲရှိကြလို့ တစ်ချို့ မိဘတွေက fund ရှာကြတာတွေလည်းကြားလိုက်ရတယ်။
အိုင်အိုရာ
Related Posts Plugin for WordPress, Blogger...