Pages

Monday 23 April 2012

ထိုင်းစတိုင်သရက်သီးသုတ်



အခုတလော အသုတ်တွေဘဲတင်ဖြစ်မယ်ထင်တယ် ။ နေမကောင်းတုန်းကစွပ်စား ထားတောတွေက

ဒုက္ခ တွေပေးနေတယ်။ မှတ်မိသေးတယ်တရုတ်ဘူးဖေးတွေရော ၊ကုလားစာတွေရော၊Fish and chip၊

kebeb rolls တွေရော အို ...စုံနေတာဘဲ  တကယ့်ကို အ၀စာတွေကြည့် ဘဲကို ဖုတ်ဝင်သလား အောက်မေ့

ရအောင် အားရပါးရစားတာ။ဒီတိုင်းဆိုရင်တော့မစားပါဘူး ကိုယ့်ကိုယ်ကို အော် နေမကောင်းလို့စား

တာဘဲ ဆိုပြီး အလိုလိုက်မိတာ။ ဒီနေ့ပေါင်ချိန်ကြည့် တော့ ၅ပေါင်တိုးနေတယ်။ဒါနဲ့ ဆို overweight က

ပေါင် ၂၀ဖြစ်သွားပြီ ။ Gym သွားရင်လဲ ပိုက်ဆံကုန် တာဘဲအဖက်တင်မှာ ပျင်းတာနဲ့ သွားဖြစ်မှာမဟုတ်

ဘူး ။ကိုယ်ဖာသာကိုယ်ဘဲ စီမံကိန်းဆွဲ ရတော့တာပေါ့ ။အအေးတလမသောက်ဘူး၊ရေ တနေ့ ၂ လီတာ

သောက်မယ်။ဝက်သားတလဖြတ်မယ်။ဘရဏီက အသီးအရွက်လုံးဝမစားဘူး ။မကြိုက်လို့  အခု

ကြိတ်မှိတ်ပြီးများများစားမယ်။မနက်တိုင်း ၁ နာရီလမ်းလျှောက်မယ်။အဆုတ်အအေးပြန်မပတ်အောင်

အေးအေး၊မအေးအေး အနွေးထည် ၀တ်သွားမယ်။အိပ်ချိန်လျှော့ မယ်။ခါတိုင်းတနေ့  ၁၀နာရီအိပ်တယ် ။

ဝတာမကောင်းဘူး ကိုယ့်ကို ကိုယ်ယုံကြည်မှု အင်မတန်လျှော့ နည်းတယ်။




လိုအပ်သောပစ္စည်းများ ။         ။သရက်သီးတလုံး၊မုံလာဥ တဥ၊ သံပုရာသီးတလုံး၊ ငရုတ်သီးစိမ်း

အနည်းငယ်၊ပုဇွန်ခြောက် အနည်းငယ်၊ကြက်သွန်နီအသေးတလုံး၊ပဲငံပြာရည်အကြည်၊ငံပြာရည်၊

 Sweet chili sauce၊မြေပဲ အနည်းငယ်၊နံနံပင်။

 ပြင်ဆင်ပုံ။    ။
သရက်သီးကိုအချောင်းလေးတွေလှီးပေးထားပါ၊မုံလာဥတလုံးကို အမျှင်လေးတွေရအောင်ခြစ်ထားပေးပါ။

ငရုတ်သီးစိမ်းကိုပါးပါးလှီးထားပြီးတော့ ၊ကြက်သွန်ကိုလည်း ပါးပါးလှီးပြီး ရေဆေးပေးထားပါ။

ပြီးရင် အကုန်လုံးကို ဇလုံတလုံးထဲထည့် ပြီး ငံပြာရည် ၁ဇွန်း ၊သံပုရာရည်တဇွန်း ၊သကြားအနည်းငယ်၊

Sweet chili sauce ၁ဇွန်း၊၊ပဲငံပြာရည် အကြည် ၁ဇွန်းထည့်ပြီးနယ်ပေးပါ။ပြီးရင်မြေပဲလေး

ဖြူးပြီးစားနိုင်ပါပြီ။ကြက်သွန်နီကြော်တွေဘာတွေကြော်ပြီူသားရှိရင်လဲဖြူးစားပေးလို့ ရပါတယ်။မွှေးတာ

ပေါ့။ထိုင်းအသုတ်တွေက အချို၊အငံ၊အစပ်၊အချဉ် ညီမျှတာလေးတွေများတယ်။

အဒေါ်တယောက် သန်လျင်မှာဆရာမလုပ်တုန်း ကသူ့ ကိုသန်လျင်ကတပည့် တွေလုပ်ကျွေးတာ သခွားသီး

ကျောက်ဖိသုတ်ဆိုတာ အရမ်းစားကောင်းတယ်။သူအိမ်မှာ တခါလာလုပ်ကျွေးလို့ စားဖူးတယ်။နည်းလေး

ပြန်မေးထားတယ်။နည်းရရင်လုပ်နည်းလေးတင်ပေးမယ်။သရက်သီးကလေ၀ယ်လာတုန်းကအစိမ်း

အိမ်ကြမှ သူ့ဖာသာသူ နည်းနည်းမှည့် သွားတယ်။

7 comments:

Candy said...

အသုပ်ကြည့်ရတာတော့ ရှယ်ပဲ.. သရေကျသွားတယ် မမရေ...

ငါ့အမရဲ့ Diet plan လည်း အောင်မြင်ပြီး ၀ိတ်မြန်မြန်ကျပါစေ :D :D

စံပယ်ချို said...

အဲလိုချဉ်ချိုစပ်အရသာလေးတွေကြိုက်ပါ့
စားချင်လိုက်တာဟယ်

Chan Mya Soe said...

ဒီဘလော့ကို လာကြည့်တိုင်း ဗိုက်ဆာတယ်ဗျာ :D

ဘရဏီ said...

@candy မြန်မြန်ဝိတ် ကျမှဘဲကန်ဒီရေကြာရင် လူစစ်စစ်ကနေ၀က်ဘ၀ပြောင်းသွားခြင်းဆိုပြီးသတင်းစာ
ထဲပါလာတော့မှာ။
@မမဂျက်ကြီး ဘရဏီလဲ မမဂျက်ကိုသုတ်ကျွေးချင်လိုက်
တာ။
@ ကိုချမ်းမြေ့ စိုး နောက်တခါမုန့် အရင်စားပြီးမှ လာ
လည်နော်၊ဗိုက်ဆာမှာစိုးလို့ (စတာ) :D

Iora said...

အသုတ်ကတော့အကုန်နီးပါးကြိုက်တယ်မြန်မာပီပီ။း))
သခွားသီးကျောက်ဖိသုတ်က ကျွတ်ကျွတ်လေးအရမ်းစားလို့ ကောင်းတယ်။ အိမ်မှာအလှူဆိုအဒေါ်ကအမြဲလုပ်လုပ်ပေးတယ်။ သွားရည်ယိုရသေးတာပေါ့......
တော်တော်ဖျားလိုက်တာလား။ အဆုတ်အအေးမမိအောင်တော့သတိထားနော်။
ရေချိုးပြီးတာနဲ့ နွေးနွေးလေးနေပေါ့နော်။
အိုင်အိုရာ

ဘရဏီ said...

တော်တော်ဖျားလိုက်တာတီတီရဲ့  ၁ပတ်လောက်။ချောင်းဆိုး ၊ချောင်းကိုက်၊နှာစေး
ချောင်းဆိုးတာမှမတရားကိုဆိုးတာ။ဟုတ်တယ်သခွားသီး
ကျောက်ဖိသုတ်က ကျွတ်ကျွတ်လေး အရမ်းးစားလို့ 
ကောင်းတာ။

မိုးသက် said...

ဖျားပြီးခံတွင်းပျက်နေတာ.. အဲဒီအသုတ်နဲ့ကျတော့ သွားရည်ကျတယ်ဗျာ.။

Related Posts Plugin for WordPress, Blogger...