Pages

Saturday 17 March 2012

Oxford (2)

                                    ဟိုတနေ့ကအဆက် Science Museum ထဲကDali Clock။
သစ်သားဆရာဝန် နားကြပ် ။ရယ်ရသေးတယ်။ရှင်းပြတဲ့ သူက အဲ့ ဒါရှေးခေတ်တုန်းက နားကြပ်တဲ့ ။

ငတုံးတို့ က မျက်စိထဲ ပြေးပြီးမြင် လိုက်တာက ရှေးခေတ် တုန်းက သီချင်းနားထောင်တဲ့ နားကြပ်ပေါ့ ။

အဆုံးစွန်အထိတွေးလိုက်တာက လက်ကလေးနဲ့ ကိုင်ပြီး ဟိုဘက်တခုဒီဘက်တခု နားထောင်ရမယ်ပေါ့။

အဲ့ ဒီလိုဘဲထင်ထားတာ ။အိမ်ရောက်တော့ဓါတ်ပုံတွေ ပြန်ကြည့် ရင်းနဲ့  ရှေးတုန်းက သီချင်း နားထောင်

တဲ့ နားကြပ်က သစ်သားနဲ့ စလုပ်ခဲ့ တာနော်ဆိုတော့။ ချစ်ချစ်ကပြူးကြည့် တယ်။နောက်တခါလည်း ထပ်

မေးသေးတယ်။ဘာကိုပြောတာလဲတဲ့ ။ဒီမှာကြည့်  သီချင်းနားထောင်တဲ့  နားကြပ်ဆိုတော့။ခွက်ထိုးခွက်

လှန်ရယ်ပြီး အဲ့ ဒါဆရာဝန် စမ်းသပ်တဲ့  နားကြပ်တဲ့ ။ဟီး ဟီး တခါတလေလဲ ပညာရှိသတိဖြစ်ခဲပေါ့။


     Trinity College ပုံ။ဒီကောလိပ်က ၀င်ကြေးသက်သာတယ် ။တယောက်ကိုနှစ်ပေါင်ဘဲပေးရတယ်။



                                                  ကောလိပ်ဘုရားကျောင်း။


   ထမင်းစားခန်း။Christ Church ကထမင်းစားခန်းလောက်တော့မသားနားပါ။


                                          ကျောင်းအနောက်ဘက်က ဥယျာဉ် လေး။

                                              စက်ဘီးစီးတဲ့လူတွေအတော်များသည်။
               မြန်မာနိုင်ငံက  မ   သွားသော ဘုရား။ဒါက ASHMOLEAM  MUSEUM ထဲက။
                                                       ဘုရားအောက်ကရေးထားသောစာ။


                                      ဒီခုံလေးကယွန်းနဲ့ လုပ်ထားတဲ့ ခုံလေး။

                                                   ဂျေရုစလင်ကဘုရားကျောင်း။(ပုံစံငယ်)

             ရှေးခေတ် လူလတ်တန်းစားတွေရဲ့  Dessert  Table။စားပြီးရင်ဆေး ရမယ့်ခွက်တွေ  ပန်းကန်

တွေကတော်တော်များတယ်။


  ဘယ်သူပုံလဲလို့ တော့မမေးနဲ့ မသိဘူး။ပုံကတော်တော် အသက်ဝင်ပြီးကြောက်ဖို့ ကောင်းလို့ ရိုက်လာတာ။
                ဘာပန်းလဲတော့မသိဘူး။ချယ်ရီပန်းများ ဖြစ်နေ မလားမသိဘူး။

       ဒီပန်းလေးလဲလှတာဘဲ။ ASHMOLEAM  MUSEUM ထဲကထွက်တော့ ညနေ ၆နာရီ ထိုးနေပြီ။

ပြန်ပြီးတော့လည်းအေးလာပြီ။ကားက ခုနှစ်နာရီခွဲကြ မှထွက်မှာဆိုတော့  မြို့ ထဲမှာဟိုကြည့် ဒီကြည့်

ကြည့် ပြီးတော့ မနက်က ကော်ဖီသောက်ခဲတဲ့  Taylor ဆိုင်လေးကို ပြန်ရောက်လာခဲ့ တယ်။ဆိုင်မှာ

ညနေဘက် Thai Green Curry ရတယ်ဆိုတာတွေလို့ စားကြည့်  တာမကြိုက်ပါ။ မကြိုက်ရတဲ့  အကြောင်း

ရင်းက ပင်စီမ်းရွက်နံကြောင့်ပါ။ဘရဏီကပင် စိမ်းရွက်နံလုံးဝမကြိုက်ပါ။ နောက်ဆုံးတော့  မနက်က

စားခဲ့ တဲ့သိုးသား စမူဆာ ဘဲပြန်စားခဲ့ ရတယ်။တော်တော်စားလို့ ကောင်းတယ်။ကားက ၇ နာရီခွဲထွက်ပြီး

လန်ဒန်ကို ည ၉နာရီမထိုးခင်ပြန်ရောက်ပြီး အိမ်ကို ၁၀ နာရီကျော်ကျော်လောက် မှာပြန်ရောက်ပါတယ်။

နေလေးပူပြီး သိပ်မအေးရင် ပိုပြီးတော့နေရာစုံအောင်ရောက်မှာ။ဒီတခေါက် One Day Trip ကသိပ်ပျော်

ဖို့ မကောင်းပါ။

3 comments:

Mrs. Bagel said...

တစ်ခေါက်လောက်တော့ ရောက်ဖူးချင်သား။ ပန်းချီကားက ကြောက်ဖို့ကောင်းလို့ ခဏပဲကြည့်လိုက်တယ်။

စံပယ်ချို said...

Trinity College ပုံစံလေးကလှလိုက်တာနော် မြန်မာပြည်က ဘုရားလဲရှိတယ်လား---
ဂျေရုစလင်ကဘုရားကျောင်း။ပုံလေးအတွက်ကျေးဇူး အထူး
သွားချင်နေတာအဲဒီနေရာကိုလေ ဘုရားကျောင်းကိုသွား
ကြည့်ချင်တာပါ ခုတင်တဲ့ပုံလေးတွေတစ်ချို့ကူးထားတယ်နော်
ချစ်တဲ့ jasmine

ဘရဏီ said...

@မမြတ်ကြည် ဟုတ်တယ်အဲ့ ဒီပန်းချီကားကြီးက
ကြောက်ဖို့ ကောင်းတယ်။
@မမဂျက် ကြိုက်တဲ့ ပုံလေးတွေကူးသာသွား

Related Posts Plugin for WordPress, Blogger...