Pages

Tuesday 27 March 2012

Chicken Katsu



chicken katsu ဟင်းအတွက်ပြင်ဆင်ချိန် မိနစ် ၃၀ နဲ့ ၊ချက်ပြုတ်ချိန် မိနစ် ၃၀လိုအပ်ပါတယ်။

chicken katsu ကဂျပန် အစားအစာဖြစ်ပါတယ်။ အခုချက်နည်းက ယူကေ Good Food Channel က Chef

Ching-He Haung ရဲ့  နည်းပါ။ပိုပြီးတော့ လွယ်ကူသွားအောင် ၂ ပိုင်းခွဲပြီးပြောပြမယ်။ပထမဆုံး ဆော့(စ်)

လုပ်နည်းလေးအရင်ပြောပြမယ်။




ဆော့(စ်) အတွက်လိုအပ်တာက ဌက်ပျောသီး ၂ လုံး ၊ပန်းသီးအစိမ်း ၂ လုံး ( Granny Smith apple)၊ပျားရည်

၂ဇွန်း၊ ဆနွမ်းမှုန့်  လက်ဘက်ရည်ဇွန်းနဲ့ ၁ဇွန်း၊ ထောပတ် ထမင်းစားဇွန်း ၃ ဇွန်း ၊ဆားအနည်းငယ်၊

Tomato ketup  လက်ဘက်ရည်ဇွန်း ၂ဇွန်း  ၊ Madras ပေါင်ဒါ  လက်ဘက်ရည် ဇွန်းဝက် ၊ ကြက်သားမှုန့် 

လက်ဘက်ရည် ဇွန်း ၂ဇွန်း ၊ကြက်သွန်နီ ဥသေး ၁လုံး ၊ကြက်သွန်ဖြူ ၂ မွှာ၊ ပြောင်းမှုန့် လက်ဘက်ရည်ဇွန်း

၂ ဇွန်း  တို့ လိုအပ်ပါတယ်။




အရင်ဆုံး ပန်းသီး၊ ဌက်ပျောသီး ၊ကြက်သွန်ဖြူ ၊ကြက်သွန်နီတို့ ကိုသေး နိုင်သလောက်သေးအောင်

လှီးထားပေးပါ။


အသုံးပြုမဲ့ အိုးထဲကိုပထမဆုံး ထောပတ် ထည့် ပြီးတော့ အပူပေးပေးပါ။ပြီးရင်ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီ၊

ထည့် ပေးပါ။ ၂ မိနစ်လောက်မွှေပေးပါ။  ပြီးရင် သေးသေးလှီးထား တဲ့  ပန်းသီး၊ ဌက်ပျောသီး ကိုထည့် မွှေ

ပေးပါ။


ပန်းသီး၊ ဌက်ပျောသီးတွေ နွမ်းလာပြီဆိုရင် ပျားရည်၊Madras ပေါင်ဒါ ၊Tomato ketup ၊ဆားတို့ ကိုထည့် ပေး

ပါ။ကြက်သားမှုန့် ကို ရေ ၄၅၀ မီလီလီတာ ထဲကိုဖျော်ပေးပြီးဟင်းအိုးထဲထည့်ပါ။ပြောင်းမှုန့်  ကိုရေအေး

အနည်းငယ်နဲ့ ဖျော်ပြီးထည့် ပေးပါ။ မိနစ် ၂၀ ခန့် တည်ထားရပါမယ်။

                         မိနစ် ၂၀ခန့် ကြာတာနဲ့  ဟင်းအိုးထဲကအရေတွေကို စကာ နဲ့ စစ်ပေးပါ။



               နောက်ဆုံးပုံထဲကအတိုင်းအရေတွေကြည့် ဘဲကျန်ခဲ့ ပါမယ်။ကျန်ခဲတဲ့ အရေတွေကို မီးအပူချိန်

အနိမ့်ဆုံးထားပြီးဆက်တည်ထားပေးပါ။


ဒီတခါကြက်သားကြော်နည်းပါ။
လိုအပ်တဲ့ ပစ္စည်းတွေကကြက်ရင်ပုံ ၂ ခု ၊ဂျုံ မှုန့် အနည်းငယ် ၊ကြက်ဥ ၁လုံး ၊Bread Crumbs။


ကြက်ရင်ပုံ ၂ခုကို  ၄ ခုဖြစ်အောက် ဓါးနဲ့  အလယ်ကနေ ပိုင်းပေးပါ.ကြော်တဲ့ အခါကြရင် မြန်မြန်ကျတ်

အောင်ပါ။


ကြက်ရင်ပုံတွေကို ဂျုံအနည်း ငယ် နဲ့  ဟိုဘက်ဒီဘက် မျက်နှာပြင်  နှစ်ဘက်စလုံးကပ်ပေး ပါ။



ကြက်ဥ ၁ လုံးကို ခေါက်ထားပေးပါ။ Bread Crumbs ကိုလည်းပန်း ကန် ပြား ပြန့် ပြန့် ထဲကိုကြို တင်ပြီး

ထည့် ထားပေးပါ။



ပြီးရင် ကြက်သားကိုကြက်ဥခေါက်ထားတဲ့ အရည်ထဲကို ထည့် စိမ်ပေးပါ။ စက္ကန့်  ၂၀လောက်ဆို

ရပါပြီ။Bread Crumbs တွေကပ်ရလွယ်အာင်ပါ။


  Bread Crumbs ထည့် ထားတဲ့  ပန်းကန်ပြားထဲထည့် ပြီး ကပ်နိုင်သမျှ များများကပ်ပေးပါ။



ပြီးရင် ဆီပူအိုးထဲထည့် ပြီး မျက်နှာပြင် နှစ်ဘက်လုံးရွှေအိုရောင်သန်း လာတဲ့ အထိကြော်ပေးပါ။

                                                             ကြော်ပြီးခါစ ကြက်သား ပုံ


     ကြက်သားကြော်ကျတ်ရင် ဓားလေးနဲ့ လှီး အပေါ်ကဆော့ (စ်)ရေလေး ဆမ်းပြီး စားနိုင်ပါပြီ။


Tips
  • ဆော့(စ်)ရေ ကပူနေရပါမည်။
  • ဆော့(စ်)ရေလုပ်ရတာ ခက်ခဲလျှင် ကြက်သားကို ဒီနည်းအတိုင်းကြော်ပြီး ကြိုက်နှစ်သာရာအချဉ်ရေနဲ့ စားနိုင်ပါသည်။
  • ကျွမ်းကျင်သွားလျှင်  ဆော့ (စ်)တည်ထားတဲ့ မိနစ် ၂၀ အတွင်း ကြက်သားကြော်နိုင်သည်။

Coming up

Chocalate Ice-cream without ice-cream machine


4 comments:

Evy said...

စားချင်စရာလေးညီမရေ

မိစံ said...

မျက်စိအစာကျွေးရတာနဲ့တင်
စားလို့ကောင်းမှကောင်းပါလား
ဆော့(စ်)တောင်မလိုး)
ငါးကို အဲသလိုလေးကြော်ထားတာတော့
ခဏခဏ(အမြဲ)စားဖြစ်တယ်။
ဆိုင်မှာရောင်းတာပေါ့ကွယ်
ခုတော့..ကွကိုယ်လုပ်စားကြည့်တာပေါ့း)

စကားမစပ်..
မိစံမှာမောင်လေးတစ်ယောက်တော့
ရှိတယ်ဘရဏီရဲ့ :P :P

ဘရဏီ said...

@မ Evy ကျေးဇူးတင်ပါတယ် ။
မိစံပြော မှ ဘဲ ငါးနဲ့ ကြော်စားဖို့ သတိရသွားတယ်။
စကားမစပ် ချောလားဟင် ဟီး။

Mrs. Bagel said...

မနေ့က ကြော်စားဖြစ်တယ်။ ဆော့စ်တော့ မလုပ်ဖြစ်ဘူး။

Related Posts Plugin for WordPress, Blogger...