Pages

Tuesday 20 March 2012

ဝက်သားမျှစ်ချဉ်ဟင်း


ဝက်သားနဲ့ မျှစ်ချဉ်အတွက်လိုအပ်တဲ့ ပစ္စည်းတွေကတော့ မျှစ်ချဉ် ၂၀၀ ဂရမ်၊၀က်သား ၂၀ သားခန့် ၊

ဆား၊အချိုမှုန့် ၊ငံပြာရည် ၊ဆနွမ်း ၊ငရုတ်သီးအရောင်တင်မှုန့်  ကြက်သွန်နီဥကြီး ၁လုံး လိုအပ်ပါသည်။






မျှစ်ချဉ်ကို တရုတ်ကုန်စုံဆိုင် တွေမှာ တွေ့ ရတတ်ပါတယ်။ဈေးသိပ်မြ့ကီးပါဘူး။ဘရဏီဝယ်တာ £ 0.55 


ဘဲပေးရတယ်။



ဝက်သားကဗိုက်သားကိုသုံးတယ်။အဆီစားချင်လို့ ။ ဒီနှစ် နွေရာသီမှာ over weight ဖြစ်နေတယ်ဆိုတဲ့ 

ပေါင် ၂၀ ကို ချ ခြင်ပါတယ်။ဒါပေမယ့်  အသားဆို ၀က်ကလွဲ ရင် အသားလို့ ကိုမထင် တဲ့  အတွက်

ခတ်တယ်။
ဝက်သား ကိုလုံးချက် ချက်ပါမယ်။ ၀က်သားကို ကြက်သွန်နီ ၁ဥကိုပါးပါးလှီး၊ဆီ စားပွဲတင်ဇွန်း

၃ဇွန်းလောက်နဲ့ ဆား၊အချိုမှုန့် ၊ငံပြာရည် ၊ဆနွင်းမှုန့်  ရယ်ကိုအိုးထဲပစ်ထည့် ပြီးအိုးအဖုံး ပိတ်ချက်တာ

ကိုလုံးချက်တာလို့ ခေါ်တယ်။ကြက်သွန်တွေဘာတွေကိုဆီသတ်စရာမလိုဘူး ။အိုးထဲအကုန်ပစ်ထည့် ပြီး

ချက်ရုံဘဲ။ငါးမိနစ် တခါလောက်တော့မွှေပေးပေါ့ ။



မျှစ်ချဉ်။သူကအရေးကြီးပါတယ်။မျှစ်ချဉ်ကိုအိုးထဲကိုရေပြည့် လို နီးနီး ထည့် ပြီး ၂နာရီလောက်ပြုတ်ထား

ပေးပါ။ ၂နာရီလောက်ကနဲ ပါသေးတယ်။ဘရဏီအမေ ဆို မချက်ခင် တရက် လုံးမီးသွေးမီးဖိုပေါ်မှာ

မီးအေးအေးနဲ့ တင်ပြီး တရက်လောက်ပြုတ်ထားပါတယ်။မျှစ်ချဉ် ပြုတ်ရင်အရေးကြီးတာက အိုးအဖုံး

မပိတ်ပါနဲ့ ။မကောင်းတဲ့ အရာတွေထွက်အောင်ပါ။မကောင်းတဲ့ အရာတွေက ဘာဆိုတာ အမေကတော့

တခါပြောပြဘူးတယ်။မေ့သွားပြီ။ အခုဘဲ ရန်ကုန်ကို ဖုန်းဆက်ပြီးလှန်းမေးတာဖုန်းမကိုင်ဘူး။

၂နာရီကြာရင်မျှစ်ချဉ်အိုးထဲကိုလုံးချက်ထားတဲ့ ဝက်သားတွေတအိုး လုံးထည့် ပေးပါ။ပြီးရင်နာရီဝက်လောက်

ဆက်တည်ပေးပါ။ဆားလက်လက်ရည်ဇွန်းတဇွန်းလောက်ထည့် ပေးပါ။



ကဲယိုးဒယား မျှစ်ချဉ်ဟင်းအဆင်သင့် ဖြစ်ပါပြီ။Made in Thailand လို့ ရေးထားလို့ ။မြန်မာနိုင်ငံက

ကုန်ကြမ်းတွေဝယ်ပြီး အိတ်ထဲထည့် ရောင်းတာလဲဖြစ်နိုင်တာဘဲ။

သတိ ။    ။ စားပြီးလျှင်အလွန်အိပ်ချင် တတ်ပါသည်။ :P

Coming up  chicken ketsu

4 comments:

kay said...

ပြီးရင်လည်း တအိမ်လုံး ..တပတ်ခန့် ..မျှစ်ချဉ်နံ့ လေး မွှေးနေပါမည်။း)

ဘရဏီ said...

အဲ့ ဒါတောအမှန်ဘဲ။ :)

mstint said...

တီတင့်ကဝက်သားမစားပေမယ့် သားနှစ်ယောက်လုံးက ကြိုက်မှကြိုက် ဘရဏီရေး)။ သားတွေကိုယ်စား အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘရဏီ said...

ကြက်သားနဲ့ ချက်စားလေတီတင့် 

Related Posts Plugin for WordPress, Blogger...