Pages
Friday 9 March 2012
ကြိုက်နှစ်သက်မိသောမင်္ဂလာဆောင်များ
ဒီနေ့တော့အားအားယားယားyoutubeကနေ ဗီဒီယိုတွေလျှောက်ကြည့်ရင်းနဲ့မင်္ဂလာဆောင်ဗီဒီယိုတွေကြည့်
မိပြီးရောဂါထနေရတယ်။လှလိုက်ကြတာဆိုတာ။မင်္ဂလာဆောင်တွေကလည်းသူ့နိုင်ငံ၊သူ့ဓလေ့လေးတွေ
အလိုက်အကုန်ပျော်ဖို့ကောင်းကြတယ်။မြန်မာနိုင်ငံမှာဆိုရင် ကိုယ်ကဧည့့် သည်အနေနဲ့ဆိုရင်တော့  
ဘုန်ကြီးကျောင်းတွေ
မှာဆောင်တဲ့မင်္ဂလာဆောင်ကိုသွားရတာအပျော်ဆုံးဘဲလက်တွေ့  လဲပိုဆန်သလိုဘဲ။ကျွေးရင်လဲမြန်မာတွေ
စားတဲ့မြန်မာထမင်းဟင်းဆိုတော့ပိုမြိန်တယ်။ တောမှာဆိုရင်တော့တရွာလုံးမီးခိုးတိတ်ဝက်သားတုံးကြီး
လက်သီးဆုတ်လောက်နဲ့၊ချဉ်ပေါင်ဟင်း၊
ငပိကြော်ကျွေးမှာပေါ့။မြို့ကဟော်တယ်ကြီးတွေကကျွေးတဲ့အရာများ
ကတော့ပါးစပ်ထဲအဆီအငေါ်မတည့်ပေါင်။ ကိုယ်ဖာသာကိုဖျော်ရတဲ့ကော်ဖီလေးတခွက်နဲ့အချိုမှုန့်လေး၃၊၎
ခုရယ်ရေခဲမှုန့်တခွက်ရယ်ကဗိုက်ထဲတွင်ဘယ်ကြားညှပ်သွားမှန်းတောင်မသိရ။တကယ်တော့မင်္ဂလာဆောင်
ၾကီးတစ္ခုကိုစီစဥ္ရတာကလြယ္ကူေ သာအရာမဟုတ္ပါ။ မလြယ္ကူတာက
စီစဉ်တဲ့သူအတွက်တင်လားဆိုတော့
လည်းမဟုတ်ပေ။   ဧည့်သည်တွေအတွက်လည်း လွယ်သူသောအရာ
မဟုတ်ပါ။ခေါင်းကနေခြေထောက်အထိ
ပွဲနေပွဲထိုင်ဟူခေါ်သော အ၀တ်အစား၊ဖိနပ်၊ ဆံပင်မိတ်ကပ်များကိုစီစဉ်ရသည်။ပြီးရင်မင်္ဂလာဆောင်ကို
ကိုပိုင်ကားရှိရင်ရှိမရှိရင် ကက လေးတော့ ငှားသွားရမည်။  ကိုယ်ခြောက်ကိုးသုံး    ပြီးသွားလို့လဲမရ။
ဟိုတယ်ကြီး
များကသူဌေးရက်ကွက်ကြီးများ  အတွင်းတွင်သာရှိသည်။ ဆိုက္ကားငှားပြီးသွားလည်း မသင့်တော်။
တခါတလေ  ရွဲ့ပြီးစဉ်စားကြည့်သေးတယ်။   ဆီဒိုးနားကမင်္ဂလာဆောင်ကို ဆိုက်သားငှားပီးသွားမယ်၊
ဘယ်သူဘာပြောမလဲ
လို့ပေါ့။နောက်တခုရှိသေးတယ် ဘက်(စ်)ကားလား သွားတော င်မစဉ်းစားနဲ့တစဆီဖြစ်သွားမယ်။
တခါတလေ အမေကဂါဝန် အတိုလေးတွေစကပ်အတိုလေးတွေကိုဝတ်စေချင်တယ်။  "ဟဲ့ နင်ကအခုမှ ငယ်ငယ်လေးရှိသေး
တာ ကလေးတယောက်အမေဒီဇိုင်းနဲ့    "ဆိုပြီးအမေအမြဲပြောတယ်။ကိုယ်ကလဲပြန်ပြောရတယ်
အမေသမီးက ကိုယ်ပိုင်ကားပေါ်ကလူမဟုတ်ဘူး ဘတ်(စ်)ကားပေါ်ကို  လွှားကနဲ လွှားကနဲပြေးတက်ရတာ။
တော်ကြစကပ်အတိုက ကားပေါ်အတက်မှာ  ဂွမ်းကနဲဖြစ်သွားမှ ဒုက္ခဖြစ်နေရအုံးမယ်လို့ပြောရသေးတယ်။
အမကြီးတယောက်  ဒိုင်နာကားပေါ်အတက်အဲ့ဒီ လိုဖြစ်တာ မြင်ဘူးလို့။ဒီတော့ကာ (မိုးဒီလေသံ)
ပြောချင်တာက  မင်္ဂလာဆောင်  သွားရတာတောင်မလွယ်ဘူး။ တရုတ်မင်္ဂလာဆောင်တွေမှာလည်း
တရုတ်စာကျွေးတယ်။ကုလားမင်္ဂလာဆောင်တွေမှာ လည်းကုလားစာ ကျွေးတယ်။မြန်မာမင်္ဂလာဆောင်
တွေကြမှ ဘာလို့ ဟိုမရောက်ဒီမရောက် အစားအစာတွေကျွေးရတာလဲမသိဘူး ။ထပ်ရွဲ့  ပြီးတွေးလိုက်သေး
တယ်ငါမင်္ဂလာဆောင် ရင်ဟိုတယ်မှာ ၀က်သားနဲ့ချဉ်ပေါင် ဟင်းကျွေးရင်ကောင်းမယ်လို့။လာစားကြနော်။
ကုလားလေးရောချောလိုက်တာ။ဒင်နာကြတော့လည်း မိသားစုတွေစုံစုံလင်လင်နဲ့ဆိုကြကကြ နဲ့ပျော်
ဖို့ ကောင်းပြန်ရောနောက်ခံ   သီချင်းလေးကလဲကောင်းတယ်။
မော်ဒန်တရုတ်မင်္ဂလာဆောင် သတို့သမီးရောသတို့ သားရောက ငယ်မဲ့ပုံလေးတွေ။တခုထူးဆန်းတာက
သတိုးသားနဲ့  သတို့ သမီးမတွေခင်မှာ သတိုးသားကို ကြမ်းပြင်ပေါ်မှာဝမ်းလျှားမှောက်ပြီး အစားတွေ
စားခိုင်းတာက သူတို့ ရိုးရာလားမသိဘူး စိတ်ညစ်စရာ။Romantic  တော့တော်တော်ဆန်ပါတယ်။
ဂျူးတွေမင်္ဂလာဆောင်။သူတို့ကလည်းတမျိုးဘဲ။   ဒင်နာမှာကြမှပိုပျော်ဖို့ကောင်းတယ်။ ကလိုက်ကြတာ စုံ
နေတာဘဲ။  ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ တောင်ပါသေးတယ်။
အင်္ဂလိပ်မင်္ဂလာဆောင် ။သတိုးသမီးရဲ့ Wedding Dress ကမိုက်တယ်။ဒါပေမယ် သူ့ရှေ့က အရံတွေနဲ့
သတိုးသမီးအမေ၀တ်တဲ့  short dress လေးတွေကရိုးရှင်းပြီးပိုလှတယ်။
Cambodian Wedding မစခင်။တော်တော်အရောင်အသွေးစုံလင်တဲ့  မင်္ဂလာဆောင်လေးပါ။ဒီဗီဒီယို ထဲ
မှာတော့မင်္ဂလာဆောင်မစခင်ရိုက်ထားတာထင်တယ်။သတို့သား၊သတို့သမီး မတွေ့ ဘူး။မင်္ဂလာဆောင်
သီချင်းကလည်း မြန်မာသီချင်းကြီးနဲ့ တော်တော်တူတယ်။
                                ဂျပန်မင်္ဂလာဆောင်။ရိုးရာမင်္ဂလာဆောင်။ပျင်းစရာကောင်းတယ်။
ကောင်မလေးနှစ်ယောက်မင်္ဂလာဆောင်။ကောင်မလေး နှစ်ယောက်မင်္ဂလာဆောင်တာ(သို့) ကောင်လေး
နှစ်ယောက်မင်္ဂလာဆောင်တာကို ဘာလို့မုန်းကြတာလဲမသိဘူး။သူတို့ လဲချစ်လို့ပေါ့။ ဘယ်နေရာကမှ
မှားနေတာမဟုတ်ပါဘူး   ။ကောင်လေးကကောင်မလေးကိုချစ်သလို   ကောင်လေးကကောင်လေး  ကို
ချစ်ခွင့် (သို့)ကောင်မလေး  ကကောင်မလေးကိုချစ်ခွင့် ရှိပါတယ်။
                                      ကောင်လေးနှစ်ယောက် မင်္ဂလာဆောင်။ငယ်ကြသေးတယ်။
ဟိုတလောက Youtube မှာနံမယ်ကြီးသွားတဲ့ဗီဒီယို လေး  နဲ့အဆုံးသတ်ပါတယ်။
4 comments:
Candy said...
အဟိဟိ.. မဟုတ်မှလွဲရော..
မောင်ကလာဆင်ချင်နေဘီလား မသိဘူး..
မမ မောင်ကလာဆင်ရင် ဗွီဒီယိုလုပ်နော်။ မြန်မာမင်္ဂလာဆောင်ကျတော့ ဗွီဒီယို မရှိဘူး။ အားငယ်တယ်
ဘရဏီ said...
လုပ်အုံးမှာ။ပြီးရင် youtube ပေါ်တင်မယ်။့မြန်မာမင်္ဂလာဆောင်ရှာကြည့်
သေးတယ်။ကောင်းကောင်းမွန်မွန် မတွေလို့ ။
mstint said...
ဗဟုသုတလေးတွေယူသွားတယ် ဘရဏီရေ။
ဆီဒိုးနားမင်္ဂလာဆောင်ကိုဆိုက်ကားနဲ့တော့
မသွားပါနဲ့ကွယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘရဏီ said...
လုံခြုံရေးကရိုက်ထုတ်လိမ့်မယ်ထင်အန်တီတင့်ရေ။
Related Posts Plugin for WordPress, Blogger...