Pages

Saturday 31 March 2012

ချောကလက် ရေခဲမုန့် 


 ဒီလအတွင်းရာသီဥတု ကနည်းနည်း ပူလာပြီ။ ဦးထုတ် တွေ လက်အိတ်တွေ မာဖလာတွေ တော့ ချွတ်လို့

ရသွားပြီ။အနွေးထည် တော့ ချွတ်လို့ မရသေး မနက်စောစော နဲ့  ည နေ၀င်သွားရင်ပြန်အေးချင်သေးတယ်။

Summer အတွက်ကြိုပြီးတော့  ရေခဲမုန့် လုပ်နည်း လေးပြောပြထားမယ်။ပုံမုန် အားဖြင့် တော့

ရေခဲမုန့် ကို ရေခဲမုန့်  လုပ်တဲ့ စက်နဲ့ လုပ်ရတာပေါ့ ။ ဒါပေမယ့်  ရေခဲမုန့်  လုပ်တဲ့ စက်မရှိလဲ လုပ်လို့ 

ဖြစ်ပါတယ်။အရသာကတော့ စက်နဲ့ လုပ်သလို တော့ အရမ်းအရမ်း နူးညံမနေဘူး ပေါ့ ။တော်တော်ကြီး

နီးစပ်တယ်လို့ တော့ ပြောလို့ ရတယ်။

Tuesday 27 March 2012

Chicken Katsu



chicken katsu ဟင်းအတွက်ပြင်ဆင်ချိန် မိနစ် ၃၀ နဲ့ ၊ချက်ပြုတ်ချိန် မိနစ် ၃၀လိုအပ်ပါတယ်။

chicken katsu ကဂျပန် အစားအစာဖြစ်ပါတယ်။ အခုချက်နည်းက ယူကေ Good Food Channel က Chef

Ching-He Haung ရဲ့  နည်းပါ။ပိုပြီးတော့ လွယ်ကူသွားအောင် ၂ ပိုင်းခွဲပြီးပြောပြမယ်။ပထမဆုံး ဆော့(စ်)

လုပ်နည်းလေးအရင်ပြောပြမယ်။

Tuesday 20 March 2012

ဝက်သားမျှစ်ချဉ်ဟင်း


ဝက်သားနဲ့ မျှစ်ချဉ်အတွက်လိုအပ်တဲ့ ပစ္စည်းတွေကတော့ မျှစ်ချဉ် ၂၀၀ ဂရမ်၊၀က်သား ၂၀ သားခန့် ၊

ဆား၊အချိုမှုန့် ၊ငံပြာရည် ၊ဆနွမ်း ၊ငရုတ်သီးအရောင်တင်မှုန့်  ကြက်သွန်နီဥကြီး ၁လုံး လိုအပ်ပါသည်။

Saturday 17 March 2012

Oxford (2)

                                    ဟိုတနေ့ကအဆက် Science Museum ထဲကDali Clock။
သစ်သားဆရာဝန် နားကြပ် ။ရယ်ရသေးတယ်။ရှင်းပြတဲ့ သူက အဲ့ ဒါရှေးခေတ်တုန်းက နားကြပ်တဲ့ ။

ငတုံးတို့ က မျက်စိထဲ ပြေးပြီးမြင် လိုက်တာက ရှေးခေတ် တုန်းက သီချင်းနားထောင်တဲ့ နားကြပ်ပေါ့ ။

အဆုံးစွန်အထိတွေးလိုက်တာက လက်ကလေးနဲ့ ကိုင်ပြီး ဟိုဘက်တခုဒီဘက်တခု နားထောင်ရမယ်ပေါ့။

အဲ့ ဒီလိုဘဲထင်ထားတာ ။အိမ်ရောက်တော့ဓါတ်ပုံတွေ ပြန်ကြည့် ရင်းနဲ့  ရှေးတုန်းက သီချင်း နားထောင်

တဲ့ နားကြပ်က သစ်သားနဲ့ စလုပ်ခဲ့ တာနော်ဆိုတော့။ ချစ်ချစ်ကပြူးကြည့် တယ်။နောက်တခါလည်း ထပ်

မေးသေးတယ်။ဘာကိုပြောတာလဲတဲ့ ။ဒီမှာကြည့်  သီချင်းနားထောင်တဲ့  နားကြပ်ဆိုတော့။ခွက်ထိုးခွက်

လှန်ရယ်ပြီး အဲ့ ဒါဆရာဝန် စမ်းသပ်တဲ့  နားကြပ်တဲ့ ။ဟီး ဟီး တခါတလေလဲ ပညာရှိသတိဖြစ်ခဲပေါ့။


     Trinity College ပုံ။ဒီကောလိပ်က ၀င်ကြေးသက်သာတယ် ။တယောက်ကိုနှစ်ပေါင်ဘဲပေးရတယ်။



                                                  ကောလိပ်ဘုရားကျောင်း။


   ထမင်းစားခန်း။Christ Church ကထမင်းစားခန်းလောက်တော့မသားနားပါ။


                                          ကျောင်းအနောက်ဘက်က ဥယျာဉ် လေး။

                                              စက်ဘီးစီးတဲ့လူတွေအတော်များသည်။
               မြန်မာနိုင်ငံက  မ   သွားသော ဘုရား။ဒါက ASHMOLEAM  MUSEUM ထဲက။
                                                       ဘုရားအောက်ကရေးထားသောစာ။


                                      ဒီခုံလေးကယွန်းနဲ့ လုပ်ထားတဲ့ ခုံလေး။

                                                   ဂျေရုစလင်ကဘုရားကျောင်း။(ပုံစံငယ်)

             ရှေးခေတ် လူလတ်တန်းစားတွေရဲ့  Dessert  Table။စားပြီးရင်ဆေး ရမယ့်ခွက်တွေ  ပန်းကန်

တွေကတော်တော်များတယ်။


  ဘယ်သူပုံလဲလို့ တော့မမေးနဲ့ မသိဘူး။ပုံကတော်တော် အသက်ဝင်ပြီးကြောက်ဖို့ ကောင်းလို့ ရိုက်လာတာ။
                ဘာပန်းလဲတော့မသိဘူး။ချယ်ရီပန်းများ ဖြစ်နေ မလားမသိဘူး။

       ဒီပန်းလေးလဲလှတာဘဲ။ ASHMOLEAM  MUSEUM ထဲကထွက်တော့ ညနေ ၆နာရီ ထိုးနေပြီ။

ပြန်ပြီးတော့လည်းအေးလာပြီ။ကားက ခုနှစ်နာရီခွဲကြ မှထွက်မှာဆိုတော့  မြို့ ထဲမှာဟိုကြည့် ဒီကြည့်

ကြည့် ပြီးတော့ မနက်က ကော်ဖီသောက်ခဲတဲ့  Taylor ဆိုင်လေးကို ပြန်ရောက်လာခဲ့ တယ်။ဆိုင်မှာ

ညနေဘက် Thai Green Curry ရတယ်ဆိုတာတွေလို့ စားကြည့်  တာမကြိုက်ပါ။ မကြိုက်ရတဲ့  အကြောင်း

ရင်းက ပင်စီမ်းရွက်နံကြောင့်ပါ။ဘရဏီကပင် စိမ်းရွက်နံလုံးဝမကြိုက်ပါ။ နောက်ဆုံးတော့  မနက်က

စားခဲ့ တဲ့သိုးသား စမူဆာ ဘဲပြန်စားခဲ့ ရတယ်။တော်တော်စားလို့ ကောင်းတယ်။ကားက ၇ နာရီခွဲထွက်ပြီး

လန်ဒန်ကို ည ၉နာရီမထိုးခင်ပြန်ရောက်ပြီး အိမ်ကို ၁၀ နာရီကျော်ကျော်လောက် မှာပြန်ရောက်ပါတယ်။

နေလေးပူပြီး သိပ်မအေးရင် ပိုပြီးတော့နေရာစုံအောင်ရောက်မှာ။ဒီတခေါက် One Day Trip ကသိပ်ပျော်

ဖို့ မကောင်းပါ။

Wednesday 14 March 2012

Oxford



အောက်စ်ဖို့တက္ကသိုလ်ရဲ့ အောက်ကနံမယ်ကြီးတခုဖြစ်တဲ့  Christ Church ကောလိပ်ရဲ့ အ၀င်ဝ။

Holiday နှစ်ပတ်ရတုန်းလေးလျှောက်သွားထားတာတွေပါ။ လန်ဒန်ကနေ မနက်၅နာရီလောက်

ထ၊ ရထားစီးပြီးတော့ကားစီးရမဲ့ Victoria Coach Station ကို ၆နာရီခွဲလောက်ထဲ ကရောက်နေတယ်။

ကားက၇နာရီခွဲကြမှထွက်မှာ  တနာရီလောက်စောင့် လိုက်ရတယ်။ကားက Oxfordကို ၉နာရီလောက်မှ

Saturday 10 March 2012

ငါးမိနစ်အတွင်းကိတ်မုန့်ဖုတ်နည်း




အင်တာနက်ကနေပြီးငါးမိနစ်   အတွင်းကိတ်မုန့်ဖုတ်နည်းလေး  ဖတ်မိပြီး   စမ်းသတ်ကြည့်တာအောင်မြင်

ပြီးစားလို့လဲကောင်းလို့ပြန်ပြီး  share လိုက်တာပါ။

Friday 9 March 2012

ကြိုက်နှစ်သက်မိသောမင်္ဂလာဆောင်များ

ဒီနေ့တော့အားအားယားယားyoutubeကနေ ဗီဒီယိုတွေလျှောက်ကြည့်ရင်းနဲ့မင်္ဂလာဆောင်ဗီဒီယိုတွေကြည့်

မိပြီးရောဂါထနေရတယ်။လှလိုက်ကြတာဆိုတာ။မင်္ဂလာဆောင်တွေကလည်းသူ့နိုင်ငံ၊သူ့ဓလေ့လေးတွေ

အလိုက်အကုန်ပျော်ဖို့ကောင်းကြတယ်။မြန်မာနိုင်ငံမှာဆိုရင် ကိုယ်ကဧည့့် သည်အနေနဲ့ဆိုရင်တော့  

ဘုန်ကြီးကျောင်းတွေ

မှာဆောင်တဲ့မင်္ဂလာဆောင်ကိုသွားရတာအပျော်ဆုံးဘဲလက်တွေ့  လဲပိုဆန်သလိုဘဲ။ကျွေးရင်လဲမြန်မာတွေ

စားတဲ့မြန်မာထမင်းဟင်းဆိုတော့ပိုမြိန်တယ်။ တောမှာဆိုရင်တော့တရွာလုံးမီးခိုးတိတ်ဝက်သားတုံးကြီး

လက်သီးဆုတ်လောက်နဲ့၊ချဉ်ပေါင်ဟင်း၊

ငပိကြော်ကျွေးမှာပေါ့။မြို့ကဟော်တယ်ကြီးတွေကကျွေးတဲ့အရာများ

ကတော့ပါးစပ်ထဲအဆီအငေါ်မတည့်ပေါင်။ ကိုယ်ဖာသာကိုဖျော်ရတဲ့ကော်ဖီလေးတခွက်နဲ့အချိုမှုန့်လေး၃၊၎

ခုရယ်ရေခဲမှုန့်တခွက်ရယ်ကဗိုက်ထဲတွင်ဘယ်ကြားညှပ်သွားမှန်းတောင်မသိရ။တကယ်တော့မင်္ဂလာဆောင်

ၾကီးတစ္ခုကိုစီစဥ္ရတာကလြယ္ကူေ သာအရာမဟုတ္ပါ။ မလြယ္ကူတာက

စီစဉ်တဲ့သူအတွက်တင်လားဆိုတော့

လည်းမဟုတ်ပေ။   ဧည့်သည်တွေအတွက်လည်း လွယ်သူသောအရာ

မဟုတ်ပါ။ခေါင်းကနေခြေထောက်အထိ

ပွဲနေပွဲထိုင်ဟူခေါ်သော အ၀တ်အစား၊ဖိနပ်၊ ဆံပင်မိတ်ကပ်များကိုစီစဉ်ရသည်။ပြီးရင်မင်္ဂလာဆောင်ကို

ကိုပိုင်ကားရှိရင်ရှိမရှိရင် ကက လေးတော့ ငှားသွားရမည်။  ကိုယ်ခြောက်ကိုးသုံး    ပြီးသွားလို့လဲမရ။

ဟိုတယ်ကြီး

များကသူဌေးရက်ကွက်ကြီးများ  အတွင်းတွင်သာရှိသည်။ ဆိုက္ကားငှားပြီးသွားလည်း မသင့်တော်။

တခါတလေ  ရွဲ့ပြီးစဉ်စားကြည့်သေးတယ်။   ဆီဒိုးနားကမင်္ဂလာဆောင်ကို ဆိုက်သားငှားပီးသွားမယ်၊
ဘယ်သူဘာပြောမလဲ

လို့ပေါ့။နောက်တခုရှိသေးတယ် ဘက်(စ်)ကားလား သွားတော င်မစဉ်းစားနဲ့တစဆီဖြစ်သွားမယ်။
 
တခါတလေ အမေကဂါဝန် အတိုလေးတွေစကပ်အတိုလေးတွေကိုဝတ်စေချင်တယ်။  "ဟဲ့ နင်ကအခုမှ ငယ်ငယ်လေးရှိသေး

တာ ကလေးတယောက်အမေဒီဇိုင်းနဲ့    "ဆိုပြီးအမေအမြဲပြောတယ်။ကိုယ်ကလဲပြန်ပြောရတယ်

အမေသမီးက ကိုယ်ပိုင်ကားပေါ်ကလူမဟုတ်ဘူး ဘတ်(စ်)ကားပေါ်ကို  လွှားကနဲ လွှားကနဲပြေးတက်ရတာ။

တော်ကြစကပ်အတိုက ကားပေါ်အတက်မှာ  ဂွမ်းကနဲဖြစ်သွားမှ ဒုက္ခဖြစ်နေရအုံးမယ်လို့ပြောရသေးတယ်။

အမကြီးတယောက်  ဒိုင်နာကားပေါ်အတက်အဲ့ဒီ လိုဖြစ်တာ မြင်ဘူးလို့။ဒီတော့ကာ (မိုးဒီလေသံ)

ပြောချင်တာက  မင်္ဂလာဆောင်  သွားရတာတောင်မလွယ်ဘူး။ တရုတ်မင်္ဂလာဆောင်တွေမှာလည်း

တရုတ်စာကျွေးတယ်။ကုလားမင်္ဂလာဆောင်တွေမှာ လည်းကုလားစာ ကျွေးတယ်။မြန်မာမင်္ဂလာဆောင်

တွေကြမှ ဘာလို့ ဟိုမရောက်ဒီမရောက် အစားအစာတွေကျွေးရတာလဲမသိဘူး ။ထပ်ရွဲ့  ပြီးတွေးလိုက်သေး

တယ်ငါမင်္ဂလာဆောင် ရင်ဟိုတယ်မှာ ၀က်သားနဲ့ချဉ်ပေါင် ဟင်းကျွေးရင်ကောင်းမယ်လို့။လာစားကြနော်။




Monday 5 March 2012

အိမ်လုပ်ပီဇာ(Chicken and Chorizo Pizza)

 ဒီနေ့ ပီဇာလုပ်ကြမယ်။ပီဇာမလုပ်တတ်ခင်တုန်းကသူများတွေလုပ်တာကြည့် ပြီးအရမ်းခက်ခဲမယ်ထင်ခဲ့
တာကိုယ်တိုင်လုပ်ကြည့် တော့သိပ်ခက်ခက်ခဲခဲမရှိဘူး။ရုံးပိတ်ရက်၊ကျောင်းပိတ်ရက်တွေမှာမိသားစုနဲ့ အတူတူလုပ်စားရင်ပျော်ရွှင်ဖို့ ကောင်းမှာပါ။ ကြက်သားနဲ့chorizoကဘရဏီအကြိုက်ဆုံးပီဇာ။တခြားပီဇာတွေဆို
သိပ်မကြိုက်ဘူးအီလို့ ဒီပီဇာကJalapenos ပါတော့စပ်စပ်ကလေး။လိုအပ်တဲ့ပစ္စည်းတွေကတော့ပီဇာ
dough အတွက်ဂျုံ၊ပျားရည်၊သံလွင်ဆီ၊Dried yeast ၊ဆားလိုအပ်ပါတယ်။

Saturday 3 March 2012

ဝက်သားကြံမဆိုင်



ဝက်သားကြံမဆိုင်ဟင်းကချက်ရတာအလွန်လွယ်ကူပါတယ်။ဟင်ချက်ချိန်လည်း မိနစ်၂၀-၃၀အတွင်းဘဲ
ကြာတယ်။ဟင်းတွေချက်သလိုဆီသက်ချက်စရာလည်းမလိုပါဘူး။သူမျာတွေတော့ဘယ်လိုချက်လည်းမသိဘူး။
ဒီနည်းလေးကဘရဏီတို့ အိမ်ရဲ့ ချက်နည်းပါ။

Thursday 1 March 2012

Westminister သို့ တညနေတာ(၂)

                Buckingham Palace ပုံ။UK ဘုရင်မကြီးရဲ့ နန်းတော်။၁၇၀၃ခုနှစ်ကဆောက်ထားတာပါ။
  Buckingham နန်းတော်မှာအခန်းပေါင်း၇၇၅ခန်းရှိတယ်။Staff တွေထားတဲ့အခန်းတောင်
၁၈၈ခန်းရှိတယ်၊နိုင်ငံတကာဧည့် တွေလာရင်တည်းဖို့ က၅၂ခန်း၊ရုံးခန်းအတွက်က၉၂ခန်း။ရေချိုးခန်း
၊အိမ်သာ၇၈ခန်း။ကျန်တဲ့ အခန်းတွေကတော့ဘာလုပ်ထားလဲမသိဘူး။တူတူပုန်းတန်း
ကစားရင်သိပ်ပျော်ဖို့ ကောင်းမှာအခန်းတွေအများကြီးဘဲ။ကိုယ်တွေရဲ့ မြန်မာသံရုံးလဲဒီနားမှာဘဲရှိတယ်။

Related Posts Plugin for WordPress, Blogger...