Pages

Friday 1 June 2012

သရက်သီးရေခဲမုန့် (Mango Ice-cream)




နွေရာသီဘဲရောက်ပီဆိုတော့   သရက်သီး ရေခဲမုန့် လေးစားကြတာပေါ့ ။ အလုပ်တွေ များတွေလို့ 

ကိုယ် ဘလော့ ကိုယ် တောင်ပြန်မလည်နိုင်တာ တောင် ၁ပတ်ကျော်ပြီ( ပျင်းတာလဲပါတယ်။)။

ဒီတပတ်ရေခဲမုန့် စားကြတာပေါ့ ။






 ရေခဲမုန့် လုပ်ဖို့ အတွက်လိုအပ်တာတွေက

သရက်သီး အနှစ် ၁၄ အောင်စ

နို့ ဆီ ၁ ဗူး

Double cream ဗူးဝက် တို့ လိုအပ်ပါတယ်။

သရက်သီး အနှစ် ၀ယ်လို့ မရရင် ရိုးရိုးသရက်သီး မှည့် ကို ဘဲ ဖျော်ရည် စက်ထဲ ထည့် ကြိတ်ပြီး အနှစ်လုပ်

လို့ ရတယ်။


ပြီးရင် အဖုံးပါတဲ့ ဗူးတဘူးထဲကို သရက်သီး အနှစ်တဗူးလုံးရယ် ၊ နို့ ဆီ တဗူးရယ် ၊ Double cream ဗူးဝက်

ရယ်ထည့် ပြီးမွှေ ပေးပါ။ ၁၀ မိနစ်လောက် Double cream တွေ ထူလာပြီလို့  လက်နဲ့ မွှေ နေရင်း ခံစား

ရလောက်တဲ့ ထိမွှေပေးပါ။  အမွှေမတော်ရင် လဲရေခဲမုန့် ကနေရေခဲချောင်းဖြစ်သွားတတ်တယ်။


ပြီးရင် ရေခဲသေတ္တထဲက ဖရီဇာ ထဲမှာ ၅နာရီလောက်အအေးခံပေးပါ။ ခဲသွားတဲ့ အထိပေါ့  ။



မစားခင် ၁၀-၁၅ မိနစ်လောက်ဗူးကို အပြင်ထုတ်ထားပေးပါ။ရေခဲမုန့် ခပ်ရတာလွယ်ကူအောင်လို့ ပါ။

တဗူးကို လူ ၅-၆ အတွင်းလောက်စားလို့ ရပါတယ်။ အစားမကြီးဘူးဆိုရင်ပေါ့ ။

ဒီ Weekends ကို ဘုရင် မကြီးရဲ သရဖူဆောင်းတဲ့ နှစ်ခြောက်ဆယ်ပြည့်    Diamond Jubliee ပွဲ သွားပြီး

Street Photographer သွားလုပ်အုံးမယ်။ပြီးရင် ဓါတ်ပုံတွေတင် ပေးမယ်။

8 comments:

မိစံ said...

အိုခေ..
ရေခဲမုန့်စားရင်းစောင့်နေမယ်
ပန်လာခဲ့း)

ဘရဏီ said...

စောင့်  နေ အချစ်ပန်လာခဲ့ မယ်။

Anonymous said...

သရက်သီးရေခဲမုန့်တခါမှမစားဖူးဘူး
စားကောင်းမယ့်ပုံဘဲနော်

Evy said...

ဘရဏီ့ပုံလေးကြည့်ရတာ ရေခဲမုန့်မကြိုက်တဲ့ အစ်မတောင် ရေခဲမုန့်လုပ်စားချင်လာတယ်

ဘရဏီ said...

Camomile ရေ စားလို့ ကအရမ်းကောင်းတာ
တခါထဲ အများကြီးမစားမိအောင် ကိုယ်ကို ကိုယ်မနည်းထိမ်းနေရတယ် ဟီး

မ Evy ဖုတ်နဲ့ ကိတ်မုန့် လေးတွေနဲ့ တွဲစားရင်ပို
ကောင်းမယ်ထင်တယ်။

mstint said...

သရက်သီးရေခဲမုန့် လုပ်နည်းလေး ဖတ်ရင်း မှတ်လိုက်ပြီ ဘရဏီရေ။ စားကောင်းမယ့်ပုံပဲး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘရဏီ said...

လုပ်စားကြည့် ပါလားတီတင့် ရဲ့ လွယ်ပါတယ်။

Iora said...

မန့် တာ၂ခါရှိသွားပြီ။ မရဘူးဖြစ်နေတယ်။
ဘာကြောင့်လဲသိပါဘူး။
အိုင်အိုရာ

Related Posts Plugin for WordPress, Blogger...