Pages

Sunday 3 June 2012

Diamond Jubliee Day 1


ဘုရင် မကြီးရဲ့  Diamond Jubliee  အထမ်းအမှတ် နဲ့  ဒီမှာ Bank Holiday ဆိုပြီး ၄ ရက်ပိတ်တယ်။ပထမ

နေ့  အနေ နဲ့ က Derby မှာဘုရင် မကြီးမြင်းပွဲ သွားကြည့် တယ်။ဒုတိယနေ့  ကလှေပွဲ ။ သွားကြည့် ချင်တာ

ကလှေပွဲ  ဒါပေမယ် ဒီနေ့  မြို့ ထဲရောက်နေလို့  ဓါတ်ပုံလေးတွေ ရိုက်လာတာ။ပထမ ဦးဆုံး ပုံ က

မြို့ လယ်က Oxford Circus လမ်းမကြီးပေါ် မှာ ။






                                                          ဒီပုံ က Regent Street က ပုံ




ဆိုင် တွေကလဲသူ့ ထက်ငါ အပြိုင်အဆိုင် ထိုပွဲ အတွက် အလှဆင်ပြီး လူတွေ ဆီကနေ ပိုက်ဆံတွေ

ချူကြတယ်။



             ရှေးဟောင်းပုံ စံလေး ။တမျိုးလေးပေါ့ ။


               အလားကန်။အလံကား။


                                                                       God save their Queen




                              အိမ်တွေဆိုင်တွေ ကျောင်းတွေ ကားတွေမှာ ဒီအလံတွေကြည့် ဘဲ။





ဆိုင်တွေကလည်း အမျိုးမျိုး လုပ်ရောင်းကြတယ်  Jubliee  ကိတ်၊ Jubliee  အိတ်၊  Jubliee  အတွက် ဘောင်း

ဘီ ၊ဘိနပ်၊ ထီး ၊ အစုံပါဘဲ။ ဘုရင်မကြီး ကြောင့်  အရင်းရှင်တွေတော်တော် စီးပွားဖြစ်မယ်။ဟိုနေက နေတဲ့ 

ရပ်ကွက်ကောင် စီရုံးက တရားဝင် စာလာတယ်။ Diamond Jubliee အတွက် စပယ်ရှယ်လုပ်ထားတဲ့ အကြွေ

စေ့ တစေ့ ၁၃ ပေါင်ဝယ်မလားတဲ့ ။မ၀ယ်ပါဘူး ။


                 လမ်းဘေးမှာရောင်းတဲ့  ပန်းချီကားလေးတွေ အသက်ဝင်တယ်လို့ ထင်တယ်။

ဒီစက်ဘီးဘယ်လို အလုပ်လုပ်တယ်ဆိုတာ တုံးလွန်းတဲ့  အတွက် စဉ်းစားကြည့် လို့ ကို မရဘူး ။အဲ့ ဒီ အပေါ်

ရောက်အောင်သူဘယ်လို များတတ် ။မနက်ဖြန် ကြရင် ၂ နှစ်စီမံကိန်းကြိုဆွဲပြီးပေါင် ၁၀.၅ မီလီယံ

အကုန်ခံပြီးလုပ်မဲ့ လှေပွဲ သွား ကြည့် မယ်။ဓါတ်ပုံရိုက်ဖို့  အခွင့် အရေးလေး ရရင်တော့ ရိုက်ခဲ့ 

့မယ်။အနားတောင်ကပ်လို့ ရပါ့  မလားမသိဘူး။

3 comments:

စံပယ်ချို said...

ဗဟုသုတလဲရတယ် ပုံကောင်းလေးတွေလဲကြည့်ရတယ်
ကိုယ်တိုင်မရောက်ဖူးတော့ပုံတွေကို ကြည့်ပြီးသွားချင်မိတယ်

Anonymous said...

အဲ့ဒီစက်ဘီးလေးစီးဖူးကြည့်ချင်လိုက်တာ...

ဘရဏီ said...

လာလည် ပါလား မမဂျက်။
camomile ရေ ဘရဏီလည်းစီးကြည့် ချင်တယ်။

Related Posts Plugin for WordPress, Blogger...