Pages

Tuesday 8 May 2012

ပုဇွန်ပေါင်မုန့် ကပ်ကြော် (Sesame Prawn Toast)


ဒီ ပုဇွန်ပေါင်မုန့် ကပ်ကြော်က တရုတ် စားသောက်ဆိုင်တွေရဲ့  Starter Menu မှာတွေ့ရတတ်တဲ့ အစားအစာ

တမျိုးပါ။ပထမ ဆုံးစားဘူး ပြီးထဲက အရမ်းကြိုက် ခဲ့ တာ။ဒါပေမဲ့ ဈေးကြီးလို့  ခဏ ခဏ မစားဖြစ်ဘူး။

အပေါ် ကပန်းကန်ထဲကလောက်ဆို ၅ပေါင်လောက်ပေးရတယ် ။ လွန်ခဲ့ တဲ့ တပတ်လောက်ကမှ

Youtube ပေါ်ကနေ လုပ်နည်းတွေ့ တော့ ထင်သလောက်မခက်ဘူး ။




လိုအပ်တဲ့ ပစ္စည်းတွေကတော့

ပေါင်မုန့်အဖြူ
နှမ်း
ပုဇွန်
ဆီ
Sweet Chili Sauce
ပဲငံပြာရည်      
ဂျင်း  တို့ လိုအပ်ပါတယ်။


အဆင့်(၁)  ပထမဆုံး ပုဇွန်တွေကို ကြိတ်စက်ထဲထည့် ကြိတ်ပေးပါ။ပဲငံပြာရည်အနည်းငယ်ထည့်ပေးပါ။)
                  ဂျင်းတွေကိုလဲကြိတ်တဲ့ အထဲထည့် ပေးပါ။
  (Blander ၊Chopper၊ Food Processor  ကြိုက်ရာသုံးပြီချေပါ။ငရုတ်ဆုံထဲထည့်ထောင်းလဲရတယ်။)


                                              ဒီလိုပုံစံလေးရလာလိမ့် မယ်။




အဆင့်(၂)   ကြိတ်ထားတဲ့  ပုဇွန်တွေကို ပေါင်မုန့် မှာသုတ်ပေးပါ။



အဆင့်(၃)  ပြီးရင်ပုဇွန်သုတ်ထားတဲ့ ပေါင်မုန့် တွေကို နှမ်းထည့် ထားတဲ့ ပန်းကန်ထဲကို မှောက်ချ လိုက်

                    ပြီးနှမ်းကပ်ပေးပါ။ပေါင်မုန့် တွေကို ဓါးနဲ့ အလယ်ကနေလေးစိတ် စိတ်ပြီးလှီးပေးပါ။



အဆင့် (၄) ။     ဆီပူထဲတွင် ရွှေအိုရောင် သန်းလာသည်အထိကြော်ပေးပါ။



ရွှေအိုရောင်သန်းလာရင်ဆီ စစ်ပြီးစားသုံးနိုင်ပါပြီ။လွယ်တယ်မလား ဘော်ဒါတို့ ? ?? ။

စားလို့  အရမ်းကောင်းပါတယ်။ ကြိုက်တဲ့  အချဉ်ရေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ဒါပေမယ့် Sweet Chili

Sauce  နဲ့ ဆိုရင်ပိုကောင်းပါတယ်။


7 comments:

Q-te said...

ဂွတ်ပြီ
မနက်ဖြန် မနက် ဘရိတ်ဖတ် အတွက် သေချာသွားပြီ
ကျေးဇူးပဲ ဘရဏီရေ

mstint said...

နည်းလေးယူသွားပြီ ဘရဏီရေ ကျေးဇူးနော်။
Qt ပြောသလိုပဲ ဘရိတ်ဖတ်အတွက် အိုကေသွားပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Mrs. Bagel said...

ပိန်သွားပြီဆိုတော့ ပြန်စားနေပြီပေါ့လေ။ :P

Iora said...

မကြော်ပဲကင်စားကြည့်ဦးမယ်။ မြန်အောင်လို့ ။
အိုင်အိုရာ

စံပယ်ချို said...

အိုး----စားချင်စရာလေးပါပဲရှင်
အားတဲ့အခါ လုပ်စားဖြစ်မှာပါ

Candy said...

ကိုယ့်ဟာကိုယ်မလုပ်ချင်ဘူး။ ဘရဏီလုပ်တာတွေပဲ စားချင်တယ်
စင်္ကာပူကို ခဏလောက်လာလည်ပြီး လုပ်ကျွေးပါလားဟင် :D :D

ဘရဏီ said...

မQt နဲ့  တီတင့် ရေ လုပ်စားကြည်.့ စားကောင်းတယ် ။ပြီးရင် သမီးကိုပြန်ပြောပါ အုံးနော် ။
မမြတ်ကြည် ရေ ၄ ခုဘဲစားတယ် ဟီး နောက်ထပ် ၁၀ ပေါင်ကြဖို့ လို
သေးတယ်။
မမ lora ကင်စားကြည့် 
မမ ဂျက်ရေ လုပ်စားကြည့် နော်
ကန်ဒီရေ နောက်နှစ်ကြရင်လာလည်မှာအဲ့ ကြရင်လုပ်ကျွေးမယ်။

Related Posts Plugin for WordPress, Blogger...