Fish And Chip လုပ်နည်းမပြောခင် သူ ရဲ့  ထင်ပေါ်ပုံလေး ကို အရင်ပြောပြမယ်။အင်္ဂလိပ် အစားအစာ
တွေထဲမှာ သူကတော်တော်ရေပန်းစားတယ်။သူ့ ကို Beat လုပ်နိုင်တဲ့ အစားအစာ တော်တော်ရှားတယ်။
Ireland, Australia, New Zealand, Canada and South Africa နိုင်ငံတွေမှာလည်း စားကြတယ်။ တကယ်တော့
ကျန်းမာရေးနဲ့  ညီညွတ်တဲ့  အစားအစာတော့ မဟုတ်ဘူး။ တချို့ တွေက Fish And Chip ကို မရေမတွက်
နိုင်တဲ့ ကယ်လိုရီတွေ ပါဝင်တယ် လို့ တောင်တင်စားကြတယ်။
ပါဝင်တဲ့ ပစ္စည်းတွေက အရိုးထုတ်ထားတဲ့  ငါးအသားပြား ၂ ပြား၊ဂျုံမှုန့်  ၁၂၀ ဂရမ်၊ဆီ၊ ဆားအနည်းငယ်၊
ဗီနီကာ၊sparkling water 200 မီလီလီတာ၊အာလူးနှစ်လုံး တို့ ပါဝင်ပါတယ်။
ဂျုံမှုန့်  ၁၂၀ ဂရမ်လိုပါတယ်။
အဆင့် (၁) ဂျုံမှုန့် များကို အရင်ဆုံး စစ်ပေးပါ။
အဆင့် (၂) ။ဂျုံမှုန့် ထဲကို sparkling water ၂၀၀ မီလီလီတာနဲ့  ဆားအနည်းငယ်ထည့်ပြီး မုန့် နှစ်ပျစ်ပျစ်လေး
ဖြစ်အောင်ဖျော်ပေးထားပါ။တကယ်တော့ ဘီယာ အစားsparkling water သုံးတာပါ မူရင်းက ဘီယာနဲ့ 
ရောရတာ။
အဆင့်  (၃) ။ အာလူး၂ လုံးကို အချောင်းလေးတွေ လှီးပြီးရေဆေးပေးထားပါ။ အာလူးလှီးရင် ပြင်သစ်
စတိုင်အာလူးကြော် လောက် သေးအောင်လည်း မလှီးရပါ။ သူ့ ထက်နည်းနည်းလေးကြီးအောင်လှီးပေး
ရပါမယ်။ အာလူးကို ၂ခါကြော်ပါမယ်။ပထမအုံး ဆုံး အာလူးတွေကို ဆားနဲ့ နယ်ပြီး ဆီပူအိုးထဲမှာ ပျော့
လောက်တဲ့ အနေအထားလောက်ဘဲ ကြော်ပေးပါ။ပြီးရင် ပြန်ဆယ်ထားပြီးဆီစစ်ပေးထားပါ။
အဆင့် (၄)။ငါးမှာရေတွေဘာတွေရှိနေရင် တီရှူး သုံးပြီး ရေစုတ်ပေးထားပါ။ပြီးရင် မျက်နှာပြင်နှစ်ဘက်
ကို ဂျုံမှုန့် လေးအနည်းငယ် ဖြူးပေးထားပါ။
အဆင့်(၅) ။ မုန့် နှစ်ထဲကို ငါးနှစ်ပြီး ဆီပူ အိုးထဲထည့် ပြီးကြော်ပေးပါ။
အဆင့် (၆) မျက်နှာပြင် နှစ်ဘက်လုံး ရွှေအိုရောင်သန်း လာရင် ဆယ်ယူပြီး တီရှူးပေါ်မှာဆီစုတ် ပေးထားပါ။
ကြီး မဟုတ်ပါဘူး ။ဘေးနားလေးတွေဘဲ ကြွတ်အောင် ကြော်ပါ။အားလူးတွေကျတ်ရင် ဗီနီကာ လေး
ထည့် ပြီးနယ်ပေးပါ။ဒီက ဓလေ့ က Fish And Chip ၀ယ်ရင် တချို့ ဆိုင်တွေက စက္ကူ ကတော့ လေးနဲ့ 
ထည့် ပေးတယ်တချို့ တွေက တော့  စက္ကူ လေးနဲ့  ရိုးရိုးဘဲ ပတ် ပြီးထုတ်ပေးတယ်။
စားလို့ တော်တော်ကောင်းတယ်။ငါးလတ်ရင်ပို ချို တယ်။ဒါပေမယ့် သူလည်း ငါးဆိုပေမယ့်  deep-fried
လုပ်ထားတာဆိုတော့  junk food အမျိုးအစားထဲမှာပါတယ်။
7 comments:
စားချင်စရာလေး ဘရဏီရေ။ အစ်မလဲ အဲလိုဆီကြော်မျိုးတွေ တစ်ခါတစ်လေစားရတာတော့ ကြိုက်တယ်
မြင်တိုင်းသာစားရရင် ဘယ်လောက်ကောင်းမလဲနော်း))
အပြင်မှာလွယ်လွယ်တစ်ခုဝင်စားရင် ဒါစားဖြစ်တာများတယ်။ ကောင်းတာသေချာပြီးကြိုက်
လို့ လေ။
မသိတာမှာမိရင်မကြိုက်တာနဲ့ တိုးတာကများများ။
အိုင်အိုရာ
Fish and Chips က အကြိုက်ဆုံး အစားအသောက် ထဲမှာပါတယ်။ :)
ငါးနဲ့အာလူးအရမ်းကြိုက်တယ်
စားချင်လိုက်တား)
မEVY ဆီကြော်တွေကစားလို့ ကောင်းတယ်တော်ဟီး။
အမတော် မိစံ တောင်းနဲ့ ဆုနဲ့ ပြည့် စေသား။
အတူတူဘဲ မမ Lora ဘရဏီအကျင့် လည်းအသစ်
အဆန်းကို စားရဲဘူး ။ဝယ်ပြီးရင် မကောင်းမှာစိုးတယ်။
မမြတ်ကြည် အကြိက်တူတယ်။
camomile ရေ လုပ်စားကြည့် ပါလား။လွယ်ပါတယ်။
Borgata Hotel Casino & Spa - Mapyro
Borgata Hotel 순천 출장마사지 Casino & Spa The casino has a casino, 대구광역 출장샵 a bowling alley, a bar, and a 안양 출장마사지 spa center. The casino offers 계룡 출장마사지 a 24/7 수원 출장샵 casino, 3 spa tubs, a nightclub, and a
Post a Comment