Pages

Sunday 20 May 2012

ဗုံလုံသီးနှပ်


အိမ်းနားကဆိုင်မှာ ဗုံလုံသီးလေးတွေ့တုန်းလေး ၀ယ်ပြီးချက်စား ထားတာပါ။ဗုံ လုံ သီးဟင်းက ငယ်ငယ်

ထဲက အရမ်းကြိုက်တာ။




လိုအပ်တာတွေက ဗုံလုံသီး၂ ချောင်း၊ဆား၊အချိုမှုန့် ၊ ငရုတ်သီးအရောင်တင်မှုန့်  ၊ပုဇွန် ခြောက်မှုန့် ၊

ငံပြာရည် ၊၀က်သား(မထည့် လဲရတယ်)၊ဂျင်းအနည်းငယ် ၊ကြက်သွန်နီ ၂ ဥ ၊ဆီ အနည်းငယ်။

အဆင့်(၁) ပထမဆုံးဗုံ လုံသီးကို လက်လေးလုံးလောက်  လေးတွေလှီးပြီးတော့  အလယ်ကအစေ့ လေး

တွေကိုထုတ်ပေးပါ။


အဆင့်(၂) သတ်သတ်လွတ်စားချင်ရင် ၀က်သား၊ငံပြာရည် ၊ပုဇွန်ခြောက်မထည့် ပါနဲ့ ။ဝက်သားမစားချင်

ရင်လဲ မထည့် ပါနဲ့ ။စားချင်ရင်တော့ သေးသေးလေးတွေလှီးထားပေးပါ။



အဆင့်(၃)ကြက်သွန် နီနဲ့ ဂျင်း တွေကို ပါးပါး လှီး ပေးပါ။ပြီးရင်ပုဇွန်ခြောက် ၃ ဇွန်း ၊အရောင်တင်မှုန့်  ၁ဇွန်း

ဆား၊အချိုမှုန့် နဲ့ ငံပြာရည်တို့ ကို နယ်ပေးပါ။



အဆင့်(၄) နယ်ထားတဲ့ အဆာကို ဗုံလုံသီးတွေထဲသွပ်ပေးပါ။





အဆင့်(၅)။ဆီကို အရင်အပူပေးပြီးတော့  ဆီပူလာရင် ဆနွမ်းမှုန့်  လက်သန်းဖျားလောက် လေးထည့် 

မွှေပေးပါ။ပြီးရင်အဆာသွပ်ထားတဲ့  ဗုံလုံသီးလေးတွေကို အသာလေးထည့် ပေးပါ။အစာတွေထွက်သွားမှာ

စိုးလို့ ပါ။ခဏခဏမ မွှေပါနဲ့ ။ မိနစ် ၂၀လောက်မီးအေးအေးလေးနဲ့  မီးဖိုပေါ်တင်နှပ်ပါ။ ရေလုံးဝမထဲ့ ပါနဲ့ ။

စစနှပ်ခြင်း ချောက်ကပ်ကပ် ဖြစ်နေပါလိမ့် မယ်။ခဏကြာလာရင် ရေတွေထွက်လာပါလိမ့် မယ်။



        ဟင်းက ပုဇွန်ခြောက်နဲ့ ဆိုတော့  အရမ်းမွှေးပါတယ်။အိအိလေးစားလို့ ကောင်းတယ်။


7 comments:

စန္ဒကူး said...

ဗုံလုံသီးအရမ်းကြိုက်တယ်...
ဒီမှာတော့မရှိလို့မစားရဘူး...
အစာသွပ်ထားရင် ပိုကြိုက်...

Candy said...

စားချင်ပါ၏.. ဘရဏီချစ်ချစ်ကတော့ ရှယ်ပဲနော်.. အမြဲ အစားကောင်းကောင်းတွေ စားရမှာ ဟိ နာလိုဘူး :P

ဘရဏီ said...

ဒါကဒီလို ရှိတယ် ကန်ဒီရဲ့  ဘရဏီက ၁ပတ် ၁ရက်

လောက်ဘဲဟင်းချက်ဖြစ်တာ။ဒါတောင် ဘလော့ဖို့ 

ဟီးဟီး။

မစန္ဒကူး ဘရဏီလဲ အစာသွပ်ထားရင်ပိုကြိုက်တယ်။

စံပယ်ချို said...

ဗုံလုံသီးကိုကြိုက်တယ်
တခါတလေ ချက်စားဖြစ်ပါတယ်

Mrs. Bagel said...

အရင်က အိမ်မှာဆို ဗုံလုံသီး အစာသွတ် စားနေကျ။ အခုတော့ မစားတာ နှစ်ချီနေပြီ။

Mrs. Bagel said...

အရင်က အိမ်မှာဆို ဗုံလုံသီး အစာသွတ် စားနေကျ။ အခုတော့ မစားတာ နှစ်ချီနေပြီ။

မိုးသက် said...

တစ်ခါမှ ချားဖူးဘူး..သယ်ရင်း. တစ်ပန်းကန်လောက် မေးလ်ထဲက ပို့လိုက်စမ်းပါ.:P

Related Posts Plugin for WordPress, Blogger...