Pages

Monday 30 January 2012

Chinese special fried rice



စနေနေ့ညကရေးပြီးတင်လိုက်တာဘာဖြစ်သွားမှန်းမသိဘူး။Publish နှိပ်လိုက်တာ postတစ်ခုလုံးပျောက်သွားတယ်။အခုကဒုတိယအကြိမ်ပြန်ရေးရမှာ။တခြားမှာတော့မသိဘူးလန်ဒန်မှာ
တော့ chinese take-awayဆိုရင်special fried rice နဲ့chow mein chicken noddle တို့ကတော့ topဘဲ။
အလုပ်ထဲကသူငယ်ချင်းတွေဆိုလည်းအားရင်chow mein ဘဲကြော်ခိုင်းနေတာဘဲ။ငါတရုတ်မဟုတ်
ပါဘူးဆိုလဲရဘူး။အားရင်chow mein ဆိုတာကြည့် ဘဲ။



ထမင်းကြော်ထဲမှာပါဝင်တာတွေက ပဲစိမ်း(garden peas)၊မုံလာဥနီ၊ပုဇွန်၊ဘေကွန် ၂ပြား၊ကြက်သား၊ဆား
ကြက်ဥ၊အချိုမှုန့် ၊ပဲငံပြာရည်၊ခရုဆီ၊ငရုတ်ကောင်းမှုန့် တွေပါ။

ထမင်းနို့ ဆီဘူးတစ်လုံးပါ။ထမင်းကြော်တဲ့ အခါထမင်းကညကချက်ထားတဲ့ ထမင်းကိုသုံးတာပိုကောင်းပါ
တယ်။ ဒါမှမဟုတ်လဲ ကြော်ခါနီး ထမင်းကိုမာမာလေးချက်ထားပြီး ဖရီဇာထဲမှာနာရီဝက်လောက်ထည့် ထားလိုက်ရင်လဲရတယ်။အထိကကထမင်းကြာ်ရင် ထမင်းကအေးပြီးမာမာလေးဖြစ်နေဖို့ပါဘဲ။

                                     ကြက်ဥနှစ်လုံးကိုလည်းကြိုတင်ခလောက်ပြီးကြော်ထားပါ။


ပထမဆုံးဒယ်အိုးထဲကို ကြိုက်နှစ်သက်သောဆီ ၂ ဇွန်းခန့် ထည့် ပြီး ဆီဆူလာပါက ဟင်းသီးဟင်းရွက်
များထည့် ပြီး ၃ မိနစ်ခန့်ကြော်ပေးပါ။



                          ပြီးရင်ပုဇွန်၊ဘေကွန်နဲ့ ကြက်သားကို ထည့် ပြီး ၃ မိနှစ်ခန့်ထပ်ကြော်ပေးပါ။


          ပြီးရင်ထမင်းထည့် ပေးပါ။အရသာအတွက် ဆားလက်ဘက်ရည်ဇွန်းတ၀က်၊ ခရုဆီ      လက်ဘက်ရည်ဇွန်း ၂ဇွန်း ၊ပဲငံပြာရည်အကြည်  ၁ဇွန်း ထည့် ပြီးမွှေပေးပါ။မွှေတဲ့ အခါကြရင်လဲသံဇွန်း
မသုံးပါနဲ့ ။သစ်သားယောက်မလေးနဲ အိုးအောက်ခြေကနေအပေါ်ကို ကော်တင်ပြီးမွှေပေးပါ။သံဇွန်း စတီးဇွန်းတွေမသုံးခိုင်းရတာက သံဇွန်း၊စတီးဇွန်းတွေရဲ့ အသွားလေးတွေကထမင်း
လုံးလေးတွေကိုအလယ်ကနေဖြတ်လိုက်သလိုဖြစ်ပြီးတော့ ထမင်းအလုံးလိုက်လေးတွေမရတော့ဘူး။
ငယ်ငယ်တုန်းကစဉ်းစားနေခဲ့ တာကအမေကြော်တဲ့ထမင်းကြော်နဲ့ ဆိုင်က၀ယ်တဲ့ ထမင်းကြော်နဲ့ ဘာလို့
မတူတာလဲပေါ့ ။အမေကြော်တဲ့ ထမင်းကြော်ကအရသာကတော့ ရှယ်ဘဲ ဒါပေမယ့် ဆိုင်ကလိုမလှဘူး။
အခုမှသိတယ်အမေကအိမ်မှာကြော် ရင်စတီးဇွန်းကြီးနဲ့ မွှေမွှေပြီးကြော်လို့  ထမင်းကြော်ကမလှတော့ ဘူး။
ဘာအကျင့် လဲ မသိဘူးအစားစရာကိုလှလှ လေးပြင်ထားတာမြင်မှစားချင်တယ်။




                          ငါးမိနစ်လောက်ဆက်ကြော်ပြီးရင် အသင့် စားသုံးနိုင်သောအဆင့် ရပါပြီ။



              ဒါကဘရဏီစားဖို့ ထည့် ထားတာပါ။ကြက်ဥ၊ကြက်သွန်မြိတ်၊ငရုတ်ကောင်းမုန့် ဖြူးပြီးစားပါတယ်။



        အအီပြေဆလပ်လေးနဲ့ ။အပေါ်ကဆလပ်ခရင်ကိုသုံးပါတယ်။ဒီတံဆိပ်ကဒီမှာတော့လူသုံးများတယ်။




                                     သခွားသီ၊ခရမ်းချဉ်သီး၊ဆလပ်ရွက်၊Garkins တို့ ပါဝင်ပါတယ်ရှင်။
                                                       အားမနာတန်းသုံးဆောင်သွားကြနော်။


3 comments:

စံပယ်ချို said...

ထမင်းကြော်ဆိုရင်ကြိုက်တယ်
သုံးဆောင်ခဲ့ပါတယ်ရှင်

ဘရဏီ said...

မမဂျက် လာမလည်လာတောင်ကြာပြီနော် :)

SHWE ZIN U said...

ရှယ် ထမင်းကြော်လေး ကို ရှယ်စားသွားတယ်

ခင်တဲ့
ရွှေစင်ဦး

Related Posts Plugin for WordPress, Blogger...