Pages

Monday 21 November 2011

လန်ဒန်မြို့ ၏အပိုင်းအစလေးများ



ဘရဏီဒီနေ့ကစပြီး၁ပတ်Holidayရတယ်။ဒီတခါရတဲ့  Holidayက ဘာမှမစီစဉ်ဘဲရလိုက်တာဆိုတော့ ဘာလုပ်ရမှန်းကိုမသိဘူး။အပြင်လျှောက်လည်ဖို့ ကြတော့ လည်းရာသီဥတုကအေးနေပြီ။ဒါတောင်ဒီနှစ်သိပ်

မအေးသလိုဘဲ အရင်နှစ်ကဒီအချိန်ဆိုတော်တော်အေးနေပြီ။ပြီးတော့ စိတ်အညစ်ဆုံးကနေ့လယ် 

၂နာရီလောက်ဆိုနေ၀င်သွားပြီ ။၎ နာရီဆိုမိုးလုံးလုံးချုပ်သွားပြီ။အမှန်တော့ ဒီနေ့ 

အပြင်ထွက်ပြီး ဈေးဝယ်ခဲ့သေးတယ်။စဉ်းစားထားတာက cup cake လုပ်ပြီး Blog ပေါ်တင်မယ်ပေါ့ ဆိုပြီး လို

အပ်တဲ့ ပစ္စည်းတွေသွားဝယ်တာဘရဏီကြိုက်တဲ့  cup cake လုပ်တဲ့  ဗန်းက ထင်ထားတဲ့ ဈေးထက်

ထက်ဝက်ကွာနေလို့ ဈေးပေါတာဝယ်ခဲ့ တာ အိမ်ရောက်တော့အဆင်မပြေဘူးအရမ်းသေးနေတယ်။

ဒါပေမယ့်ရအောင်လုပ်မယ်ဆိုမှ ကြက်ဥ ၀ယ်ဖို့မေ့ခဲ့ တယ်။ထွက်ဝယ်ဖို့ကြတော့လည်းပျင်းသွားပြီ။

ဒီလို နဲ့ cup cake ကိုလက်လျှော့လိုက်ပြီး စိတ်ညစ်ညစ် နဲ့ ဓာတ်ပုံတွေတင်လိုက်တော့ တယ်။


လန်ဒန်မှာဘတ်စ်တွေအကုန်လုံးကအနီရောင်တွေကြည့်ဘဲ။၁ထပ်ကားရှိတယ်၊၂ထပ်ကားရှိတယ်၊၁ထပ်ကို

ဘဲကားအရှည်ကြီးရှိတယ်။ညာဘက်ကကားကရှေးတုန်းကပုံစံ ၊အ၀င်ရောအထွက်ရောတပေါက်ထဲရှိတယ်

နောက်ဘက်မှာ။လက်မှတ်ဖြတ်စက်(oyster card machine)မပါဘူး။ဒါပေမယ့်စပယ်ရာ ပါတယ်။ဒီကားလေး

ကိုမြို့ တွင်းမှာဘဲတွေ့ရတယ်။သူကအဝေးကြီးမသွားဘူး။ဘယ်ဘက်ကကားကြတော့ တမြို့ လုံးနေရာအနှံ့

တွေရတယ်။သူကတော့လက်မှတ်ဖြတ်စက်(oyster card machine)နဲ့ ။ ဘတ်စ်တွေတော်တော်များများကို

မာစီးဒီး ကထုတ်တာများတယ်။အချင်းချင်းစနေကြ ကိုယ်တို့ ကဘယ်သွားသွား မာစီဒီးနဲ့ ဘဲသွားတယ်ဆိုပြီး။
ဓါတ်ပုံတွေကနည်းနည်းတော့ကြည့်ရတာဝါးနေလိမ့်မယ်။တပုံမှတော့ကိုယ်ကိုတိုင်ရိုတ်ထားတာတော့မပါဘူး။

GOOGLE ကနေယူထားတာကြည့်ဘဲ။ကိုယ်တိုင်ရိုတ်ထားတာတွေကသိပ်မလှလို့။

 
အပေါ်ကပုံက oysrer card ပုံရထားရောကားပါဒီကဒ်နဲ့ စီးလို့ရတယ်။ဒီကဒ်ကိုဘရဏီ 

ပုံစံလေးမျိုးနဲ့မြင်ဖူးတယ်။ပုံထဲမှာမြင်ရတာကပုံမှန်ကဒ်လန်ဒန်စစရောက်ခါစတုံးက၀ယ်တာ၅ပေါင်ပေးရတယ်။

အခုတော့ဘယ်လောက်ဖြစ်နေပြီလဲမသိဘူး။ဒီကဒ်ကကြိုက်တဲ့ သူဝယ်လို့ရတယ်။ဘရဏီအလုပ်သွားလို့

ရိုးရိုး လက်မှတ်နဲ့ သွားရင် အသွားအပြန်လက်မှတ်ဝယ်ရင် ၄ပေါင်လေးဆယ်ပေးရတယ်။ဒါတောင်၃ဘူတာ

ဘဲစီးရတာ။ဒါပေမယ့် oyster card ကို  top-up လုပ်ပြီးသွားရင်အသွား ၁ပေါင်ခွဲ ၊အပြန် ၁ပေါင်ခွဲဘဲယူတယ်။

၁ပေါင်နဲ့ ပြားလေးဆယ်လောက်သက်သာသွားတယ်။နောက်တခုကကျောင်းသား oyster card ကိုယ့်ဓါတ်ပုံ

လေးနဲ့ full-timeကျောင်းသားမှရတာ ။သုံးဆယ်ရာခိုင်နှူန်းလား၊နှစ်ဆယ်ရာခိုင်နှုန်းလား မသိဘူး လျှော့ဈေး

ရတယ်။အဲ့ ဒီကဒ်နဲ့ လက်မှတ်ဝယ်ရင်။ဘရဏီလည်းအစကရတယ် နောက်ပိုင်း part-timeပြောင်းလိုက်တော့

မရတော့ဘူး။နောက်တခုက အသက် ၁၉ နှစ်အောက်ကိုအစိုးရကပေးတဲ့ Zip oyster card အဲ့ ဒီကဒ်ကြတော့

စက်မှာတို့လိုက်ရင် တီ တီ တီ တီ ဆိုပြီးလေးခါမြည်တယ်။ကိုယ်တွေကဒ်ကြတော့တီဆို ပြီးပြီ။ကလေး

တယောက်ပြောပြတာတော့zip card ဘက်စ်ဘဲ အလကားရတာတဲ့ ရထားစီးရင်ပိုက်ဆံပေးရတယ်လို့ပြော

တယ်။နောက်တခုက အသက်ခြောက်ဆယ်ကျော်တွေကိုပေးတဲ့ freedom pass ကြိုက်တာစီးအလကားဘဲ။

 
ဒါကလန်ဒန်underground ဆိုင်း

waterlooက i-maxရုပ်ရှင်ရုံ
waterlooမှာရှိတဲ့ i-max 3D ရုပ်ရှင်ရုံကယူကေမှာရှိတဲ့ ရုပ်ရှင်ရုံတွေထဲမှာ screen 

အကြီးဆုံးပိုင်ဆိုင်ထားတဲ့ရုပ်ရှင်ရုံကြီး။သူ့ screen ကအပေါ်မှာတွေရတဲ့ နှစ်ထပ်ဘက်စ်ကား၅စီးထပ်ဆင့်

့ထားတဲ့ အရွယ်အစားတနဲ့ ညီတယ်။Avatar တင်တုန်းကသွားကြည့် ဘူးတယ်။ ဘွတ်ကင်လုပ်ရတာအရမ်း

ခက်တယ်။ရတော့လည်း ည၁နာရီပွဲ ကြည့်ရတဲ့ အတန်းကရှေ့ ဆုံးနောက်ကအတန်း Avatarကတော့

ကြည့်လို့ကောင်းပါတယ်။ဒါပေမယ့်ကြည့် ရတာဇိမ်တော့မရှိဘူပေါ့ မော့ရလွန်းအားကြီးလို့။ရုပ်ရှင်ပြီးတော့ 

ည ၃နာရီ အိမ်ပြန်ရောက်တော့မနက်၅နာရီ မိုးလင်းနေပြီ ဟီး ။အမှတ်တရပေါ့ ။



Tower of London
Tower of London ကိုတော့တခါမှမရောက်ဘူသေးဘူး။အထဲကိုမရောက်ဘူးသေးဘူးလို့ပြောတာအပြင်က

တော့ဖြတ်သွားဖြတ်လာသွားဘူးတယ်။

Tower Bridge

Tower Bridge ကအပေါ်က Tower of London နားမှာဘဲ။အခုတင်ထားတဲ့ ဓါတ်ပုံကသိပ်မလှလို့ အပြင်

မှာအရမ်းလှတယ်။


                          နဲနဲကြီးတဲ့ သင်္ဘောလာရင်တံတားကိုအပေါ်ကလိုဖွင့် ပေးရတယ်။




အပေါ်ကပုံကတော့Big Ben နဲ့  House of Parliament ။သူတို့နှစ်ခုကတတွဲထည်း။Thames မြစ်ဘေးမှာ အရမ်း

အရမ်းကိုလှတယ်။




ဒါကတော့ London Eyes ခုနက့Big Ben နဲ့  House of Parliament တို့ရဲ့ တဖက်ကမ်းမှာရှိတာ။လက်မှတ်က

တယောက်ကိုနှစ်ဆယ့် ငါးပေါင် လောက်ပေးရတယ်။ဒါတင်မကသေးဘူးလက်မှတ်ကလဲအကြာကြီးတန်း

စီရတယ်။၄၄၃ပေမြင့် ပြီး၂၀၀၀ ခုနှစ်လောက်တုန်းကတော့ သူကအမြင့်ဆုံးပေါ့။၁၉၉၉ ခုနှစ်က

တိုနီဘလဲကိုတိုင်လာဖွင့် ပေးသွားတာ။အခုတော့စင်ကာပူက Singapore Flyer ကြီးက ၉၈ ပေပိုမြင့်ပြီး

အမြင့်ဆုံးဆိုတဲ့ ဘွဲ့ ကိုယူသွားပါပြီ။




နယူးရီးယားည ၁၂ နာရီကြရင် မီးရှုးမီးပန်းတွေကို London Eyes မှာတပ်ပြီးတော့ဖောက်တာလေ။မနှစ်က

တော့သွားကြည့်တယ်။ဒီနှစ်တော့ဆောရီးဘဲ။အဲ့ ဒီအချိန်ဆိုအရမ်းအေးတယ် မနှစ်ကတော့ ရောက်ဘူး

အောင်သွားကြည့် တာ။ရန်ကုန်ကနယူးရီးယားဘဲပျော်ဖို့ကောင်းတယ်။ညဘက် ၁၂ မထိုးမချင်းအကင်တွေ

ကင်စားကြ ၊လမ်းထဲမှာ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် သီချင်းတွေအပြိုင်အဆိုင်ဖွင့် နဲ့ သောင်းကြန်း

လို့ကောင်းတယ်။
Buckingham Palace

Buckingham Palace က အစောင့်တွေ




ဟိုတလောတုန်းက Williamနဲ့  Kate တို့ရဲ့ Royal Wedding ကျင်းပခဲ့ တဲ့  Webminister Abbey ။


the Gherkin




St Paul ဘုရားရှစ်ခိုးကျောင်းကြီး။Occupy London  ဆိုပြီးဆန္ဒပြနေတာအဲ့ ဒီ့ ဘုရားကျောင်းရှေ့ မှာပေါ့။




ဆန္ဒပြနေလို့ဘုရားကျောင်းကြီးကိုပိတ်ထားရတာ တနေ့ ကိုပေါင် ၂သောင်းနစ်နာတယ်တဲ့ ။

တယောက်ကိုဝင်ကြေးက ၁၄ပေါင်ခွဲ  ဆန္ဒပြနေတဲ့ လူတွေကလည်းအင်မတန်စည်းကမ်းရှိတယ်။ကိုယ်ပိုင်အမှိုက်ပုန်းနဲ့ လာကြတာ.။

ဒီနေ့တော့ဒီလောက်ပါဘဲအရမ်းအိပ်ချင်သွားလို့။တခြားလှတဲ့ နေရာတွေတော့ အများကြီးရှိသေးတယ်။

စာကြည့်တိုက်တွေ၊ပြတိုက်တွေ၊ဥယျဉ် တွေ ကို ကိုတိုင်သွားပြီးဓါတ်ပုံရိုက်နိုင်မှဘဲတင်တော့မယ်လို့စဉ်း

စားထားတယ်။အင်တာနက်ကဓါတ်ပုံတွေယူရတာစိတ်ညစ်လွန်းလို့ မှူန်ဝါးဝါးတွေနဲ့ ။

No comments:

Related Posts Plugin for WordPress, Blogger...