Pages
Thursday 6 October 2011
ခရီးသွားခဲ့ သည်။
လွန်ခဲ့ နဲ့ နှစ်ပတ်လောက်ကစကော်တလန် သို့ ရောက်ခဲ့ တယ်။စကော်တလန်တနယ်လုံးတော့ မရောက်ခဲ့ 
အင်မတန်ကျော်ကြားပါတယ်။ပွဲတော်တွေကိုသြဂုတ်လ အစပိုင်းမှလေးပတ်ကြာအောင် ကျင်းပ လေ့ ရှိတယ်။ပွဲတော်တွေထဲမှာမှ Edinburgh Fringe ၊Edinburgh International festival၊ Edinburgh International Book Festival ရယ် Military tattoo ကတော့ နံမယ်အကြီးဆုံးပွဲတော် တွေပါ။ဘရဏီတို့ 
သွားတော့ Edinburgh International Book Festivalကိုနောက်ဆုံးရက် မှီတယ် ။ပြီးတော့ Edinburgh International festivalကိုတော့ ကောင်းကောင်းမှီလိုက်တယ်။အယ်ဒင်ဘ၇ာကို နိုင်ငံခြားသားခရီးသွားဧည့်သည် တနှစ်ကိုတသန်းကျော်လာပြီး ယူကေမှာလန်ဒန်ပြီးရင်
ဒုတိယခရီးသွားအများဆုံးသွားရောက်တဲ့ နေရာတစ်ခုဖြစ်တယ်။
                                            အသွားတုန်းကလမ်းမှာရထားပေါ်ကနေလှမ်းရိုက်ခဲ့ တဲ့ ဂျုံခင်းလေး။
လွဲနေကြအလွဲတွေကလည်းဖြစ်သေးတယ်ရထားပေါ်ကြမှဓါတ်ပုံရိုက်မယ်ဆိုပြီး ကင်မရာထုတ်ပြီးပါဝါ
ခလုပ်လေးကိုနှိပ်လိုက်သောအချိန်မှာဖြင့်.........။ဟင်သွားပြီ အားသွင်းထားတဲ့  ဘက်ထရီ မေ့ခဲ့ ပြီ။
ကင်မရာကအခွံကြီးဘဲပါလာတာ ဘက်ထရီက အိမ်မှာကျန်ခဲ့ ပြီ။ဓါတ်ပုံ တွေအားလုံးကို ဖုန်းကနေဘဲရိုက်ခဲ့
ရတယ်။ကံကောင်းတယ်လို့ ပြောရမလားဘဲ စကော်တလန်ကအရမ်းမိုးရွာတယ် ၁လမှာရက်၂၀လောက်က
မိုးရွာနေတယ်။ဒါပေမယ့် ဘရဏီတို့ နေခဲ့ တဲ့ ၃ ရက်လုံး လုံးဝမိုးမရွာဘူး။အပူချိန်ကလည်း ၁၅ ဒီ၈ရီ
ဆဲလ်စီးရက်စ် လောက်ဆိုတော့ အရမ်းမအေးဘူး။
ူဒါကတော့ ဘူတာကထွက်ထွက်ချင်းမြင်ရတဲ့  The Scott Monument အထဲမှာလှေကားလေးတွေရှိတယ်အပေါ် ထိတက်လို့ ရတယ်။အလယ်မှာလူကြီးတယောက်ထိုင်နေတယ်။
အပေါ်ကပုံကတော့ နံမယ်ကျော် Edinburgh Castle ။စကော့ တလန်တနယ်လုံးမှာ  ခရီးသွားတွေကိုအဆွဲဆောင်နိုင်ဆုံးနံပတ်တစ်။ဝင်ကြေး ၁၅ ပေါင်ပေးရတယ် ။သူကလွဲရင်တခြား ပြတိုက်တွေကအလကားဝင်ရတာများတယ်။ဘီစီ ၈၅၀ ကတည်းကရှိခဲ့ တာ။ပြီးတော့မီးတောင်ကျောက်တုံးတွေပေါ်မှာဆောက်ထားတာ။အထဲမှာကြည့် စရာတွေ
တော်တော်များတယ် Castle ကတနေရာမှစစ်ဖြစ်တုန်းကလူတွေပုန်းရင်းနဲ့  သေထားတဲ
Castle ကိုအောက်ကနေပြီးမြင်ရတဲ့ အနေအထား
Philosopher  David Hume ( အိမ်ကလူကြီးကသူ့ ခရေစီ )
St Giles' Cathedral
St Giles's Catherdalရှေ့ကAdam Smithသူ့ တို့ ကြောင့် တို့ တွေရန်ဖြစ်ခဲ့ ရသေးတယ်နောက်နေ့ ကြမှပြောပြမယ်။
National Gallery of Scotland
ညနေကြတော့ တောင်တက်ပါတော့ မယ်။တောင်ပေါ် ကြရင်အေးမှာဆိုပြီး ဟိုတယ်တခေါက်ပြန်နွေးနွေး
ထွေးထွေးဖြစ်မဲ့ အင်္ကျီတွေ ဘာတွေလဲပြီးစတက်ပါတော့ သည် ။တောင်နံမယ်က King arthur's Seat
ကင်းဝန်မင်းကြီးလာတုန်းကဒီတောင်ကိုတက်ခဲ့ တယ်ဆိုဘဲ ။တောင်ကမီးတောင်ဟောင်းကြီး မြေပြင်ကနေ
၈၂၃ပေမြင့် တယ် ။mountain ခေါ် ရလောက်အောင်မမြင့် ဘာဘူး hill အဆင့် လောက်ဘဲရှိတယ်ထင်တာဘဲ ။ကိုယ်ကလည်းတောင်ဆိုလို့ ဘယ်တောင်မှတက်ဘူးတာ မဟုတ်ကျိုက်ထီးရိုးတောင်ကိုတောင် ကားနဲ့ 
ဘဲတက်ဘူးတာ ။ကိုယ့် ခြေထောက်တဲ့ ကိုတက်မှာက ဒီတောင်ပထမဆုံးဘဲဆိုတော့ တောင်ခြေမှာထဲ က
အူမြူးနေတာ ပါးစပ်တောင်ပိတ်လို့ ရဘူးပျော်လွန်းလို့ ။
တက်တက်ချင်းသတိပေးနေတာ
အနားကိုမလာပါနဲ့ တဲ့ ကျောက်တုံးတွေပြုတ်ကြလာနိုင်ပါတယ်တဲ့ 
ရောက်တော့ မယ်ကွ ဒါပေမယ့်အူမမြူးနိုင်တော့ ဘူးမောလွန်းလို့ 
အပေါ်ကမြင်ရတဲ့ တောင်လေးပေါ် လဲရောက်ရောအခုပုံထဲကတောင်သေးသေးကိုတွေ့ ရော ကင်းဝန်မင်းကြီးကတော့ ဘယ်အထိတက်ခဲ့ လဲမသိဘူးဘရဏီကတော့ ထိပ်ထိရောက်အောင်တက်ခဲ့ တယ်။
နောက်ဆုံးခဏနားခဲ့ တဲ့ နေရာ
နောက်နေ့ ကြမှ Glascow သွားတဲ့ အကြောင်းဆက်ပြောပြမယ်။
3 comments:
စော(အဝါရောင်မြေ) said...
အင်း ကောင်းတယ်နော် ခရီးသွားရတာ။
ကျောင်းပိတ်ထားပြီးလား။ မဖတ်ရသေးတဲ့ သုံးပုဒ်လုံး ဖတ်သွားတယ်။
ချောကလက်ကျူးပစ်လေး said...
ခရီးသွားမှတ်တမ်းလေးကိုဖတ်သွားတယ်ဗျာ့ မရောက်ဖူးတဲ့နေရာတစ်ခုကိုရောက်သွားသလိုခံစားရပါတယ်။
မီးမီးငယ် said...
က်မအမ်ဳိးသားၿပီးခဲ့တဲ့၂ ပတ္က၊
သွားတာဒီGlascow မြို့ ကနေ၂နာရီထပ်ကားမောင်းရသေးတယ်တဲ့။
အေးချမ်းမဲ့နေရာလေးဘဲနော်။
Related Posts Plugin for WordPress, Blogger...