Pages

Friday 12 August 2011

ပုံမှန်ထက်ဆံပင်ပိုကျွတ်နေသလား (သို့  ) ပုံမှန်လား


(၁) သာမာန်ဆံပင်ကျွတ်ခြင်း

ပျိုမေတို့ ၏ဦးခေါင်းထက်မှ ဆံပင်များသည်ပုံမှန်အားဖြင့်  အပင်ရေ ၁သိန်း

ကျော်ခန်ရှိပြီး ဆံပင်တပင်၏သက်တမ်းသည် လည်း ပုံမှန်အားဖြင့် ၄နှစ်မှ ၅နှစ် အတွင်းရှိ သည်။ ပျိုမေတို့ 

၏ဦးခေါင်းထက်မှ ဆံကေသာသည်နေ့စဉ် အပင်ရေ ၅၀ မှ ၁၀၀ အတွင်းပုံမှန်ကျွတ်သည်။ထိုအတွက် ပျိုမေ

တို့  စိတ်ပူရန်မလို ပေ။ထိုဖြစ်စဉ်သည်သာမန်မျှသာဖြစ်ပြီး ၊ကျွတ်သွားသောဆံပင် အဟောင်းများ၏ နေရာ

တွင် ဆံပင်အသစ်များကနေ့ စဉ် သဘာဝအလျှောက်ပြန်လည် မွေးဖွားပေးနေသောကြေင့်  ဖြစ်သည်။ သို့ သော်

လည်း ဆံပင်သည် အသစ်လည်းမပေါက် ၊ အပင်ရေ ၁၀၀ ထက်ကျော်လွန်၍ ကျွတ်နေပြီ ဆိုလျှင် ဖြင့်  စဉ်စား

ဖို့ လို နေပြီ။

(၂) အစာလျှော့စားခြင်း (သို့ ) ၀ိတ်ချခြင်း

ပျိုမေတို့ ၏ တနေ့ တာအတွက် ခွင့် ပြူသော ကယ်လိုရီသည် ၂၀၀၀ ဖြစ်သည် ။ မိမိ သည်ဝိတ်ချနေ

ခြင်းကြောင့်၎င်း ၊ တနေ့ တာစားသောက်သော အစားအစာများသည် ကယ်လိုရီ ၁၂၀၀ ထက်လျှော့  နည်းပါ

ကလည်း ဆံပင်ကျွတ်ခြင်းကို အားပေးစေပါသည်။

(၃)စိတ်ဖိစီးမှုများခြင်း

ပျိုမေတို့ ၏သတိထားရ မည့် တချက်ကတော့  စိတ်ဖိစီးမှူ အရမ်းများခြင်းသည် လည်း ဆံပင်သာမန်

ထက်ပိုကျွတ်ခြင်းကိုဖြစ်ပေါ်စေ ပါသည်။ ထိုအချိန်အတွင်း ဆံပင်ကျွတ်ခြင်းသည် ခဏ တာသာဖြစ်ပြီး

စိတ်ဖိစီး မှူ လျှော့ ပြန်လည်လျှော့ နည်း လာသည်နှင့် အ မျှ ဆံပင်ကျွတ် ခြင်းသည် လည်း ပြန်၍ လျှော့ နည်း

လာမည်ဖြစ်သည်။

(၄) ကိုယ်ဝန်ဆောင်ချိန် နှင့်  မီးဖွားပြီးချိန်

ကိုယ်ဝန်ဆောင်ချိန်တွင် သာမန် နေ့ စဉ် ဆံပင် ကျွတ်ခြင်းသည် ခဏတာ ရပ်တန့် နေတတ်သည်။

ထို့ ကြောင့် ကိုယ်ဝန်ဆောင်ချိန် တွင် သတိပြုမိပါက ဆံပင်သားသည် ခပ်ထူထူ ဖြစ်နေတတ်သည်။ မီးဖွားပြီး

သည်နှင့်  တပြိုင် နက် သာမန်ကျွတ်ရမည့်  အချိန် တွင်မကျွတ် ပဲကျန်နေသည့်  ဆံပင်များသည် ထိုအချိန်

မှစု၍အုံလိုက်ကျွတ်တတ်သည်။ သို့  သော်လည်းထို ဖြစ်စဉ်မှာ သာမန်မျှသာဖြစ်သောကြောင့်  အရမ်းစိုးရိမ်

စရာမလိုပေ။မကြာခင် အချိန်အတွင်း တွင် ဆံပင်ပေါက်ပုံ ၊ ကျွတ်ပုံမှာ ပုံမှန်အတိုင်းပြန်ဖြစ် သွားမည်ဖြစ်သည်။

(၅) ရာသီဥတုအပြောင်းအလဲ

နောက်ဆုံးသတိထားရမည့် အချက်ကတော့  ရာသီဥတု အပြောင်းအလဲ ကြားတွင်လည်း

ဆံပင်အကျွတ်များတတ်သည် ။ အဓိကအားဖြင့်  နွေဦးရာသီနှင့်  ဆောင်းဦးရာသီ များသည် သာမာန်ထက်

ပို၍ ဆံပင်အကျွတ်များသော ရာ သီများဖြစ်သည်။

အကောင်းဆုံးကတော့  မိမိ ကိုယ်ကို အထက်ပါ အချက် များကို ကြည့်  ပြီးဆန်းဆစ် ပါ။ အကယ်၍

မိမိ၏ ဆံကေသာသည် အထက်ပါ အချက်များတွင်မပါဝင် ဘဲ အလွန် အကျွံ ကျွတ်နေပါက ဆံကေသာကျွမ်း

ကျင်သူ (သို့ ) ဆရာဝန်နှင့်  တိုင်ပင်ပြီး ကုသမှူ ခံယူ သင့်  ပါသည်။

P S OK magazine မှဆောင်းပါးအားကူးယူဖော်ပြထားးခြင်းဖြစ်ပါသည်။


လွန်ခဲ့ တဲ့  ၄လလောက်က ခေါင်းဖီးတိုင်း ဆံပင်တွေအရမ်းကျွတ်တယ်ဆိုပြီး psycho ဖြစ်နေတာ။

ခေါင်းတောင်နေ့တိုင်းမဖီးရဲဘူး။ဒီဆောင်းပါးလေးဖတ်ပြီးတော့  မှ စိတ်သက်သာရာရပြီး ခေါင်းဖီး ရဲသွားတော့ 

တယ်။ဘလော့  ပေါ်ကသူငယ်ချင်းတွေလည်း ကိုယ့် လို ခံစားနေရရင်စိတ်သက်သာရာ ရအောင်လို.share ပေး

လိုက်တာပါ။

1 comment:

စော(အဝါရောင်မြေ) said...

ဟုပ်တယ် ဒီပိုစ့်လေး အတွက်တော့ တကယ်ကျေးဇူးတင်တယ် နော်။

Related Posts Plugin for WordPress, Blogger...