Pages

Wednesday 28 December 2011

သက်သတ်လွတ်ဟင်းလျှာ


အခုတလောချက်စားဖြစ်ခဲ့တဲ့သက်သတ်လွတ်ဟင်းလေးတွေပါ။သက်သတ်လွတ်စားတဲ့သူတော့မဟုတ်ပါဘူး။
ကြိုက်လည်းသိပ်တော့မကြိုက်ဘူး။ဒါပေမယ့်တခါတလေကြရင်အသီး အရွက်ဟင်းလေးတွေကထမင်းမိန်တယ်။ကျန်းမာရေးအတွက်လည်းကောင်းတယ်။
ရန်ကုန်မှာတုန်းကတော့ဟင်းသီးဟင်းရွက်တော်တော်စားဖြစ်တယ်။အမေချက်ကျွေးလို့ လေ။ အဓိက ကတော့အမေကတနင်္ဂနွေ နေ့ တိုင်းသတ်သတ်လွတ်စားတယ်။သူအားတယ်ဆိုရင် သတ်သတ်လွတ်ကို တော်တော်ဖွယ်ဖွယ်ရာရာချက်တာ။အကြိုက်ဆုံးသတ်သတ် လွတ်ထမင်းနဲ့ ဟင်းကတော့ သာမညတောင်ပေါ်မှာကျွေးတဲ့ သတ်သတ်လွတ်ထမင်းနဲ့ ဟင်းဘဲ ။စားဘူးတဲ့သူတွေသိပါတယ် အရမ်းစားလို့ ကောင်းတာ။ဝဥ သုတ်ကတော့ အကြိုက်ဆုံးပေါ့။ဝဥ ကိုအိမ်မှာဝယ်ပြီးကြိုက်သလိုသုတ် အဲ့ဒီတောင်ပေါ်ကဝဥသုတ်လိုမျိုးစားမကောင်းစေရဘူးအာမခံတယ်။
 EastLondonကWhitechapelဘူတာ ရှေ့မှာဈေးတုန်းလေးရှိတယ်။အဲဒီ့ဈေးမှာမှာ
ဟင်းသီးဟင်းရွက်တွေတော်တော်ပေါပြီး
ဈေးလဲတော်တော်ချိုတယ်။ရောင်းတဲ့သူတွေကလဲ" ပ" တွေ "ဘ" တွေများတယ်။ဝယ်တဲ့သူ တွေကလဲသူတို့ တွေပါဘဲ။လူတယောက်မျက်စိမှိတ်ခေါ်သွားပြီး အဲဒီ့နေရာ ချထားလိုက်ရင် ကုလားပြည်ရောက်သွားသလားလိုတောင်ထင်ရမယ်။ဒါပေမယ့်  ကန်စွန်းရွက်၊ပဲသီး၊ဘုံလုံသီး၊သရက်ကင်း၊ဘူးသီး၊ဂေါ်ရခါးသီး လိုမျိုးကိုယ့် တို့ ဗမာတွေနေ့ စဉ်စားနေကြဟင်းလျှာတွေဝယ်လို့ ရတယ်။တခါတလေ ဒန့် သလွန်သီး၊ ရှောက်သီးတောင်တွေ့ ရသေးတယ်။တနေ့ ကအဲ့ဒီးဈေးမှာဟိုငေးဒီငေးနဲ
့လျှောက်ကြည့် နေတုန်းကုလားကြီးတယောက်က ကန်စွန်းရွက်ကြီးနှစ်စီးကိုင်ပြီးဗြုန်းကနဲ ထွက်လာပြီး ရှေ့မှာပိတ်ရက်လိုက်တယ်။ဘာလဲဟဆိုပြီးလန့် သွားတာဘဲ။ပြီးမှသူက 1ပေါင်1ပေါင်ဆိုပြီး လက်ထဲလာထိုးထည့် တယ်။ပထမတော့မယူဘူးလို့ ငြင်းပါသေးတော့။သူကလဲ 1ပေါင်ကလွဲရင်ဘာမှမပြောဘဲလက်ထဲဘဲ အတင်းလာထည့် နေတော့အားနာတာနဲ့ ယူလိုက်ရ ရော။တလက်စထဲ သူဆိုင်လေးထဲဝင်ကြည့် လိုက်တော့ပဲသီးတွေ့ တာ ရုတ်တရက်ပဲသီးသနက်လုပ်စားချင်သွားတယ်။အဲဒီလိုနဲ့ ကန်စွန်းရွက်တစီးကအစပြုပြီးဝယ်လိုက်တာ
ကြက်သွန်ဖြူ၊သံပုရာသီး၊လိမ္မော်သီး၊သင်္ဘောသီး တွေပါဝယ်ဖြစ်သွား တယ်။ပဲသီးသနက်လုပ်နည်းမပြောခင်ပဲသီးဝယ်ဖြစ်သွားပုံပြောတာနည်းနည်းတောင်ရှည်သွားတယ်။
ပဲသီးမလှီးမီပုံ
ပဲသီးကိုရေနွေးဆူဆူထဲတွင်၁၀မိနှစ်ခန့် ပြုတ်ပေးပါ။
ပြုတ်ပြီးပါကအထက်ပါပုံအတိုင်းအရောင်ပြောင်းသွားပါလိမ့်မည်။
နှူးသွားသောပဲသီးများကိုအတုံးသေးသေးလေးတွေတုံးပြီးတော့ဆီချက်၊ဆား၊အချိုမှုန့် တို့နဲ့နယ်လိုက်ပါ။
အရသာနှင့်ပြည့်စုံသောသတ်သတ်လွတ်ပဲသီးသနပ်ရပါပြီရှင်။
ဒါကဘုရားဆွမ်းတော်တင်ဖို့ပြင်ထားတာပါ။
 
ဒါကတော့ပဲငပိပါ။တရုတ်တန်းရောက်တုန်းက၀ယ်ထားတာပါတထုတ်ကို၆၉ပြားဘဲပေးရတယ်။
ဘရဏီကတော့ပဲငပိတထုတ်ကိုခရမ်းချဉ်သီးသုံးလုံး၊ကြက်သွန်နီ အလတ်စား၁ဥထည့်တယ်။



ပထမဆုံးကြက်သွန်နီကိုအရင်ဆီသက်ပြီး၊နီလာရင်တော့ပဲငပိကိုဖောက်ထည့် လိုက်ပါ။ခရမ်းချဉ်သီးသုံးလုံးကိုလည်းတခါထည်းထည့်လိုက်ပါ။ပြီးရင်ဆား၊အချိုမှုန့် ထည့်ပါ။
ပဲတွေနူးသွားအောင်ရေလေးနည်းနည်းထည့်ပေးပြီး၁၅မိနစ်ခန့် ချက်ထားပေးပါ။ပဲတွေနူးသွားပါကငရုတ်သီးစိမ်းသုံးလေးတောင့်လောက်ပစ်ထည့်ပြီးမီးပိတ်ပေးပါ။
ငရုတ်သီးစိမ်းနံလေးသင်းနေတဲ့ပဲငပိဟင်းကိုသုံးဆောင်နိုင်ပါပြီရှင်။









































ဘယ်ဘက်ကပဲငပိ၊ညာဘက်ကပဲငပိထည့်ပြီးသုတ်ထားတဲ့ ထမင်းသုတ်ပါ။



1 comment:

Iora said...

သက်သတ်လွတ်ဟင်းလေးတွေကစားချင်စရာ။
အိုင်အိုရာ

Related Posts Plugin for WordPress, Blogger...