Pages
Friday 2 September 2011
Eyebrow Threading
လန်ဒန်ကိုစရောက်ထဲကသတိထားမိတာတခုရှိတယ်။ဆိုင်သေးသေးလေးတွေတော်တော်များများမှာအမျိုး
သမီးတစ်ယောက်ကခုံပေါ်မှာထိုင်ပြီး၊ ကျန်တယောက်ကသူ့ ကိုအပ်ချည်ကြိုးလေးနဲ့ သူ့ မျက်ခုံးပေါ်ကနေပြီး
ဆွဲ ဆွဲနေတာတွေတယ်။ဘာလုပ်နေမှန်းတော့ မသိဘူး။အဲ့ ဒီလိုမျိုး
လန်ဒန်မြို့ ရဲ့ နေရာတော်တော်များများမှာတွေ့ နေရတယ် ။
EyebrowThreadingလို့ တော့ ရေးထားတာတွေတယ်။ဒါပေမယ့် ရောက်ခါဆိုတော့ ကိုယ့် မှာ
အလုပ်အရင်ရအောင်ရှာနေရတာရယ်
၊ကျောင်းရယ်ဆိုတော့ အဲ့ ဒါကိုစိတ်ဝင်စားချိန်မရပါဘူး။ဆိုင်လေးတွေ
ကလည်းအကြီးကြီးမဟုတ်ပါဘူး။တော်တော်များများက ခုံလေးနှစ်လုံးသုံးလုံးနဲ့  မှန်ဘဲရှိတယ်။ဈေးကတော
အမျိုးမျိုး ဘဲ ၄ပေါင် နဲ့  ၁၀ပေါင်ကြားမှာရှိတတ်တယ်။အဲ့ ဒီလိုနဲ့ Eyebrow Threading ကိုမေ့ မေ့ေ
ပျာက်ပျောက်ဖြစ်သွားတယ်။ ၁နှစ်လောက်ကြာတော့  အလုပ်ထဲ ကသူငယ်ချင်း ကသူ့ သူငယ်ချင်းပါတီ
သွားစရာရှိတော့ threading သွားလုပ်မယ်ဆိုပြီးခေါ်တော့ သူနဲ့ အတူအဖော်လိုက်သွားမိတယ်။ Threading
လုပ်တဲ့ အချိန် က၁၀ မိနစ်လောက်ဘဲကြာတယ် ။မျက်ခုံးကဓားနဲ့ ရိတ်ထားတာနဲ့ မတူဘူး သပ်သပ်ရပ်ရပ်
လေးနဲ့  ပန်းချီကားတွေထဲ က စုတ်တံနဲ့ ဆွဲ ထားတဲ့ မျက်ခုံးလေးကြနေတာ
ဘဲ။စိတ်တော့ တော်တော်ဝင်စားသွားတယ် ကြိုးလေးတချောင်းနဲ့  ၁၀ မိနစ် ၅ပေါင်ရတဲ့ အလုပ်ကို ၊ကိုယ်
တွေတောင် တနာရီလုံးအလုပ်လုပ်မှ ၆ပေါင်ရတာ။Eyebrow Threading  ကိုindia
(မြန်မာလိုကီးဘုတ်ကနေမရိုက်တတ်လို့ )ကနေ စတင်ခဲ့ ပေမယ့် လည်း အေ့ ရှအလယ်ပိုင်းနဲ့  တချို့ အာရှ
အမေရိကန် နိုင်ငံနဲ့ှဥရောပနိုင်ငံတွေမှာအရမ်းခတ်စားလာပါတယ်။အရမ်းစိတ်ဝင်စားနေတဲ့  Threading
ကိုတနေ့ မှာဒေါ်ဘရဏီတို့ သွားစမ်းကြည့် ခဲ့ ပါတယ် ။ရှော့ ပင်းစင်တာထဲ ကလေးပေါင်တန်ကလူစောင့် 
ရမယ်ဆိုတာနဲ့  အပြင်က၅ပေါင်တန် ဆိုင် သွားခဲ့ ပါတယ် ။  Threading လုပ်ပေးတဲ့ မမ ကအေ့ ရှ အလယ်
ပိုင်းကနဲ့ တူတယ်။စစချင်းခုံပေါ်မှာထိုင်ခိုင်းပြီး  မျက်ခုံးကို လက်နှစ်ဖက်နဲ့ ဖြဲထားခိုင်းတယ်။ပြီးတော့ 
အပ်ချည်ကြိုးလေးဖြတ်ပြီးတော့ စတော့ တာပါဘဲ ။အော်မေ့ လို့ မစခင်ဘေဘီပေါင်ဒါလေးမျက်ခုံးပေါ်ကို
နည်းနည်းဖြူးတယ်အဆီစုပ်အာင်လို့ တဲ့ ။ကြိုးတချောင်းကိုပါးစပ်မှာကိုက် ၊တချောင်းကို
ဘယ်လက်ကကိုင် ၊ကျန်တဘက်ကို ညာလက်ကကိုင်ပြီးစဆွဲပါတော့ တယ်။သူတချက်ဆွဲတိုင်းအရမ်းအရမ်း
ကိုနာပါတယ်။ဒါပေမယ့် အောင့် ခံနေပါသေးတယ်။ဘယ်ဘက်အပြီးမှာမျက်ရည်ဝဲတက်လာပါပြီ။
ညာဘက်အပြီးမှာ ထိန်းထားတဲ့ အထဲက မျက်ရည်တစက်ကရုတ်တရက် ပေါက်ခနဲ ကြသွားတော့ ။
မမ လန့် သွားပြီးတော့   Are u alright? မေးတယ်မျက်နှာလည်းပျက်သွားတယ် ။ဟီးဟီး သူလဲတော်တော်
လန့် သွားတယ်ထင်တယ် ။ဆက်လုက်ပါဘဲပြောရတာပေါ့ မျက်ခုံးတဘက်ထဲနဲ့ အိမ်ပြန်သွားလို့ မှမရတာ။
ဒီလိုနဲ့ ဘဲနှစ်ဘက်လုံးပြီးသွားပါတယ်။မဆိုးပါဘူး အရင်မျက်ခုံးထက်စာရင်နည်းနည်းလောက်ကြည့် 
ကောင်းပါတယ်။သူပြောတာတော့  ၃ပတ်အထိခံမယ်လို့ ပြောတယ်။ဒါပေမယ့်  မျက်ခုံးမွေး ပါးလို့ လားမသိ
ဘူး။တလအထိပုံမပျက်ဘူး။မျက်ခုံးတင်မကဘာဘူး မေးစေ့ ၊အပေါ်နှုတ်ခမ်းနဲ့ ၊နှဖူးတွေကိုလည်း  Threading
လုပ်လို့ ရပါတယ်။အိမ်ကြမှ သေချာပြန်စဉ်းစားကြည့် မိပါတယ် ငါ့ ဒုက္ခကမသေးပါလားလို့ ၊ပိုက်ဆံလည်း
ပေးရသေးတယ် ၊အသားလည်းအနာခံရသေးတယ် ဒီကြားထဲ မျက်ရည်ပါအဆစ်ကျခဲ့ ရသေးတယ်။သြော်
ဒုက္ခ ဒုက္ခ လှချင်တဲ့  ဒုက္ခ ။အောက်မှာအသေးစိတ် ကြည့်  လို့  ရတယ်။
3 comments:
စော(အဝါရောင်မြေ) said...
အင်း လှခြင်ရင် ဒိလိုပဲ အောင့်ခံရတယ်လား။ :P
Nay Mya Mya Swe said...
India မှာတော့ အပျိုပေါက်လေးကစလို့ အဖွားကြီးတွေအထိ အပတ်စဉ်လုပ်ကြပါတယ်. မကျွမ်းကျင်တဲ့သူနဲ့ တွေ့ ရင်နာပေမဲ့ ကျွမ်းကျင်တဲ့သူကလုပ်ပေးရင် သိတောင်မသိသာပါဘူး။
ဘရဏီ said...
>>>>စော(အ၀ါရောင်မြေ)ဟုတ်တယ်အမရေလှချင်တော့ လဲအောင် ခံခဲ့ ရတယ်။
ဒုတိယအကြိမ်ပြန်သွားတော့ မနာတော့ ဘူး
Related Posts Plugin for WordPress, Blogger...