Pages
Sunday 18 September 2011
ရွှေဖရုံသီးနှင့်  ပုဇွန် ဟင်း
သောကြာနေ့ ညကအိမ်မက်ထဲမှာချောင်းဝ ကအိမ်ပြန်ရောက်သွားပြီး အမေကရွှေဖရုံသီးနဲ့  ပုဇွန် ချက်မယ်ဆို
ပြီးရွှေဖရုံသီး  တွေ ဓားနဲ့ လှီးနေတယ်ဆိုပြီး အိမ်မက်မက်တယ်။အဲ့ ဒီ့ ကတည်းက ရွှေဖရုံသီး နဲ့  ပုဇွန်ဟင်း
ကိုအရမ်းကိုစားချင်တာ။အိမ်မက်ထဲမှာလည်းချက်နေတယ်လို့ ဘဲမက်တာမစားခဲ့ ရဘူး။အမေချက်တဲ့ 
ရွှေဖရုံသီး နဲ့  ပုဇွန်ဟင်း ကအရမ်းကောင်း မကျည်းသီး ထောင်းလေးနဲ့ ရှယ်ဘဲ။ဒီနေ့ တော့အလုပ်လဲ မသွား
ရတော့ စောစောထပြီးချက်စားမယ်ဟဲ့ ဆိုပြီး အိမ်နားကကုလားဆိုင်က  ပုဇွန် နဲ့ ရွှေဖရုံသီး သွားဝယ်ထားတယ်။ဒါပေမယ့် ဘယ်လိုချက်ရမလဲမေ့ နေတယ်ချက်မစားတာကြာတော့ အဲ့ ဒါနဲ့ အမေ့ ကို
ဖုန်းဆက်ပြီးမေးရသေးတယ်။အမေပြောတာတော့  ပုဇွန် ကိုပုံမှန်ချက် ပြီးတော့  ပုဇွန် ကျက်ပြီဆိုတော့ မှ
ရွှေဖရုံသီးကိုမချက်ခင်မှာအပေါ်ကလိုအတုံးလေးတွေလှီးထားပါတယ်။ကြက်သွန်ဖြု ၊နီ ကိုဆီ အရင်သတ်ထားပြီးကျတ်ခါနီး မှအမေကိုတခါဖုန်းထက်ဆက်ရသေးတယ်။အရောင်တင်ငရုတ်သီးမှုန့် ထည့် 
ရမလားမထည့် ရဘူးလားမသေချာလို့ အမေကတော့ ထည့် ချင်လဲ ရတယ်။မထည့် ချင်လဲရတယ်တဲ့ အိမ်မှာတော့မထည်ဘူးတဲ့ ။အဲ့ ဒါနဲ့ ကြက်သွန်ဆီသတ်
ထားတာကျတ်တော့ ပုဇွန်ထည့် ပုဇွန်ကခဲနေတာဆိုတော့ ရေတွေထွက်လာလို့ အဲ့ ရေတွေခမ်းအောင်
ထည့် ပြီး ၁၀ မိနှစ်လောက်လုံးထား ပြီးမီးကိုလည်း နည်းနည်းလျှော့ ထားလိုက်တယ်။
ပါပြီ။
ချက်တုံးကအများကြီး  ပန်းကန်ထဲလဲရောက်ရော နည်းနည်းဘဲ ရှိတော့ တယ်နော် ။ပုဇွန် ကိုတထုတ်လုံး
အကုန်မထည့်  လိုက်ဘူး။ပြီးတော့ ဟင်းချက်ရင်းနှိုက်မြည်းတာနည်နည်းများသွားတယ် ထင်တယ်
သိပ်မများပါဘူး ဟင်းလည်းကျက်ရော ဗိုက်တောင်မစာတော့ ဘူး။
ရွှေဖရုံသီးနှင့်  ပုဇွန် ဟင်း က မကျည်းသီး ထောင်းလေး နဲ့ ဆိုအရမ်းကောင်းတာ ။ မကျည်းသီးလည်းဝယ်
လို့ ရတယ် ငပိလည်းရှိတယ် ငရုတ်ဆုံ မရှိလို့ ထောင်းလို့ မရတော့ ဘူး.။အဲ့ ဒါနဲ့ သရက်သီးတလုံးဝယ်ပြီး
သုတ်လိုက်တယ်။
ဘာသရက်သီးအမျိုးအစားလဲမသိဘူး စားလို့ ကောင်းတယ်။သရက်သီးလေးကိုပါးပါးလေးတွေလှီးပြီး
နယ်ပြီးသုတ်စားလိုက်တယ်။
မသုတ်ခင်ပုံ
သုတ်ပြီးပုံ
ဒီနေ့ တော့ဒီလောက်ပါဘဲရှင်။ဘလော့ လာလည်သောဘလော့ ဂါ ကိုကို၊မမများပျော်စရာနေ့ ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။
4 comments:
SHWE ZIN U said...
ညီမ
မန်ကျီးသီး ရှိရဲ့သားနဲ့ ဆုံ မရှိလို့ ဆိုတော့ ဆုံကြိမ်း တဲ့ ပုံပြင်မဖတ်ဖူး ဘူးလား
ဟားးးးးးးးးးး ရွှေဖရုံသီး နဲ့ မန်ကျီးသီး အလိုက်ဆုံးပေါ့
စံပယ်ချို said...
သရက်သီးသုပ်လေးတော့စားချင်လိုက်တာ
ကြိုက်တယ်....
ပုံထဲကြည့်ပြီးစားလိုက်တယ်
ခင်မင်တဲ့ jasmine
SHWE ZIN U said...
အင်း ဟိုးရှေးရှေးတုန်းက ကုန်ရောင်းကုန်ဝယ် ထွက်တဲ့ လှေတစင်း ဟာ မြစ်ကမ်းနား ကပ်ပြီး ဟင်းစား ရှာတော့ မန်ကျီးပင်ကြီးက မန်ကျီးသီးနုလေး တွေ တွေ့တာနဲ့ အများကြီးခူးပြီး ထမင်းချက် တာဝန်ကျတဲ့ လှေထိုးသား ကိုပေးခဲ့တယ်တဲ့ ပဲဟင်း ဒီမှာတော့ ရွှေဖရုံသီး ဟင်းပေါ့
အဲဒါချက်ထားပေါ့ တောထဲ ထင်းသွားခွေ အုန်းမယ် ဆိုပြီး ထမင်းချက် တယောက်ဘဲ ထားခဲ့တယ်တဲ့
မန်ကျီးသီးထောင်း ဖို့ ဆုံမရှိတော့ လှေထိုးသား ထမင်းချက် လည်း ဒုက္ခရောက်နေတာပေါ့ အဲဒါနဲ့ ပြန်လာလို့ ချက်ပြီးသား မရှိရင်လည်း သူ့အပြစ်ဖြစ်မယ် ဆိုပြီး မဖြစ် ဖြစ်တဲ့ နည်း နဲ့ မန်ကျီးထောင်း တခွက် ချက်မယ် ဆိုချက်တယ် တဲ့
ကျန်တဲ့ လှေထိုးသား တွေ လာတော့ အားရပါးရ စားကြတာပေါ့ .. မန်ကျီးသီး စိမ်းချက်လေး ကကောင်းတာ ကောင်းတာ ပေါ့
အဲဒီအသံတွေ ကြားတော့ ထမင်းချက် လှေထိုးသား က မင်းတို့ ကတော့ စားကောင်းနေကြတယ် ဒီကတော့ ဆုံကြိမ်း လှပြီ တဲ့
ပါးစပ်နဲ့ ဝါးပြီး ချက်ထားတာလေ
ဒါကြောင့် ညီမ ကို စသွားတာ ညီမ က ဆုံမရှိဘူးဆိုလို့
ချစ်တဲ့
အမရွှေစင်
thant zaw oo said...
good firend
Related Posts Plugin for WordPress, Blogger...