
ကျောင်းမတင်ခင်၂ ပတ်လောက် အလိုမှာကျွန်မတို.မရမ်းခြံကျောင်သို.ကျောင်းအပ်ရန်သွားခဲ.
ုကြပါသည်။တိုက်ဆိုင်ချင်တော. TTC ကကျောင်းအုပ်ဆရာကြီးရဲ. မိန်းမ အခန်းမှာသွားကျပါတယ်။
ငါးတန်း B ပါ။အခန်းတော.များများစားစား သိပ်မရှိပေ။A ၊B နှင်. C သုံးခန်းမျှသာ ရှိပါသည်။ကျောင်းအပ်ပြီး
လျှင်ကျောင်း၏ ပတ်ဝန်းကျင်ကိုလေ့လာရန်ထွက်ခဲ. ကြပါသည်။မရန်းခြံကျောင်းသည်အမည်နှင့်လိုက်အောင်
ပင်အင်မတန်မှမရမ်းပင်ပေါများပေသည်။ကျောင်းကိုအပြင်ဘက်က ကြည်.ပါ က နေပြောက် မထိုးနိုင်သော
တောအုပ်လေးနှင်.ပင်တူပါသည်။ကျောင်း၏ဧရိယာ သည်အင်မတန်မှပင် ကျယ်ဝန်းပါသည်။ကျောင်းတွင်
ကြီးမားသောအားကစားရုံကြီးနှင်.ကျောင်းပိုင် ဘော်ဒါဆောင်ပင်ရှိပါသေးသည်။ထိုနေ.ကမြင်တွေ.ခဲ.သမျှ
သည်ကျောင်းအသစ် တက်မည်.ကျောင်းသူတစ်ယောက်အနေဖြင်.အင်မတန်ပင်စိတ်လှူပ်ရှား ခဲ.မိပါသည်။
ကျွန်မ၏ပုံမှန်အကျင်.တစ်ခုမှာကျောင်းမတက်ခင် ၁လအလိုရောက် တိုင်းအင်မတန်မှ ပျာယာခက် ကာ
ကျောင်းတက်ရမည်.ရက်ကိုစောင်.နေတတ် ပါသည်။အဘယ်ကြောင်.ဆိုသော် ကျောင်းတက် ရန် လူကြီး
များက ၀ယ်ပေးထားသော ဖိနပ်အသစ်၊အိတ် အသစ်၊ထီးအသစ်၊ ကျောင်းဝတ်စုံအသစ်၊ ထမင်းဘူးအသစ်၊ အသစ်အသစ် များကိုစတင် သုံးစွဲချင် ၍ ဖြစ်ပါ သည်။ထိုနှစ်ကအသုံးချင်ဆုံးအရာမှာအမေ ဘားလမ်း 199 စတိုးမှဝယ်ပေးသောယုန်နားရွက်နှင်.ထီးအစိမ်းလေးဖြစ်ပါသည်။ကျွန်မသည်ထိုထီးလေးကိုအလွန်ပင်
်ကြိုက်နှစ်သက်သဖြင်.ဆိုင်မှအိမ်အပြန်လမ်းတလျှောက်လုံးညဘက်ကြီးဖွင်.ဆောင်းလာခဲ.ပါသည်။
အိမ်ရောက်သောအခါအမေကထီးပျက်သွားမယ် ထီးကိုအခုသိမ်းထားပြီးကျောင်းဖွင်.မှထုတ်ဆောင်းဆိုသဖြင်.အမေ.လက်သို.မပေး
ချင်ပေးချင်ဖြင်.ပေးလိုက်ရပါသည်။တကယ်တော.မနက်ဖြန်ကျလျှင်လမ်းထဲကသူငယ်ချင်းများကိုထီး
ကြွားချင်ပါသေးသည်။ငါးတန်းကျောင်းမတက်ခင် အသေအကျေ စဉ်းစားခဲ. သည်
မှာကျောင်းအသစ်တွင်စာဘယ်လို ကျိုးစားမည်၊ မဟုတ်ပါ ။ပထမဆုံး ကျောင်း စတက် သောနေ.တွင်ဆံပင်
ကိုဘယ်လိုစီး သွားလျှင် ကောင်းမလဲသာဖြစ်ခဲ.ပါ သည်။နောက်တချက်မှာ ထမိန် စ၍၀တ်ရသောနှစ်လည်း
ဖြစ်ပါသည်။ပထမဆုံးနေ. အသွားတွင်အိမ်ကလိုက်ပို.ပါသည်။ အပြန်တွင် ကျောင်းကားဖြင်.ပြန် လာရမည်
ဟုအမေကပြောပါသည်။စာသင်ခန်းကိုအလွယ်တ ကူပင် ရှာတွေ.ခဲ၍ လွန်စွာပင် ၀မ်းသာခဲ.ရပါသည်။
အခန်းရှာရာတွင်လည်းကျွန်မ သည်ရာဇ၀င်နှင်.ပင်ဖြစ်ပါသည်။တတိယတန်း ပထမဆုံးနေ.တွင်ဖြစ်ပါသည်
ဇွန်လဖြစ် သောကြောင်.မိုးမင်းကြီး သည်လည်းသည်းထန် စွာရွာသွန်းနေပါသည်။အမေသည် ကျောင်းဂိတ်
ပေါက်ဝရှိဆရာမလက်သို.အပ်ပြီးလျှင်ရုံးချိန်မှီ ရန်ပြေးပါတော.သည်။ဆရာမသည်လည်းဒုတိယ တန်းတွင်
ကျွန်မ၏အတန်းပိုင်ဖြစ်ခဲ.သောကြောင်. ကျွန်မသွားရမည်.အခန်းကိုသိနေကာ မည်.သို.သွားရမည်ကိုသေသေ
ချာချာပြောပြလိုက်ပါသည်။သို.ပေမယ်. အူကြောင်ကြောင်နိုင် သောကျွန်မသည်ရှာမတွေ.ခဲ.ပေ။
ထို.ကြောင်.လမ်းတွင်ရှိသောဆရာမကိုမေးလိုက်ပါသည်။မေးလိုက်ပုံမှာ တီချယ် တီချယ် ဒုတိယတန်း (ဆ)
ကို ဘယ်လိုသွားရသလဲ ဟူ၍ဖြစ်ပါသည်။ ကျွန်မသည် ထိုအချိန်ကမိမိ ကိုယ်ကို တတိယ တန်း ရောက်နေပြီဖြစ် ခြင်းကိုမေ.လျော.နေ၍သော်၎င်း၊ဒါမှမဟုတ် ဒုတိယတန်းကိုပင် ပါးစပ်ထဲတွင် စွဲ၍သာ၎င်း ၊ဖြစ်ပေလိမ်.မည်။
ထိုအခါ ဆရာမ က ပထမ ဆရာမကပြောသောလမ်းနှင်.ဆန်.ကျင် ဘက်လမ်းကိုညွန်ပြလိုက်ပါသည်။
ခေတ်စကားဖြင်.ပြောရလျှင်ဖြင်.အဲ.မှာစတွေ. ပါတော.သည်။
ထိုအခန်းကိုရောက်သောအခါ အတန်းထဲတွင်ကျွန်မနှင်.သိသောသူတစ်ယောက်မှတွေ.သဖြင်. တစ်ခုခု မှားနေ
ပြီဟုထင်ကာ အတန်းထဲမ၀င် ဘဲ ထိုအခန်းနားတွင် ယောင်လည်လည်လုပ်နေပါသည်။ကျွန်မတတ်သော
စာသင်နှစ်များတွင် TTC ၏ အခန်းဖွဲ.စည်းပုံမှာ သူငယ်တန်းတွင် အေ ခန်း တွင်ပညာသင်ကြား ပါ က နောက်
နှစ်များတွင်လည်း အေ ခန်းပင်ဖြစ် သည်။ထို.ကြောင်.အခန်းတွင်းရှိ လူများသည်လည်းဒီလူများသာဖြစ်ပါသည်။
ထိုအချိန်တွင်ကျွန်မသည် အလွန်အမင်းပင် အားငယ်စိတ်ပျက် ကာငိုချင်နေမိပါသည်။ကျောင်းတက်ချိန် လည်း
နီးကပ်လာပါတော.သည်။ဆက်ရန်..........