သောကြာနေ့ ညကအိမ်မက်ထဲမှာချောင်းဝ ကအိမ်ပြန်ရောက်သွားပြီး အမေကရွှေဖရုံသီးနဲ့  ပုဇွန် ချက်မယ်ဆို
ပြီးရွှေဖရုံသီး တွေ ဓားနဲ့ လှီးနေတယ်ဆိုပြီး အိမ်မက်မက်တယ်။အဲ့ ဒီ့ ကတည်းက ရွှေဖရုံသီး နဲ့  ပုဇွန်ဟင်း
ကိုအရမ်းကိုစားချင်တာ။အိမ်မက်ထဲမှာလည်းချက်နေတယ်လို့ ဘဲမက်တာမစားခဲ့ ရဘူး။အမေချက်တဲ့ 
ရွှေဖရုံသီး နဲ့  ပုဇွန်ဟင်း ကအရမ်းကောင်း မကျည်းသီး ထောင်းလေးနဲ့ ရှယ်ဘဲ။ဒီနေ့ တော့အလုပ်လဲ မသွား
ရတော့ စောစောထပြီးချက်စားမယ်ဟဲ့ ဆိုပြီး အိမ်နားကကုလားဆိုင်က ပုဇွန် နဲ့ ရွှေဖရုံသီး သွားဝယ်ထားတယ်။ဒါပေမယ့် ဘယ်လိုချက်ရမလဲမေ့ နေတယ်ချက်မစားတာကြာတော့ အဲ့ ဒါနဲ့ အမေ့ ကို
ဖုန်းဆက်ပြီးမေးရသေးတယ်။အမေပြောတာတော့  ပုဇွန် ကိုပုံမှန်ချက် ပြီးတော့  ပုဇွန် ကျက်ပြီဆိုတော့ မှ
ရွှေဖရုံသီး လေးထည့် ချက်တဲ့ ။အဲ့ ဒါနဲ့ ဟင်းချက်နည်းပြန်သတိရသွားတယ်။
Sunday, 18 September 2011
Monday, 12 September 2011
Night carnival
တနင်္ဂနွေနေ့ ကသွားတဲ့ Mayor's Thames river festival (Night Carnival )ကဓာတ်ပုံလေးတွေပါ။လန်ဒန်မှာ
နှစ်စဉ် စက်တင်ဘာလတိုင်း နွေရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ်နဲ့ မြို့ တော်ဝင်က ပွဲတော်လေးတွေကျင်း
ပပေးပါတယ်။ဒီနှစ်ကတော့  ၁၀ ရက် နဲ့  ၁၁ ရက် နှစ်ရက်ကျင်းပတယ်။ကျင်ပတဲ့ နေရာကတော့ နံမယ်ကျော်
လန်ဒန် Eye ရှိတဲ့ Thames မြစ်ဘေးနားမှာ။စနေ နေ့ ကတော့ ဘာမှသိပ်မထူးခြားပါဘူး street show လေး
တွေရယ် အစားအစာရောင်းတဲ့ ဆိုင်လေးတွေရယ်၊ရှေးဟောင်းပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေရယ် ဒါဘဲ
ရှိတယ်။တနင်္ဂနွေနေ့ ကြမှတကယ်စီတာ။Night Carnival ကိုညနေ၆နာရီ ၄၅ မှာစတယ်။ပွဲမစခင်မိုးတွေ
ရွာလိုက်တာဆိုတာ ပွဲပျက်ပီတောင်ထင်နေ့ တာ ပြီးတော့ မိုးကသူမဟုတ်သလိုဘဲ ၆ နာရီ ၁၅ လောက်
မှာလုံးဝတိတ်သွားတယ်။
ဓာတ်ပုံတွေကအများကြီးရှိသေးတယ်။ ၁၅၀ ကျော်တောင်ရိုက်လာတာ ဒါပေမယ့် သူတို့ ကိုယ့် ရှေ့ ရောက်တုန်းအမြန်ရိုက်ရတာဆိုတော့ တချို့ ပုံတွေကတော့ နည်းနည်းဝါးနေတယ်။
အဖွဲ့ တွေကအများကြီးဘဲ တနာရီကျော်လောက်ကြာတယ်။Night Carnival ပြီးတော့ မီးရှုးမီးပန်းဖောက်တဲ့ 
အစီအစဉ် သူတို့ ကြော်ငြာထားတာက၉ နာရီ၄၅ ၁၀နာရီထိုးတဲ့ အထိမစသေးတော့ ညနေမိုးရွာတုန်းကများရေစိုသွားလို့ ယန်းတွေကမပေါက် တော့ ဘူးလား
လို့ တောင်ထင်မိသေးတယ်။မီးရှုးမီးပန်းဖောက် တဲ့ ပစ္စည်းတွေကမြစ်လယ်မှာလှေသုံးစီးနဲ့ ထားတာဆိုတော့ ။ကိုယ်ဖာသာကို တွေးချင်ရာတွေတွေးပြီးထင်ချင်
ရာတွေဆွဲထင်နေချိန်မှာဘဲစဖောက်ပါတော့ တယ်။အောက်မှာကိုယ်တိုင်ရိုက်ဓာတ်ပုံလေးတွေကြည့် ပြီးခံစား
ကြည့် ကြပါရှင်။

ဝှီးချဲနဲ့ လူတွေလဲဒီလိုဆင်နွဲကြပါတယ် |
အနွေးထည်ဝတ်သွားတာတောင်လေတိုက်တိုင်းအတော်အေးသူတို့ ဆိုဘယ်လိုနေပါ့ မလဲ |
Add caption |
ဓာတ်ပုံတွေကအများကြီးရှိသေးတယ်။ ၁၅၀ ကျော်တောင်ရိုက်လာတာ ဒါပေမယ့် သူတို့ ကိုယ့် ရှေ့ ရောက်တုန်းအမြန်ရိုက်ရတာဆိုတော့ တချို့ ပုံတွေကတော့ နည်းနည်းဝါးနေတယ်။
အဖွဲ့ တွေကအများကြီးဘဲ တနာရီကျော်လောက်ကြာတယ်။Night Carnival ပြီးတော့ မီးရှုးမီးပန်းဖောက်တဲ့ 
အစီအစဉ် သူတို့ ကြော်ငြာထားတာက၉ နာရီ၄၅ ၁၀နာရီထိုးတဲ့ အထိမစသေးတော့ ညနေမိုးရွာတုန်းကများရေစိုသွားလို့ ယန်းတွေကမပေါက် တော့ ဘူးလား
လို့ တောင်ထင်မိသေးတယ်။မီးရှုးမီးပန်းဖောက် တဲ့ ပစ္စည်းတွေကမြစ်လယ်မှာလှေသုံးစီးနဲ့ ထားတာဆိုတော့ ။ကိုယ်ဖာသာကို တွေးချင်ရာတွေတွေးပြီးထင်ချင်
ရာတွေဆွဲထင်နေချိန်မှာဘဲစဖောက်ပါတော့ တယ်။အောက်မှာကိုယ်တိုင်ရိုက်ဓာတ်ပုံလေးတွေကြည့် ပြီးခံစား
ကြည့် ကြပါရှင်။
Friday, 2 September 2011
Eyebrow Threading
လန်ဒန်ကိုစရောက်ထဲကသတိထားမိတာတခုရှိတယ်။ဆိုင်သေးသေးလေးတွေတော်တော်များများမှာအမျိုး
သမီးတစ်ယောက်ကခုံပေါ်မှာထိုင်ပြီး၊ ကျန်တယောက်ကသူ့ ကိုအပ်ချည်ကြိုးလေးနဲ့ သူ့ မျက်ခုံးပေါ်ကနေပြီး
ဆွဲ ဆွဲနေတာတွေတယ်။ဘာလုပ်နေမှန်းတော့ မသိဘူး။အဲ့ ဒီလိုမျိုး
လန်ဒန်မြို့ ရဲ့ နေရာတော်တော်များများမှာတွေ့ နေရတယ် ။
EyebrowThreadingလို့ တော့ ရေးထားတာတွေတယ်။ဒါပေမယ့် ရောက်ခါဆိုတော့ ကိုယ့် မှာ
အလုပ်အရင်ရအောင်ရှာနေရတာရယ်
၊ကျောင်းရယ်ဆိုတော့ အဲ့ ဒါကိုစိတ်ဝင်စားချိန်မရပါဘူး။ဆိုင်လေးတွေ
ကလည်းအကြီးကြီးမဟုတ်ပါဘူး။တော်တော်များများက ခုံလေးနှစ်လုံးသုံးလုံးနဲ့  မှန်ဘဲရှိတယ်။ဈေးကတော
အမျိုးမျိုး ဘဲ ၄ပေါင် နဲ့  ၁၀ပေါင်ကြားမှာရှိတတ်တယ်။အဲ့ ဒီလိုနဲ့ Eyebrow Threading ကိုမေ့ မေ့ေ
ပျာက်ပျောက်ဖြစ်သွားတယ်။ ၁နှစ်လောက်ကြာတော့  အလုပ်ထဲ ကသူငယ်ချင်း ကသူ့ သူငယ်ချင်းပါတီ
သွားစရာရှိတော့ threading သွားလုပ်မယ်ဆိုပြီးခေါ်တော့ သူနဲ့ အတူအဖော်လိုက်သွားမိတယ်။ Threading
လုပ်တဲ့ အချိန် က၁၀ မိနစ်လောက်ဘဲကြာတယ် ။မျက်ခုံးကဓားနဲ့ ရိတ်ထားတာနဲ့ မတူဘူး သပ်သပ်ရပ်ရပ်
လေးနဲ့  ပန်းချီကားတွေထဲ က စုတ်တံနဲ့ ဆွဲ ထားတဲ့ မျက်ခုံးလေးကြနေတာ
ဘဲ။စိတ်တော့ တော်တော်ဝင်စားသွားတယ် ကြိုးလေးတချောင်းနဲ့  ၁၀ မိနစ် ၅ပေါင်ရတဲ့ အလုပ်ကို ၊ကိုယ်
တွေတောင် တနာရီလုံးအလုပ်လုပ်မှ ၆ပေါင်ရတာ။Eyebrow Threading ကိုindia
(မြန်မာလိုကီးဘုတ်ကနေမရိုက်တတ်လို့ )ကနေ စတင်ခဲ့ ပေမယ့် လည်း အေ့ ရှအလယ်ပိုင်းနဲ့  တချို့  အာရှ
နိုင်ငံတွေမှာလည်း ခတ်စားပါတယ်။နောက်ပိုင်း hollywood celebrity တွေရဲ့ အကြိုက်ဖြစ်လာပြီး
အမေရိကန် နိုင်ငံနဲ့ှဥရောပနိုင်ငံတွေမှာအရမ်းခတ်စားလာပါတယ်။အရမ်းစိတ်ဝင်စားနေတဲ့  Threading
ကိုတနေ့ မှာဒေါ်ဘရဏီတို့ သွားစမ်းကြည့် ခဲ့ ပါတယ် ။ရှော့ ပင်းစင်တာထဲ ကလေးပေါင်တန်ကလူစောင့် 
ရမယ်ဆိုတာနဲ့  အပြင်က၅ပေါင်တန် ဆိုင် သွားခဲ့ ပါတယ် ။ Threading လုပ်ပေးတဲ့ မမ ကအေ့ ရှ အလယ်
ပိုင်းကနဲ့ တူတယ်။စစချင်းခုံပေါ်မှာထိုင်ခိုင်းပြီး မျက်ခုံးကို လက်နှစ်ဖက်နဲ့ ဖြဲထားခိုင်းတယ်။ပြီးတော့ 
အပ်ချည်ကြိုးလေးဖြတ်ပြီးတော့ စတော့ တာပါဘဲ ။အော်မေ့ လို့ မစခင်ဘေဘီပေါင်ဒါလေးမျက်ခုံးပေါ်ကို
နည်းနည်းဖြူးတယ်အဆီစုပ်အာင်လို့ တဲ့ ။ကြိုးတချောင်းကိုပါးစပ်မှာကိုက် ၊တချောင်းကို
ဘယ်လက်ကကိုင် ၊ကျန်တဘက်ကို ညာလက်ကကိုင်ပြီးစဆွဲပါတော့ တယ်။သူတချက်ဆွဲတိုင်းအရမ်းအရမ်း
ကိုနာပါတယ်။ဒါပေမယ့် အောင့် ခံနေပါသေးတယ်။ဘယ်ဘက်အပြီးမှာမျက်ရည်ဝဲတက်လာပါပြီ။
ညာဘက်အပြီးမှာ ထိန်းထားတဲ့ အထဲက မျက်ရည်တစက်ကရုတ်တရက် ပေါက်ခနဲ ကြသွားတော့ ။
မမ လန့် သွားပြီးတော့  Are u alright? မေးတယ်မျက်နှာလည်းပျက်သွားတယ် ။ဟီးဟီး သူလဲတော်တော်
လန့် သွားတယ်ထင်တယ် ။ဆက်လုက်ပါဘဲပြောရတာပေါ့ မျက်ခုံးတဘက်ထဲနဲ့ အိမ်ပြန်သွားလို့ မှမရတာ။
ဒီလိုနဲ့ ဘဲနှစ်ဘက်လုံးပြီးသွားပါတယ်။မဆိုးပါဘူး အရင်မျက်ခုံးထက်စာရင်နည်းနည်းလောက်ကြည့် 
ကောင်းပါတယ်။သူပြောတာတော့  ၃ပတ်အထိခံမယ်လို့ ပြောတယ်။ဒါပေမယ့်  မျက်ခုံးမွေး ပါးလို့ လားမသိ
ဘူး။တလအထိပုံမပျက်ဘူး။မျက်ခုံးတင်မကဘာဘူး မေးစေ့ ၊အပေါ်နှုတ်ခမ်းနဲ့ ၊နှဖူးတွေကိုလည်း Threading
လုပ်လို့ ရပါတယ်။အိမ်ကြမှ သေချာပြန်စဉ်းစားကြည့် မိပါတယ် ငါ့ ဒုက္ခကမသေးပါလားလို့ ၊ပိုက်ဆံလည်း
ပေးရသေးတယ် ၊အသားလည်းအနာခံရသေးတယ် ဒီကြားထဲ မျက်ရည်ပါအဆစ်ကျခဲ့ ရသေးတယ်။သြော်
ဒုက္ခ ဒုက္ခ လှချင်တဲ့  ဒုက္ခ ။အောက်မှာအသေးစိတ် ကြည့်  လို့  ရတယ်။

Subscribe to:
Posts (Atom)