ဒီနှစ်ချစ်သူကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲနှဖူးပေါ်လက်တင်ပြီး၂ရက်လောက်စဉ်းစားပြီးတော့ မှ
youtube ကvideo လေးတစ်ခုတွေ့ ရင်းဒီ အိုက်ဒီယာကိုရသွားတာပါ။ချစ်သူကို Valentine နေ့တိုင်း
ချောကလက်တောင့် ပေးရတာရိုးပါတယ်။ချောကလက်ကဆိုင်မှာပိုက်ဆံပေးဝယ်ရင် ရပါတယ်။
ဒီနှစ်ချစ်သူကိုချစ်ခြင်းအပြည့်နဲ့ လုပ်ထားတဲ့ စတော်ဘယ်ရီချောကလက်လေးဒီနှစ်ပေးရအောင်။
ပထမတော့ white chocolateရယ် milk chocolateရယ်သုံးပြီးတော့လုပ်မလိုဘဲ။ plain chocolate တော့
မကြိုက်ဘူးနည်းနည်းခါးသလားလို့။ကံမကောင်းချင်တော့ white chocolateကိုအိုးထဲထည့် ဖျော်ရမှာပျင်းပြီး
microwave ထဲထည့် လှည့် လိုက်တာတူးသွားလို့ :-( သုံးလို့မရတော့ ဘူး။
စတော်ဘယ်ရီ ၉လုံးရှိပါတယ်။
အိုးအလွတ်ထဲမှာ အရင်ဆုံး ရေလေးနည်းနည်းကိုဆူအောင်တည်ပေးပါ။ရေဆူလာရင် ခွက်တလုံးထဲကို
ချောကလက်တွေခြေပြီးတော့ အိုးပေါ်ကိုတင်ပေးပါ။အောက်ကရေနွေးငွေ့ နဲ့ သူဖာသာသူတဖြည်းဖြည်း
အရေပျော်သွားပါလိမ့် မယ်။အကောင်းဆုံးကတော့ cookie လုပ်၇င်သုံးတဲ့ chocolate chipလေးတွေကို
သုံးရင်ပိုကောင်းတယ်။အရေပျော်တာပိုမြန်တယ်။
(အိုးကကြီးနေတောခွက်ကြီးအိုးထဲဝင်သွားတယ် : D )
ကဲအဆင်သင့်ဖြစ်ပါပြီ။
အကင်ကင်ရင်သုံးတဲ့ ဝါးချောင်းလေးတစ်ချောင်းလိုတယ်။
ဝါးချောင်းလေးကိုယူပြီးစတော်ဘယ်ရီထိပ်ကလေးကိုထိုးလိုက်ပါ။ပြီးရင်ချောကလက်ခွက်လေးထဲကို
စတော်ဘယ်ရီသီးရဲ့ သုံးပုံနှစ်ပုံလောက်ကိုထည့်နှစ်ပေးပါ။
ပြီးရင်ချောကလက် flake တွေနဲ့ ဘေးပတ်ပတ်လည်ကိုကပ်ပေးပါ။
(ချောကလက်ပြားရဲ့နောက်ကြောကိုဓားနဲ့ ခြစ်ထားတာပါ။)
ဒါကအုန်းသီးမှုန့်ပါ။
အုန်းသီးမှုန့် နဲ့ ကပ်ပေးလဲရပါတယ်။
ပြီးပါပြီ။လက်မငြိမ်တော့သိပ်တော့မညီဘူး။ဒါပထမဦးဆုံးလုပ်ဖူးတပါ။
ရေခဲသေတာ(အောက်က တ၀န်းပူရေးတက်ဘူး)၁၅မိနစ် ထဲထည့် ပြီး
တော့အအေးခံပေးပါ။မေ့သွားလို့ချောကလက်သုတ်ပြီးသွားတဲ့ စတော်ဘယ်
ရီတွေကိုBaking Sheetပေါ်တင်ပေးပါ။အဲ့ဒါကချောကလက်တွေကကပ်မနေမှာ။
ဘူးလေးဝယ်ထားတာ ။၁ပေါင်ခွဲပေးရတယ်။
Baking Sheet ကိုအသည်းပုံစံကပ်ကျေးနဲ့ညှပ်ပြီးဘူးထဲကိုကြိုထဲ့ ထားတယ်။
၁၅မိနှစ်ခန့် ကြာသောအခါ။
ဗူးထဲထည့် နိုင်ပါပြီ။
ရေခဲသေတာထဲနောက်တခါပြန်မထည့် ပါနဲ့ ။၄၈ နာရီအတွင်းစားသုံးပါ။
video လေးလဲအားပေးကြပါအုံး။
2 comments:
ချစ်သူကိုလက်ဆောင်ပေးဖို့လာဖတ်တာပါပဲ
ကြည့်ပြီးစားချင်တာနဲ့ ကိုယ့်ဖာသာကိုပဲ
စားခဲ့ပါတယ်ရှင်
လှလဲလှ စားချင်စရာလဲကောင်းတော့မနေနိုင်လို့ပါ
ချိုချိုလေးစားလို့ ကောင်းတယ်။
Post a Comment