မနေ့ကမြို့ လယ်ကောင်ရောက်တုန်းရိုက်လာတဲ့ ပုံတွေပါ။Big Ben ပုံ လေးနာရီထိုးဖို့ ၁၅မိနစ်တဲ့။
London Eyes ကြီး။တခုကဘာလို့နီနေတာလဲမသိဘူး။
River Thames နဲ့  London Eyes
နေရောင်အောက်ကဗြိတိသျှပါလီမန်နဲ့ Big Ben နာရီစင်ကြီး
Houses of Parliament မဆီမဆိုင်တွေးလိုက်သေးတယ် ။David Cameron အထဲမှာရှိရင်ရှိမှာလို့ ။
Houses of Parliamentရှေ့မှာ ဆန္ဒ ပြနေတဲ့ သူတွေ။ဒီဇိုင်နာMc Queen ကို Queen ဆိုတာပါလို့ ဘုရင်
မကြီးကFreemason ကိုဌားပြီးသတ်ခိုင်းတာပါဆိုပြီး ဘေးနားမှာလူမည်းအဖိုးကြီးတရောက်ကအော်နေ
တယ်။
ဒါကတမျိုး။
ဒါကအီရန်၊ဆီးရီးယားအရေး။
CHURCHILL
NELSON MANDELA
Westminister Abbey ဘုရားကျောင်း။
ဘုရားကျောင်းရှေ့။ဓာတ်ပုံကတ၀က်ဘဲပါတယ်။
အမှိုက်တွေထည့် ကြမယ်အဲမဟုတ်ပါဘူးစာတွေထည့် ကြမယ်။
တချို့ တွေနောက်ပြီးအမှိုက်တွေထည့်တယ်။
St James Park ထဲမှာရောက်လာပြီ။အိမ်လေးက ချစ်စရာလေး။
သီပေါမင်းမမွေးခင်ထဲကဆောက်ထားတဲ့ အိမ်။မထင်ရဘူး။
ပန်းခြံထဲမှာဒီဘဲအမျိုးအစားတွေရှိတယ်။
ဘဲလားဌက်လားမသိ။
ဒီဘဲကိုခိုက်သွားတယ်။လူဘဲမဟုတ်ဘူးနော်။တကယ့်ဘဲ။လမ်းလျှောက်နေတဲ့ ပုံကလှတယ်။
ခိုကောင်လေးကခိုမလေးကိုရည်းစားစကားပြောနေတယ်ထင်တယ်။
ဘဲစုံတွဲ
ဒီဘဲခေါင်းကတမျိုးလေး။မနက်ဖြန်ညနေကြမှကျန်ရှိနေတဲ့ ပုံတွေကိုဆက်တင်ပေးပါမယ်။အခုpost ကတော်တော်ရှည်သွားလို့ ။
5 comments:
Westminister သို့ ရောက်ခဲ့ပြန်ပြီနော်ပုံလေးတွေကြည့်ပြီး
သွားလည်ချင်မိတယ် ဘဲပုံတွေလှလိုက်တာနော်
ခင်မင်စွာဖြင့် jasmine
ပုံလှလှလေးတွေလာကြည့်သွားပါတယ်
ပျော်ရွှင်ပါစေ
ကိုယ်မရောက်ပေမယ့်လဲ ကိုယ့်သူငယ်ချင်းတွေ တင်ရင်ကိုယ်ရောက်သလိုဘဲအေ
တင်သာတင်
သဘောကျဒယ်း))
ချစ်တဲ့
မဒိုးကန်
ဘဲပုံလေးတွေသဘောကျတယ်း)
ဘဲတစ်ကောင်လောက်မွေးမလားလို့ :D
ဘာလို့အဲ့လောက်လှအောင်
ရိုက်လာရတာတုန်း :P
ပျော်ရွှင်ပါစေညမတော်..
ချစ်ခင်လျှက်
မမိစံဘဲတစ်ကောင်လောက်အိမ်ခေါ်သွားလေ။ဟီးစတာနော်
Post a Comment