ဘရဏီအကြိုက်ဆုံးအစားအစာထဲကတခုပါ။လိုအပ်တဲ့ ပစ္စည်းတွေပဲမှုန့် အစိမ်း ၊ဂျုံမှုန့်  ( ဘရဏီကတော့
self raising flourကိုသုံးတယ် plain flour ကိုသုံးလဲရတယ်)၊သကြား၊ဆီ၊အရောင်မှုန့် (optional)။
ငယ်ငယ်တုန်းကဂျလေဘီနဲ့ ပက်သက်ပြီးဇာတ်လမ်းတပုဒ်ရှိတယ်။ဘရဏီတို့ မောင်နှမသုံးရောက်ရှိတယ်။
အမေရုံးသွားရင် အိမ်မှာဘဲကျန်ခဲ့ ကြတာ။အမေရုံးသွားရင်အမေနဲ့ အတူတူလမ်းထိပ်က မတ်တော်ကျား
ဆိုင်လိုက်သွားပြီး အမေကနေ့ ခင်းကြရင်စားဖို့ မုန့်ဝယ်ပေးပြီးအိမ်ပြန်လွှတ်လိုက်ရော။မတ်တော်ကျား
ဆိုတာကကုန်စုံဆိုင်ဖွင့် တဲ့တရုတ်မကြီး ရဲ့ အမည်။ ကိုတို့မှာပိုက်ဆံမရှိဘူး မုန့် ဘဲရှိတယ်။ရှိတဲ့ မုန့့်ကလည်းအိမ်ပြန်တဲ့ လမ်းမှာဘဲစားလိုက်တာကုန်ပြီ။နေ့ ခင်းဘက်ဆိုအကိုအငယ်နဲ့ ဆော့ တယ်။
တခါတလေဘယ်လိုဆော့ လဲဆိုတော့ အိမ်ရှေ့ကိုဈေးသယ်တွေကဖြတ်သွားပြီးခပ်လှမ်းလှမ်းကြရင် လာပါ
အုံးဗျို့ လိုအော် ပြီးရင်အိမ်ထဲဝင်ပြေး ။ဈေးသယ်ကြီးကဘယ်အိမ်ကခေါ်မှန်းမသိဘဲနဲ့ လိုက်ရှာ မတွေ့တော့
မှသူ့ လမ်းသူ့ လမ်းသူဆက်သွားရော။နေ့ တိုင်းတော့မလုပ်ပါဘူး တခါတလေပါ။တနေ့ အကိုအကြီးဆုံးက
ခြံထဲမှာသူ့ အ၀တ်သူလျှော်နေတယ်။အဲ့ ဒီအချိန်မှာကုလားကြီးတရောက်က ဂျလေဘီမလိုင်မုန့့်အော်ရောင်းပြီးအိမ်နားလျှောက်လာတယ်။ထုံးစံအတိုင်းခမ်လှမ်းလှမ်းရောက်အောင်စောင့်ပြီးမှ ခေါ်လိုက်ရော
ကံကဆိုးချင်တော့ကုလားကြီးကမြင်သွားတယ် ။အဲ့ တာကိုသိတော့ခြံထဲမှာအ၀တ်လျှော်နေတဲ့ အကိုကြီးဆီ
သွားပြီးတော့ ပိုက်ဆံသွားတောင်းတာ အကိုကြီးကလည်းအဲ့ ဒီနေ့ကပိုက်ဆံမရှိဘူးတဲ့ ။ခါတိုင်းဆိုအမေက
သူ့ ကိုအရေးကြောင်းကြရင်သုံးဖို့ ပိုက်ဆံပေးထားခဲ့ တာ ဆိုတော့သူ့ မှာရှိမယ်ဘဲထင်တာပေါ့ ။အဲ့တော့မှ
အကိုကြီးဈေးသယ်သယ်ခေါ် ပြီးပြီလို့ပြောတော့သူလည်းကြံရာမရာဖြစ်သွားတယ်။ ကုလားကြီးက
လည်းအိမ်နဲ့ တော်တော်နီးလာပြီ။နောက်ဆုံးပုန်းနေကြမယ်ဖိုပြီးတော အကိုကြီးလည်းသူလျှော်နေတဲ့
အ၀တ်ဇလုံကြီးကိုပစ်ချပြီးတော့ သုံးရောက်သားအိမ်ထဲမှာတံခါးပိတ်ပြီးဝင်ပုန်းနေရတယ်။ကုလားကြီးက
အိမ်ရှေ့မှာ၅မိနစ်လောက်စောင့် နေသေးတယ်နောက်မှပွစိပွစိပြောပြီးတော့ပြန်သွားရော။အဲ့ ဒီအချိန်ကစ
ပြီးအဲ့ဒီအကျင့်လဲပျောက်သွားရော။
ဒီ Measuring cup လေးတွေသုံးပါတယ်။
အရင်ဆုံးခွက်အသန့် တလုံးထဲကို ပဲမှုန့် အစိမ်း ကို ပုံထဲမှာပါတဲ့ ခွက်အစိမ်းလေးနဲ့  တခွက်ထည့်ပါ။
(ခွက်အစိမ်းလေးက 1/4 ခွက်)
ပြီးရင်ဂျုံမှုန့်ကခွက်အစိမ်းနဲ့ သုံးခွက် ။
အမှုန့်  ၂မျိုးကိုအရင်သမအောင်နယ်ပေးပါ။
ပြီးရင် ရေကိုအပေါ်ကခွက်ကလေးနဲ့ သုံးခွက်ထည့်ပါတယ်။
ဂျလေဘီအရောင်လိမ္မော်ရောင်ထည့် ချင်ထည့် ဒါမှမဟုတ် ရင်saffron လေးထည့်။
ဘယ်ဘက်ကဘူးကလိမ္မော်ရောင်ဘူး။ညာဘက်ကsaffron ဘူးကြိုက်တာထည့် ။
ဆန်းဆန်းပြားပြားဖြစ်ချင်ရင်အစိမ်းရောင်တွေ၊အနီရောင်တွေပါစမ်းကြည့် လို့ ရသေးတယ်။
အရောင်ထည့်ပြီးပုံ့။ပြီးရင်အဲ့ ဒီအတိုင်းလေး အပေါ်ကတခုခုအုပ်ပြီး၆-၈နာရီထားပေးပါ။
result ကောင်းကောင်းလေးလိုချင်လျှင်တော့၁၀-၁၄နာရီ ထားပေးပါ။
၁၄နာရီကြာသောအခါ.........................။
Icing set လေးသုံးတယ်။အဲ့ ဒါမရှိလည်းရတယ်။sandwich bag သုံးလည်းရတယ်။
ဂျလေဘီလုပ်မဲ့ မုန့်နှစ်တွေကိုထည့် တဲ့ အခါကြရင်အောက်က ခွက်ကလေးတစ်လုံးခံပေးပါ။
sandwich bag သုံးတဲ့ သူတွေကမုန့် နှစ်တွေထည့် ပြီးမှအိတ်ရဲ့ ထိပ်ကိုဖောက်ပါ။
သကြားကို မီးမြေ့ မြေ့လေးနဲ့ ကြွက်မြီးတန်းတဲ့ အထိကြိုထားပေးပါ။
ပြီးရင်ဆီအိုးထဲကို ဂျလေဘီမုန့် နှစ်လေးတွေထည့် ကြော်ပေးပါ။ဆီရဲ့ အပူချိန်ကမပူလွန်း၊
မအေးလွန်းတဲ့ အနေအထားလေးမှာရှိရမယ်။ပူလွန်းရင် မုန့် တွေကတစစီကွဲထွက်ကုန်တယ်။အေးရင်လဲ
မုန်ကမပွတော့ ဘူး။ကျစ်ကျစ်ကြီဖြစ်သွားတယ်။များသောအားဖြင့် ၃ ခုလောက်ကြော်ပြီးရင်ဆီကအရမ်းပူ
လာတတ်တယ်။အဲ့ ဒီအခါကျရင်မီလေးကိုလျှော့ ပေး။
ဟိုဘက်ဒီဘက်လှည့် ပြီးရွှေအိုရောင်သန်းလာတဲ့ အထိကြော်ပေး။
ဆီစစ်ပေးပါ။
အသင့် စားနိုင်သောဂျလေဘီရပါပြီရှင်။
အပေါ်ကအချိုးအစားတွေအတိုင်းလုပ်တာအားလုံးပေါင်းဂျလေဘီ ၉ခုရတယ်။၂ခုထဲဓာတ်ပုံထဲမှာပါလို့ 
၂ခုထဲရတယ်လို့ မထင်ကြနဲ့ အုံး။အရမ်းစားလို့ကောင်းပါတယ်။အပေါ်ကသကြားရေလေးနဲ့ ကိုက်စားလိုက်
ရင်အပေါ်ရံကမာပြီးအထဲမှာ ဂလိုင်ပေါက်လေးတွေနဲ့ အဲ့ဒီအထဲမှာလည်း
သကြားရေလေးတွေထပ်ရှိသေးတယ်။
10 comments:
အချိန်ရရင် လုပ်စားကြည့်အုံးမယ်...
အခု ည ၂ နာရီ ဗိုက်ဆာနေတာ...
ဟာကွာ email နဲ့ တစ်ခုလောက် attach တွဲပြီး ပို့ပေးကွာနော့်
အရမ်းလုပ်ရခက်မယ်ထင်ထားတာ
ခုဖတ်တော့လဲလွယ်နေသလိုပဲ
မလုပ်တတ်တာခက်တယ်
ကြည့်ပြီးစားချင်လာတယ် လုပ်ပြထားတာကလဲစိတ်ဝင်စားဖို့ကောင်းတယ်လုပ်ပြီးသား
မုန့်လေးကတစ်ကယ့်ကိုဆိုင်မှာဝယ်ထားတဲပအတိုင်းပဲ
ခင်မင်တဲ့ jasmine
Etoileရေemail addressမသိလို့သိရင်ချက်ခြင်းကိုပို့ ပေးလိုက်အုံးမှာ။ကျေးဇူးဘဲမမဂျက်ပထမဆုံးအကြိမ်ကြိုးစားတုန်းကဆိုမအောင်မြင်ဘူး။ဒါကသုံးကြိမ်မြောက်။
တော်လိုက်တာ ညီမလေးက။ လုပ်ရခက်မယ်ထင်တာ။ ဒီတစ်ခေါက် စာတွေ အားရင် လုပ်ကြည့်ဦးမှ။
လာအားပေးသွားတယ် ညီမလေး ဘရဏီရေ။ measuring cups လေးတွေ လှလိုက်တာ
မမြတ်ကြည် ကြံမဆိုင်ရရင်ဝက်သားနဲ့ချက်ကျွေးမယ်။
မEvy လာအားပေးတာကျေးဇူးတင်ပါတယ်။
ဒီလိုသေချာအဆင့်ဆင့် လုပ်ပြတော့လည်း လွယ်သလိုလို.. စိတ်ကူးပေါက်တဲ့တစ်နေ့ လုပ်စားဦးမှဘဲ.. :)
လုပ်စားကြည့် thinzar ရေ
တော်လိုက်တဲ့ဘရဏီလေး...
အိုင်အိုရာ
ကျေးဇူး :)
Post a Comment