ဒီတပတ်ကတော့ ဝက်ချိုချဉ်ကြော်ကြော်ပါတယ်။လိုအပ်တဲ့ ပစ္စည်းတွေကတော့  ပန်းငရုတ် အစိမ်းတလုံး၊
အနီတလုံး၊နာနတ်သီး(သံဘူးနဲ့ လာတာတဘူး သံဘူး နဲ့ လာတဲ့ နာနတ်သီးသုံးရခြင်းက အထဲကအရေတွေ
လိုချင်လို့ပါ။ဝက်သား၊ကြက်သွန်နီ၊ပြောင်းမှုန့် ၊ဂျုံမှုန့် ၊ဆား၊အချိုမှုန့် ၊ပဲငံပြာရည်၊ခရုဆီတို့ လိုအပ်ပါတယ်။
မေ့လို့ tomato ketupလဲလိုတယ်။
ကြက်သွန်၊ပန်းငရုတ်နဲ့ နာနတ်သီးတို့ ကိုအစိတ်လေးတွေစိတ်ထားပေးပါ။ငရုတ်အစိမ်းကို တ၀က်ဘဲ
ထည့် လိုက်တယ်။သူ့ ရဲ့ ခါးသက်သက်အရသာကိုသိပ်မကြိုက်လို့ ။အနီကတော့ ချိုတယ်။
ဝက်သားကတော့ ၁၅ကျပ်သားလောက်ပေါ့ ။
မုန်နှစ်ရည်အတွက်ကတော့  ဂျုံမှုန့် အနည်းငယ်ထဲကိုပြောင်းမှုန့် လက်ဘက်ရည်ဇွန်း၁ဇွန်းထည့်ပါ။ရေကိုနည်းနည်းဘဲဂျုံမှုန့် ပြစ်ရုံလေးဘဲထည့် ပါ။
ပြီးရင် ၀က်သားတခုခြင်းဆီကိုဂျုံနှစ်ထဲကိုနှစ်ပြီး ဆီပူအိုးထဲထည့် ကြော်ပေးပါ။အပေါ်ကပုံထဲကအတိုင်း
ရလာပါလိမ့် မယ်။
ပြီးရင် ပန်းငရုတ်လေးတွေထည့် ပြီးနွမ်းရုံလေးတခါထပ်ကြော်ပေးပါ။
sauce ရည်လုပ်ရမယ်။tomato ketup ၂ဇွန်း၊ ပဲငံပြာရည် ၁ဇွန်း ၊ပြောင်းမှုန့်  ၂ဇွန်း၊ဆားအနည်းငယ်၊
နာနတ်သီးသံဘူးထဲကအချိုရည် ထမင်းစားဇွန်းနဲ့ ၈ဇွန်းလောက်ရယ်ကိုရောပြီးsauceရည်လုပ်ထားပါ။
ဟင်းစမချက်ခင်ထဲကကြိုလုပ်ထားပါ။
ငရုတ်သီးနွမ်းသွားတာနဲ့ နာနတ်သီးနဲ့ sauce ရည်ကို တပြိုင်နက်ထဲထည့် ပေးပါ။
၂မိနစ်လောက်ကြာရင် ၀က်သားကြော်ထားတာကိုထည့် ပြီးမီးဖိုကမီးကို လုံးဝပိတ်လိုက်ပါ။
၅မိနစ်လောက်မီးဖိုပေါ်မှာမီးငွေ့ ငွေ့ လေးနဲ့ sauce ရည်ကအရသာတွေဝက်သားထဲကိုဝင်သွားအောင်ထား
ထားပေးပါ။တခါတလေ အဲ့ ဒီလိုထားထားရင်းနဲ့ sauceရည်တွေခမ်းသွားတက်ပါတယ်။အဲ့ ဒီအခါကြရင်
ရေ(သို့ ) နာနတ်သီးဘူထဲကရေ ထည့် ပေးလို့ ရပါတယ်။
ပန်းကန်ထဲထည့် ပြီးသုံးဆောင်နေပါပြီ။ဝက်ချိုချဉ်ကြော်ပါ။
ဘုရားဆွမ်းတော်ကပ်ဖို့ ခူးထားတာပါ။
ဒီပုံက တရုတ်တန်းကဆိုင်မှာဝယ်စားတုန်းကရိုတ်ထားတဲ့ပုံ။
အရောင်နည်းနည်းထည့် ထားတယ်ထင်တယ်။
နောက်တပတ်ကြရင်Fruit Tart လုပ်နည်းတင်ပေးမယ်။
4 comments:
စားကောင်းမယ့်ပုံပဲ။ နောက်တစ်ပတ်လုပ်ကြည့်ဦးမယ်။ ဒီမှာ ပြောင်းဖူးမုန့်မရှိဘူး။ ရှာပြီးရင် လုပ်ကြည့်ဦးမယ်။ :)
ချက်ပုံချကိနည်းလေးကိုသေချာမှတ်သားခဲ့ပါတယ်ရှင်
Hello Nyima Barani, first time I visit to your blog. Interesting recipes. I'll try this recipe with chicken as I don't eat pork :))
ကျေးဇူးမ rose အမဘလော့ကိုတော့အမြဲရောက်တယ်။
Post a Comment