ဒီတပတ်တော့ လွယ်ကူမြန်ဆန်တဲ့  marshmallows နဲ့ လုပ်တဲ့ချောကလက်ပူတင်းလေးလုပ်စား
ုဖြစ်တယ်။လုပ်ရတာအရမ်းလွယ်ပါတယ်။အချိန်လဲဆယ်ငါးမိနစ်လောက်ဘဲကြာတယ်။ဒါပေမယ့် ဝိတ်ချနေ
နေတဲ့ သူတွေဆိုရင်တော့စားဖို့ မသင့် တော်ဘူးထင်တယ်။ကယ်လိုရီတွေကတော်တော်များမဲ့ ပုံဘဲ။
လိုအပ်တဲ့ ပစ္စည်းတွေကတော့  ချောကလက်တတောင့်၊marshmallows၊Double creamနဲ့ Raspberries
အနည်းငယ်ရယ်ပါ။ပထမဆုံးအိုးအရွယ်ခပ်သေးသေးတလုံးကိုမီးဖိုပေါ်တင်ပြီးခြောက်နေအောင်အပူပေးပါ။ပြီးရင်Double cream
ထည့် ပါ။မီးဖိုကိုမီးတ၀က်လောက်ဘဲထားပါ။Double cream ဆူလာရင် marshmallows ကိုထည့် မွှေပေးပါ။
၃မိနစ်လောက်ဆိုရင်marshmallows တွေကလုံးဝအရေပျော်သွားပါပြီ။
ချောကလက်တွေကိုချေပြီးထည့် ပါ။ချောကလက်ထည့် ပြီးပြီးခြင်းမီးဖိုကိုမီးပိတ်လိုက်ပါ။
ချောကလက်တွေလုံးဝအရေပျော်ပြီးmarshmallowsနဲ့ Double creamတို့ နဲ့ လုံးဝတသား
ထဲပေါင်းသွားသည်အထိမွှေပေးပါ။
ပြီးရင်ကိုစားမဲ့ ခွက်ထဲကိုထည့် ပြီးတော့ ရေခဲသေတ္တာထဲကို မိနစ် ၂၀ခန့် ထည့် ပြီး
အအေးခံပေးပါ။
ဒီနေ့Raspberries၀ယ်တယ်တာဒါသထွက်ရတယ်။၁ဘူးထဲဝယ်ရင် ၃ပေါင် ၁၀ပြား ၂ဘူးယူရင်
၎ပေါင်။လိုတာကတဘူးတည်း ။ဒါပေမယ့်  ၂ဘူးယူမှလဲတန်မှာ ပြားကိုးဆယ်ထဲနဲ့ ။ကိုယ့်ဖာသာကိုလည်း
သိနေတယ်၂ဘူးမလိုဘူး။ဝယ်ရင်နောက်တဘူးက မစားဖြစ်ဘဲနဲ့ ပစ်လိုက်ရမှာ။စိတ်ထဲမှာ
၁၀မိနစ်လောက်တိုက်ပွဲဖြစ်ပြီးနောက်ဆုံးတော့  ၂ဘူးဘဲယူလိုက်ရတယ်။
မိနစ် ၂၀ပြည့် ရင် ရေခဲသေတ္တာထဲကထုတ်ပြီး Raspberries လေးတွေကိုဖြူးပေးပါ။
Raspberries မှမဟုတ်ပါဘူး။စတော်ဘယ်ရီဖြစ်ဖြစ် ဘလူးဘယ်ရီသီးဖြစ်ဖြစ်ကိုနှစ်သက်တဲ့ အသီးကို
သုံးလို့ ရပါတယ်။
ချောကလက်အနောက်ဘက်ကိုမချေခင်ထဲကဓားလေးနဲခြစ်ယူထားတာပါ။
ပြီးရင်ချောကလက်လေးတွေကိုအပေါ်ကဖြူးလိုက်ပါ။Icing suger လေးလဲနည်းနည်းဖြူးထားတယ်။
သူံးဆောင်ရန်အဆင်သင့် ဖြစ်ပါပြီရှင်။ချောကလက်ကြိုက်တဲ့ သူတွေဆိုရင်တော့ တော်တော်ကြိုက်
မယ်။ချောကလက်ကခါးတဲ့ အရသာရယ်။Raspberries ကချိုချဉ်အရသာရယ်ပေါင်းစပ်ပြီးတော့ အရမ်း
အရသာကောင်းပါတယ်။
3 comments:
Love the voice of Adele's and the pudding looks yummy, mouth watering :)
Thanks AMA ,she is my favourite
ကြည့်ပြီးစားချင်လိုက်တာ
အရမ်းအရသာရှိမဲ့ပုံလေးပဲ
Post a Comment