ဘရဏီအခု အချိန်ပိုင်းလုပ်နေတဲ အလုပ်က Bakery မှာ ဒါပေမယ့်ဆိုင်မှာတော့ဘာမှမလုပ်ဘူး။
UK မှာဆိုင်ခွဲပေါင်း၁၅၀၀ ကျော်ရှိတယ်။အဲ့ ဒီဆိုင်တွေအတွက် Main Bakery ကြီးတခုထပ်ရှိတယ်။
အဲ့ ဒီကနေအကုန်frozen လာတာအဲဒါတွေကို ဆိုင်ရောက်တော့ မှ oven ထဲထည့် ဖုတ်တာ။ဆိုင်မှာ
လုပ်တာဆိုလို sandwich တွေဘဲရှိတယ်။ ဘရဏီတို့ ဆိုင်မှာ စတော်ဘယ်ရီTart အသေးလေးတွေရောင်း
တယ် ။အဲ့ ဒါလည်းလုပ်ပြီးသားတွေလာတာပါ။အဲ့ ဒီကနေFruit Tart လုပ်ဖို့ အကြံပေါ်သွားတာ။
Pastry case ကိုအပြင်ကဘဲဝယ်လိုက်တယ်။ကိုဘာသာကိုလုပ်ရင်ကြာလည်းကြာတယ် oven သုံးရတဲ့ အတွက် မီတာခလည်းအရမ်းကုန်တယ်။ဆိုင်ကလုပ်ပြီးသားဝယ်လိုက်တာ ၂ပေါင်ဘဲပေးရတယ်။အိမ်မှာ
လုပ်ရင် မီတာခတင် ၂ပေါင်လောက်ကုန်မှာဆိုတော့တန်တယ်လို့ ပြောလို့ ရတယ်။အရသာလည်းပိုကောင်း
မှာအသေအချာဘဲ။
Pastry case က ဆိုင်တွေမှာ ဂျုံတွေ ၊ယိုတွေ၊သကြားတွေ ရောင်းတဲ့ အတန်းမှာရောင်းတတ်တယ်။ဆိုဒ်လည်း
အမျိုးမျိုးရှိတယ်။ဘရဏီဝယ်လာတာကအကြီးဆုံး။အပေါ်ကဓာတ်ပုံကဒုတိယတန်းမှာကြည့် လို့ ရတယ်။
ဒီနေအသီးသုံးမျိုးသုံးမယ်။Strawberry ၊Raspberry၊ Kiwi ။ဒီအသီးတွေမှမဟုတ်ပါဘူးကိုကြိုက်တဲ့
အသီးကိုသုံးလို့ ရပါတယ်။သခွားသီး၊ဘူးသီး၊ခရမ်းချည်သီး ၊ခရမ်းသီးတို့ တော့ ရဘူးပေါ့ ။
Custart တစ်ဘူး Double cream တဘူးလိုမယ်။ ၀မှာစိုးတဲ့ သူတွေက low fat Custart ကိုသုံး ဘယ်ဘက်
ကဘူး။ Double creamကတစ်ဘူးလုံးသုံးဖို့ မလိုဘူး။ဘူးဝက်ဆိုရတယ်။ဝချင်တဲ့ သူဆို တဘူးလုံးထည့် ။
cream ထည့် မွှေဖို့ ခွက်တလုံးနဲ့ ကြက်ဥခေါက်တဲ့ အတံလေးတခုလိုတယ်။
အဆင် (၁) Double cream ဘူးတ၀က်ကိုခွက်ထဲထည့် ပြီးတော့ ကြက်ဥခေါက်သလိုခေါက်ပေးပါ။
ဒီအနေထူလာတဲ့ အထိခေါက်ပေးပါ။
အဆင်(၂) ပြီးရင်Custart တဘူးကို ထည့် ပြီးတော့မွှေပေးပါ။
ဘူးကိုဖောက်လိုက်တာအဖောက်မတော်လို့ နဲနဲ ပဲ့ သွားတယ်။
စတော်ဘယ်ရီယိုလည်းလိုပါတယ်။
အဆင့် (၃) ပိုပဲ့သွားပါပြီ :-( ။Pastryကို အရင်ဆုံး စတော်ဘယ်ရီ ယိုသုတ်ပေးပါ။
ခုနကCustart နဲ့ ရောထားတဲ့ Cream ပါ။
အဆင့်(၄) Cream ကိုစတော်ဘယ်ရီ ယိုပေါ်ကနေထပ်ပြီးတော့ထည့် ပေးပါ။
အဆင့် (၅) စတော်ဘယ်ရီကိုဘေးပတ်ပတ်လည်အရင်ထည့် ပေးပါ။စတော်ဘယ်ရီတလုံးကို
လေးစိတ်စိတ်ပါတယ်။
အဆင့်(၆) ဒုတိယက ကီဝီသီး။အခွံခွာပြီး အ၀ိုင်းလေးတွေလှီးလိုက်ယုံဘဲ။
အဆင့် (၇) နောက်ဆုံးအဆင့် အနေနဲ့  raspberry ကိုအလယ်ကနေထားပေးလိုက်ပါတယ်။
ရေခဲသေတ္တာထဲမှာ ၁၀-၁၅ မိနစ်ခန့် ထားပြီးစားသုံးနိုင်ပါပြီ။
3 comments:
စတော်ဘယ်ရီ---ကီဝီ အရမ်းကိုကြိုက်တယ် အားလုံးမသွားပါတယ်
စားချင်စရာကောင်းလိုက်တာနော်
ချစ်တဲ့ jasmine
မသွားမမဂျက်ရေ ;)
ဝါးးး .. မိုက်တယ် ..
ဒီတပတ်လုပ်စားမယ် .. ဟိဟိ
Post a Comment