Sunday, 22 January 2012
Scotch Eggs စားရအောင်
Scotch Eggs လုပ်စားဖို့ အတွက်လိုအပ်သောပစ္စည်းများကတော့ ကြက်ဥ ၊sausage meat၊ ဂျုံမှုန့် အနည်းငယ်၊ငရုတ်ကောင်းမှုန့် အနည်းငယ်၊ကြက်ဥတလုံး( ခွက်တခုထဲတွင်ခေါက်ထားပါ)၊Breadcrumbs
အနည်းငယ်၊ဆားအနည်းငယ်။
အဆင့်(၁)အနေနဲကတော့sausage ပေါ်မှာရှိတဲ့ အရေခွံလေးကိုဖယ်ပေးပါ။
အဆင့်(၂) ။ အရေခွံလေးတွေဖယ်လိုက်ရင် အပေါ်ကပုံထဲကအတိုင်း ဖြစ်သွားလိမ့်မယ်။ ပြီးရင်
ငရုတ်ကောင်းနဲ့ ဆားအနည်းငယ်ထည့် ပြီးနယ်ပေးပါ။
ွှအဆင့်(၃)။ ကြက်ဥလေးတွေကို ဆား၊ငရုတ်ကောင်းနယ်ထားတဲ့sausage meatလေးတွေနဲ့ ကြက်ဥပတ်ပတ်
ကိုကပ်ပေးပါ။
အဆင့်(၄) ။ sausage meat နဲ့ လုံးထားတဲ့ကြက်ဥလေးတွေကိုဂျုံမှုန့် လေးတွေထပ်ကပ်ပေးပါ။
အဆင့်(၄) ။ ကြက်ဥရေထဲထည့်ပြီးထပ်လှိမ့်ပေးပါ။ကြက်ဥရေထဲထည့် လှိမ့်ရခြင်းအကြောင်းကတော့
Breadcrumbs လေးတွေကပ်တဲ့ အခါမှာ ကြက်ဥရေမပါရင်Breadcrumbsလေးတွေက
sausage meat မှာလာမကပ်ပါဘူး။
အဆင့်(၅) ။ Breadcrumbs လေးတွေကိုခွက်တလုံးထဲထည့် ပြီး အဲ့ ဒီခွက်ထဲကိုကြက်ဥ
လုံးလေးတွေထည့် ပြီး ကပ်ပေးပါ။တတ်နိုင်သလောက်Breadcrumbs များများကပ်ပေးပါ။
အဆင့် (၆)။ အပေါ်ကပုံမှာတွေရတဲ့ အတိုင်းဆီအိုးထဲထည့် ကြော်နိုင်တဲ့ အနေအထားရပါပြီ။
အဆင့်(၇) ။ ဆီအိုးထဲတွင် ဟိုဘက်၊ဒီဘက်လှည့် ပေးကာရွှေအိုရောင်သမ်းလာတဲ့ အထိ
ကြော်ပေးပါ.။
အဆင့် (၈) ။ရွှေအိုရောင်သန်းလာပါက ဆီစစ်ကာတစ်ရှုးပေပါပေါ်တွင် တင်ပြီးဆီစုပ်ပေးပါ။
အဆင့်(၉) ။ အသင့် စားသုံးနိုင်သော Scotch Eggs ရပါပြီ။မိမိကြိုက်နှစ်သက်ရာ အချည်ရည်နှင့်
တွဲဖက်စားသုံးနိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
5 comments:
love it :)
စားချင်စရာဘဲ။
တလုံးစားသွားမယ်နော်။
အိုင်အိုရာ
အဲ ချစ်စရာလေးနော်
ကြော်ပြီးတော့လေ အရသာရှိမယ့်ပုံလေး
ကြက်ဥနဲ့မလုပ်ဘူး။
ဘဥနဲ့လုပ်ကြည့်မယ်း)
ဆရာမပြ၊နည်းမကျဆိုပေမယ့်..
စမ်းလုပ်ကြည့်လိုက်ဦးမယ် :D
တော်တော်စားကောင်းမယ့်ပုံလေးပါပဲ။
ကျေးဇူးနော်ညလေး..
ခင်မင်လျှက်
အမ မိစံရေ ဘဲဉနဲ့ လုပ်ရင်ပိုကောင်း လိမ့် မယ် ဘဲဉကကြက်ဉထက်အရသာ ပိုရှိတယ်။
Post a Comment