အစားအသောက်တွေကိုပုံဖော်တဲ့ အခါအောက်ကပုံမှာပြထားတဲ့ ပစ္စည်းလေးတွေလိုတယ်။
အခုပြမယ့်ခရမ်းချဉ်သီးအတွက်ကတော့ဓါးဆိုဒ်ခပ်သေးသေးနဲ့ အသွားထက်ထက်လေးရှိရင်ရပါတယ်။
ခရမ်းချဉ်သီးအတွက်ကတော့ နီနီရဲရဲနဲ့  မာမာလေးလိုပါတယ်။ခရမ်းချဉ်သီးပျော့ရင်ပုံဖော်တဲ့ အခါ
အရည်တွေလက်ပေါ်စီးကြလာတတ်တယ်။
ပထမဦးဆုံး ခေါင်းကနေစပြီးအ၀ိုက်ပုံစံလေးစလှီးရပါမယ်။
နှင်းဆီပန်းပွင်းကားကားလေးရအောင်ပုံဖော်မှာဖြစ်တဲ့ အတွက်စစချင်းကြီးကြီးလေးဝိုက်လှီးပါ။
ပြီးတော့မှတဖြည်းဖြည်းချင်းသေးသွားပါ။
နောက်ဆုံးစပရိန်ပုံစံလေးထွက်လာပါလိမ့်မယ်။
နောက်ဆုံးလှီးတာဆုံးသွားတဲ့ နေရာကနေပြီးတော့စပြီးလိပ်ပေးရပါမယ်။
နောက်ဆုံးအစွမ်းကုန်ပွင့်ပြီးလှနေတဲ့နှင်းဆီပန်းပွင့်လေးရပါပြီ။
နှင်းဆီပန်းပွင့် ဖူးဖူးလိုချင်ရင်တော့စလှီးထဲက ၂စင်တီမီတာလောက်မှန်းလှီးပါ။အပွင့်လေးဖြစ်ချင်ရင်တော့
အစစလှီးချင်းကို၃စင်တီမီတာလောက်ကစပြီးတဖြည်းဖြည်းသေးသွားပါ။ အပေါ်ကပုံတွေနဲ့ မရှင်းသေးဘူး
ဆိုရင်အောက်က youtube မှာကြည့် ကြည့် ပါ။သူကတော့အသေးစိတ်ရှင်းပြထားပါတယ်။စားသောက်ဆိုင်
တွေမှာပန်းကန်လေးပေါ်မှာအဲ့ဒီလို နှင်းဆီပန်းပွင့်ဘေးတွေပါလာရင်အရမ်းသဘောကျတာ။အစကတော့
လုပ်ရတာခက်တယ်လို့ထင်တာလုပ်နည်းသိသွားတော့လည်းလွယ်လွယ်လေးပါ။ခရမ်းချဉ်သီး ၁၀လုံး
လောက်ကုန်ရင်လက်ငြိမ်သွားပြီ။၁၅လုံးလောက်ဆိုရင်တော့လုံးဝတတ်သွားပါလိမ့်မယ်။
2 comments:
ပန်းသီး ၂၅လုံးရင်းရမယ်။ :P
လှတယ်..
Post a Comment