ပြောင်းဖူး နဲ့  seafood stick ဟင်းချိုလေးက ချက်ရတာအင်မတန် လွယ်ကူပါတယ်။တရုတ်
အစားအစာတွေထဲမှာလဲ နံမယ်ကြီးတဲ့  ဟင်းချိုလေးပါ။ တရုတ်စားသောက်ဆိုင် တိုင်းလိုလို ရဲ့ 
Menu မှာ ပါဝင်ပါတယ်။ seafood နဲ့ မတည့် တဲ့  သူတွေဆိုရင် ကြက်သားကို ပြုတ်ထဲ့ ပြီး seafood အစား
သုံးနိုင်ပါတယ်။ပါဝင်တဲ့ ပစ္စည်းတွေကတော့  ပြောင်းဖူး ၂ဖူး ( ဗူးနဲ့ လာတဲ့  ပြောင်းဖူးသုံးနိုင်ပါသည်)၊
seafood stick ၅ချောင်း၊ကြက်သွန်မြိတ် ၊သကြားအနည်းငယ်၊ကြက်သားမှုန့် ၊ ဆား အနည်းငယ်၊ ပြောင်း
မှုန့်  (၃ ဇွန်း) ၊ကြက်ဥ ၂ လုံးတို့  လိုအပ်ပါတယ်။
အရင်ဆုံး ရေ ၈၅၀ မီလီလီတာ ကို ကြက်သားမှုန့်  ၁ဇွန်းထဲ့ ပြီ မီးဖို ပေါ်တွင် တည်ထားပေးပါ။ပြီးရင်
ပြောင်းဖူး ၂ ဖူးကိုလှီးပြီ Blander ထဲထည့် ကြိတ်ပေးပါ။ seafood stick နဲ့ ကြက်သွန်မြိတ်ကို ပါးပါးလှီးပေး
ထားပါ။ ကြက်ဥ နှစ်လုံးကို ခွက်တလုံးထဲ တွင် အလယ်က အနှစ်အ၀ါ ကိုဖယ် ပြီး ခလောက်ထားပေးပါ။
အိုးထဲက ရေဆူလာရင် အရင်ဆုံး ပေါင်းဖူးနဲ့  seafood stick ကိုအရင်ထည့် ပေးပါ။ ၄- ၅မိနစ် လောက်
နေရင် ပြောင်းဖူးမှုန့် ကိုရေဖျော် ပြီးထည့် ပေးပါ။ သကြား ၁ဇွန်းထည့် ပါ။ ပြောင်းဖူးမှုန့် ကြောင့် 
အရည်လေးတွေ ခပ်ပျစ်ပျစ် လေး ဖြစ်လာပြီဆို ရင် မီးပိတ်ပြီး ကြက်ဥ ထည့် ပေးပါ။
အဆက်မပြတ် ၁ မိနစ်လောက် မွှေ ပေးပါ။ပြီးရင် အပေါ့ အငန် မြည်းကြည့် ပါ။ပေါ့ နေရင် ဆားအနည်း
ငယ်ထည့်ပေးပါ။ပြီးရင် လှီးထားသောကြက်သွန့် မြိတ်လေးတွေဖြူးပြီးသုံးဆောင်နိုင်ပါသည်။
(လူ ၄- ၆ အတွင်းသောက်သုံးနိုင်ပါသည်။)
4 comments:
မြန်ကောင်းသက်သာမဲ.ပုံလေးပဲ။တနေ.နေ.ဘာဟင်း
၇ည်ချက်၇မလဲစဉ်းစားနေ၇တာအတော်ပဲဖြစ်သွားပြီး။
မျှဝေတာကျေးဇူးပါ။comment မေ၇းဖြစ်ပေမဲ.အသစ်
တင်တိုင်းေ၇ာက်ဖြစ်ပါတယ်....
Yum..
Iora
@jewel ချက်သောက်ကြည့် တကယ်သောက်လို့ 
ကောင်းတယ်သိလား
@ttlora yum yum
လုပ်စားကြည့်မယ် ပြောင်းဖူးဆိုရင်တော့ ကြိုက်ပြီးသားပါပဲ
Post a Comment