ဒီနေ့ ချက်မယ့် ဟင်းလေးက ဘရဏီ မေမေ ချက်ကျွေးနေကြဟင်းတွေထဲကအကြိုက်ဆုံးးဟင်း လေးပါ။
ဟင်းချက်နည်းကရိုးရှင်းလွယ်ကူပေမယ့် အမေက အမြဲ မချက်ပါဘူး။အမေ အကြောင်းပြချက်ကတော့ ဟင်း
စားမခံလို့  ပါတဲ့ ။တကယ်လဲ ဟင်းစားမခံပါဘူး စားလို့ လည်းကောင်းတာကိုး။ပါဝင်တဲ့ ပစ္စည်းတွေကလည်း
ရိုးရှင်းပါတယ်။ငရုတ်သီးစိမ်း ၊ကြက်သား နဲ့ ကြက်သွန်ဖြူ ၊နီ ရယ်သုံးမျိုးပါဘဲ။ဒီကြက်သားချက်နည်းကို
အမေဘယ်ကနေဘယ်လိုသိပြီးချက်လဲ တော့ မသိဘူး ထင်တာတော့ အစပ်စားတဲ့ တိုင်းရင်းသားမျိုးနွယ်စု
တစုရဲ့ ဟင်းချက်နည်းလို့ တော့ ထင်တယ်။ဒီနေ့ ဘရဏီချက်မှာက ဘေဘီ ကြက်
တကောင်ဆိုတော့ ကြက်သွန်နီ၂ ဥ ၊ကြက်သွန်ဖြူ ၁ ဥ ရယ် ငရုတ်သီးစိမ်း ရယ်ငရုတ်သီးစိမ်း
ကတော့ ကိုယ်စားနိုင် လောက်မယ့် အရေအတွက်လောက်ဘဲထည့် ပေါ့ ။ဘေဘီကြက်ရယ် ရိုးရိုးကြက်ရယ်
အရသာမှာတော့ ဘာကွာလည်း မသိဘာဘူး.။ဘရဏီသိတာတော့ ရိုးရိုးကြက်ကအရိုးနည်းတယ်
ချက်ရတာကြာတယ် ဘေဘီကြက်က အရမ်းအနူးလွယ်တယ်အရိုးကြည့် ဘဲ။
ဲပြီးတော့ ကြက်သွန်တွေငရုတ်သီးတွေကို mini chopper ထဲထည့် ပြီး ၁ မီနစ်လောက်ထည့် လှည့် 
လိုက်ပါတယ်။ငရုတ်ဆုံမရှိလို့ mini chopper သုံးတာပါ ငရုတ်ဆုံထဲ ထည့် ထောင်းရင်လဲရတယ်။
ငရုတ်ဆုံမရှိရင်ကြက်သွန်နီလေးတွေကိုပါးပါးလှီးချက်လဲ ရပါတယ်။
လိုက်ပါတယ်။ငရုတ်ဆုံမရှိလို့ mini chopper သုံးတာပါ ငရုတ်ဆုံထဲ ထည့် ထောင်းရင်လဲရတယ်။
ငရုတ်ဆုံမရှိရင်ကြက်သွန်နီလေးတွေကိုပါးပါးလှီးချက်လဲ ရပါတယ်။
ဲပြီးရင်ကြက်သားရယ် ၊ငရုတ်သီးစိမ်းနဲ့ ကြက်သွန်အနှစ်ရယ် ၊ဆား ၊အချိုမှူန့် ၊အရောင်တင်မှူန့် ၊ငံပြာရည်
ရယ် နယ်ပြီးတော့  မိနစ်၂၀ ခန့် နှပ်ထားပေးပါ ။မနှပ်ထားလဲရပါတယ်အရသာကတော့ ထူးထူး ခြားခြားကြီး
ရယ် နယ်ပြီးတော့  မိနစ်၂၀ ခန့် နှပ်ထားပေးပါ ။မနှပ်ထားလဲရပါတယ်အရသာကတော့ ထူးထူး ခြားခြားကြီး
ပြောင်းမသွားပါဘူး။
မေ့ လို့ ဆီကိုလည်းဘေးနားကမြင်နေရတဲ ဇွန်းနဲ့  ၂ဇွန်းခွဲထည့် ပြီး နယ်ပေးပါ။ဒီဟင်းလေးကဆီသတ်ဖို့ 
လည်းမလိုပါဘူး။
လည်းမလိုပါဘူး။
အောင်ပါ။
ကြက်သွန်အစိမ်းနံပျောက်တာနဲ့  ရေကိုအိုးတ၀က်လောက်ထည့် ပြီး မိနစ်နှစ်ဆယ်လောက်တည်ပေးပါ။
ကိုယ်နဲ့ သိတဲ့ လူတွေကတော့  နင့် အခန်းကအကျယ်ကြီးဆိုတော့ ဟင်းတွေဘာတွေတောင်ချက်ပြီး
ဘလော့ တွေဘာတွေပေါ်တောင်တင်တယ်ဆိုပြီးရယ်ကြမှာဘဲ။ဘရဏီအခန်းက ၁၀ ပေပတ်လည်သာသာ
လေးဘဲကျယ်တယ်။အဲ့ အခန်းထဲမှာဘဲ ကုတင်ရယ် ၊ကုတင်ရဲ့ ဘေးမှာကမီးဖိုရယ် ဘေစင်ရယ်
၊ရေခဲသေတ္တ္တာ ရယ်ခြေရင်း ဘက်မှာ ကစာကြည့် စားပွဲ ရယ် တီဗွီ ရယ် ဗီရို ရယ်
ရှိတယ်။ဘယ်နေရာသွားသွားခြေတလှမ်းထက်ပိုလှမ်းစရာမလိုဘူး။ဘရဏီတို့ လို့ ပျင်းတဲ့ လူတွေကတော့ 
စပယ်ရှယ်အခန်းကြီးပါ ဟီး..။ဘာဘဲလိုလို ကုတင်ပေါ်ကနေ လှမ်းဆွဲ လိုက်လို့ ရတယ်။အခန်းငှားခကလည်း
သက်သာပါတယ်။တလမှ ပေါင် ၃၀၀ ထည်းကို Billတွေပါအပြီးအစီး ပါပြီးသား။ကဲ
ဟင်းဆက်ချက်လိုက်ကြရအောင်။ကြက်သားဟင်းနဲ့ စားရအောင် ဘရိုကိုလီ နဲ့ ဝက်သားနဲ့ ကြော်ပါမယ်။
ဘရိုကိုလီ ကို ပထမ ဆုံးအကြိမ်ကြော်စားချင်းဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်မစားပါကြိုက်လဲ
မကြိုက်ပါ။အခုဘရိုကိုလီ ကို ဘယ်လို ကြော်ရင် ကောင်းမလဲဆိုတာတော်တော်ကြီးစဉ်းစားယူလိုက်ရပါ
တယ်။
ဒီဝက်သားကမနေ့ ညကကင်စားမယ်ဆိုပြီးတော့ ပဲငံပြာ ရည် ၊သကြားနဲ့  ခရုဆီ ထည့် ပြီး နှပ်ထားတာပါ
အခုတော့ ကြော်တဲ့ အထဲဘဲထည့် လိုက်တော့ မယ်။
ကြက်သွန်နီလေးကိုလေးစိတ်ကွဲလေးလှီး ပြီးတော့ ဆီထဲထည့် ပြီးဆီသတ်လိုက်ပါတယ်။ကြက်သွန်လေး
မကျတ်တကျတ်လောက်ကြတော့  လှီးထားတဲ့ ဝက်သားလေးတွေကို ၃မိနစ်လောက်ထည့် ကြော်လိုက်
ပါတယ်။
ွှအဲ့ ဒီအချိန်မှာဟိုဘက်ကအိုးကလည်း တော်တော်ဆူနေလို့ မီးလျှော့ လိုက်ပါတယ်။
ပြောင်းဖူးမှုန့်  ၂ ဇွန်းရယ် ၊ သကြား ၂ ခဲရယ် ၊ပဲငံပြာရည် ၁ဇွန်း ရယ် ၊ခရုဆီရယ်ကို ရေအေးလေးနဲ့ ရောပြီး
တော့ အိုးထဲကိုထည့် မွှေလိုက်ပြီးမီးပိတ်ကာအဆုံးသတ်လိုက်ပါသည်။
ဒါကတော့ ထမင်းနဲ့ ။အရသာတွေကိုအမှန်အတိုင်းပြောပြရရင်တော့  အရွက်ကြော်ကငံသွားတယ်
ဒါပေမယ့် ကံကောင်းစွာဘဲ ကြက်သားကပေါ့နေတယ်။၂ခုပေါင်းစားရင်တော့ အနေတော်ပါဘဲ။ဘလော့ ကို
ပစ်ထားတာလဲ တော်တော်ကြာသွားပါတယ်။
စိတ်ညစ်နေလို့ပါ။အလကားနေရင်း Weekends မှာလုပ်နေတဲ့ part-timeအလုပ်
ကနေရင်းထိုင်ရင်းမရှိတော့ ဘာဘူး။အဲ့ ဒါကြောင့် အလုပ်အသစ်ရှာနေရပါတယ်။နောက်တခုက ကွန်ပြူတာ
ကြာကြာကြည့် ရင်မျက်စိကိုက်လာလို့  ပါ။မျက်မှန်သွားလုပ်ကာမှပိုဆိုးသွားပါတယ်။မျက်မှန်တပ်လိုက်တာ
နဲ့ အရာအားလုံးက HD တီဗွီကြည့် ရသလိုဘဲကြည်လင်နေတာဘဲ။မျက်မှန်ချွှတ်လိုက်တာနဲ့ ခေါင်းအရမ်းမှူး
လာပါတယ်။တချိန်လုံးလဲ တတ်မထားချင်ဘူး ၅ နှစ်လောက်အသက်ကြီးသွားသလို ခံစားရလို့ ။ကဲ နောက်
အပတ်ကြမှဘဲအသစ်ရေးရင်ရေးဖြစ်မယ်ထင်တယ်။
6 comments:
ညီမလေးဟင်းတွေက စားချင်စရာလေးတွေပါလား။ မယု
ကျေးဇူးဘဲမယု ဒီလိုဘဲတက်သလောက်မှတ်သလောက်
ချက်ထားတာ။ :)
ဆာနေတာနဲ့အတော်ပဲ
ဘလော့တွေဝင်လည်နေတာမောလို့
တစ်ခါထဲသုံးဆောင်လိုက်ပါတယ်ညီမလေးရေ
မJasmine<<< ပါဆယ်ပါဆွဲသွားလေ
အဲဒီလိုစပ်စပ်ပာင်းလေးတွေကိုကြိုက်တယ်။
သားရည်ယိုသွားပါဒယ်...။
Post a Comment