Pages

Wednesday 29 February 2012

Westminister သို့တညနေတာ



မနေ့ကမြို့ လယ်ကောင်ရောက်တုန်းရိုက်လာတဲ့ ပုံတွေပါ။Big Ben ပုံ လေးနာရီထိုးဖို့ ၁၅မိနစ်တဲ့။

                                          London Eyes ကြီး။တခုကဘာလို့နီနေတာလဲမသိဘူး။

Sunday 26 February 2012

ဂျလေဘီမလိုင်မုန့် 



ဒီတပတ်ဂျဘေဘီမလိုင်မုန့် လုပ်စားကြမယ်။နည်းသိရင်လုပ်ရတာအလွန်လွယ်ပါတယ်။ဂျလေဘီက
ဘရဏီအကြိုက်ဆုံးအစားအစာထဲကတခုပါ။လိုအပ်တဲ့ ပစ္စည်းတွေပဲမှုန့် အစိမ်း ၊ဂျုံမှုန့်  ( ဘရဏီကတော့
self raising flourကိုသုံးတယ် plain flour ကိုသုံးလဲရတယ်)၊သကြား၊ဆီ၊အရောင်မှုန့် (optional)။

Sunday 19 February 2012

Fruit Tart


 ဘရဏီအခု အချိန်ပိုင်းလုပ်နေတဲ အလုပ်က Bakery  မှာ ဒါပေမယ့်ဆိုင်မှာတော့ဘာမှမလုပ်ဘူး။
UK မှာဆိုင်ခွဲပေါင်း၁၅၀၀ ကျော်ရှိတယ်။အဲ့ ဒီဆိုင်တွေအတွက် Main Bakery ကြီးတခုထပ်ရှိတယ်။
အဲ့ ဒီကနေအကုန်frozen လာတာအဲဒါတွေကို ဆိုင်ရောက်တော့ မှ oven ထဲထည့် ဖုတ်တာ။ဆိုင်မှာ
လုပ်တာဆိုလို sandwich တွေဘဲရှိတယ်။ ဘရဏီတို့ ဆိုင်မှာ စတော်ဘယ်ရီTart အသေးလေးတွေရောင်း
တယ် ။အဲ့ ဒါလည်းလုပ်ပြီးသားတွေလာတာပါ။အဲ့ ဒီကနေFruit Tart လုပ်ဖို့ အကြံပေါ်သွားတာ။

Wednesday 15 February 2012

ဝက်ချိုချဉ် (sweet and sour pork)


ဒီတပတ်ကတော့ ဝက်ချိုချဉ်ကြော်ကြော်ပါတယ်။လိုအပ်တဲ့ ပစ္စည်းတွေကတော့  ပန်းငရုတ် အစိမ်းတလုံး၊
အနီတလုံး၊နာနတ်သီး(သံဘူးနဲ့ လာတာတဘူး သံဘူး နဲ့ လာတဲ့ နာနတ်သီးသုံးရခြင်းက အထဲကအရေတွေ
လိုချင်လို့ပါ။ဝက်သား၊ကြက်သွန်နီ၊ပြောင်းမှုန့် ၊ဂျုံမှုန့် ၊ဆား၊အချိုမှုန့် ၊ပဲငံပြာရည်၊ခရုဆီတို့ လိုအပ်ပါတယ်။
မေ့လို့ tomato ketupလဲလိုတယ်။

Wednesday 8 February 2012

ချစ်သူကိုValentine လက်ဆောင်ပေးရအောင်


ဒီနှစ်ချစ်သူကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲနှဖူးပေါ်လက်တင်ပြီး၂ရက်လောက်စဉ်းစားပြီးတော့ မှ
youtube ကvideo လေးတစ်ခုတွေ့ ရင်းဒီ အိုက်ဒီယာကိုရသွားတာပါ။ချစ်သူကို Valentine နေ့တိုင်း
ချောကလက်တောင့် ပေးရတာရိုးပါတယ်။ချောကလက်ကဆိုင်မှာပိုက်ဆံပေးဝယ်ရင် ရပါတယ်။
ဒီနှစ်ချစ်သူကိုချစ်ခြင်းအပြည့်နဲ့ လုပ်ထားတဲ့ စတော်ဘယ်ရီချောကလက်လေးဒီနှစ်ပေးရအောင်။

Saturday 4 February 2012

Raspberries ချောကလက်ပူတင်း





                 ဒီတပတ်တော့  လွယ်ကူမြန်ဆန်တဲ့   marshmallows နဲ့ လုပ်တဲ့ချောကလက်ပူတင်းလေးလုပ်စား
ုဖြစ်တယ်။လုပ်ရတာအရမ်းလွယ်ပါတယ်။အချိန်လဲဆယ်ငါးမိနစ်လောက်ဘဲကြာတယ်။ဒါပေမယ့် ဝိတ်ချနေ
နေတဲ့ သူတွေဆိုရင်တော့စားဖို့ မသင့် တော်ဘူးထင်တယ်။ကယ်လိုရီတွေကတော်တော်များမဲ့ ပုံဘဲ။
 လိုအပ်တဲ့ ပစ္စည်းတွေကတော့  ချောကလက်တတောင့်၊marshmallows၊Double creamနဲ့ Raspberries
အနည်းငယ်ရယ်ပါ။
Related Posts Plugin for WordPress, Blogger...