Pages

Tuesday 17 May 2011

စာအုပ်များနှင့်ကျမ

ခုတလောစာတွေအရမ်းဖတ်ချင်နေသည်။ဖတ်လည်းဖတ်နေမိသည်။စာအုပ်တွေကိုတော့online
က နေ e-book တွေကိုdownload လုပ်ပြီးဖတ်တာများသည်။online မှာဝယ်တာကလဲအဆင်မပြေ။ ကိုယ်လို
ချင်တာက တအုပ်၊ တအုပ်ထဲမှာရင်လဲ စာအုပ်ဖိုးထက် ပို့ခကပိုပြီးဈေးကြီး နေသည်။ ပို့ခမပေးရအောင် ကျပြန်တော့လည်းအများကြီး ၀ယ်ရသည်။
တခါတလေ စာအုပ်ပို့တာ တလလောက်ကြာအောင်စောင့်ရသည်။
ငယ်ငယ်ကကောင်းကောင်းမွန်မွန်စာအုပ်သိပ်မဖတ်ခဲ့ရပါ။ ဝတ္ထု စာအုပ်ကလွဲရင် အိမ်ကစာဖတ်တာ လဲသိပ်အားမပေး။ ဖတ်စရာ
စာအုပ်လဲဝယ်မပေးခဲ့ပါ ။အပြင်စာအုပ် ဖတ်တာတွေ့ရင်လဲ “အလုပ်ပျက်တယ်၊ကိုယ့် ကျောင်းစာကိုယ်မဖတ်
ဘူး” ဆိုပြီးတော့ဆု ချင်ကြသည်။ အမေကတော့သုငယ်ငယ်တုန်းကစာဖတ်လားမဖတ်လားမသိ ။ အဖိုး ကတော့
စာဖတ်သည်။ အဖိုး ဆုံးတော့စာအုပ်ချည်းပဲသေတ္တာ နှစ်လုံးစာကျန်ခဲ့သည်။ နောက်တော့အိမ်တွေတလုံး
ပြီးတလုံးပြောင်း ရင်းနဲ့ မိုးမိုး(အင်းလျား)ရေးတဲ့ ရွှေတိဂုံ ကိုမြင်လျှင် စာအုပ် တအုပ်သာကျန်တော့သည်.။

ကျန်တဲ.စာအုပ်တွေဘယ်ေ၇ာက်ကုန်လဲမသိ၊အကိုအငယ်ဆုံးပိသာချိန် နဲ့ရောင်းစားတာဖြစ်နိုင်သည်။
ဦးလေးကတော့စာဖတ်သည်။ ဒါပေမယ့်သူဖတ်တဲ့စာအုပ်တွေက နိုင်ငံရေးစာအုပ်တွေပဲဖြစ်နေတော့ မြန်မာလိုရေးထားလို့ဘာရေးထားမှန်းသိပေမယ့်လည်း္မ္မ္မအဓိပ္ပာယ်တော့ နားမလည်။ ချုံပြောရရင်တော့ ကိုယ့်ပတ်ဝန်းကျင်မှ လူများမှာ စာသိပ်ကြသူများမဟုတ်ကြပါ။ တခါတလေလူကြီးတွေအလစ်စာအုပ်ဖတ်ချင်တော့ အိမ်နားကစာအုပ်ကိုသွားငှားပြီးစာအုပ်ခိုးခိုးဖတ်ရသည်။ ရပ်ကွက်ထဲကစာအုပ်ဆိုင်တွေကလည်း စာကောင်းပေကောင်းမတင်။လူဖတ်များသော လွန်းထားထား၊လမင်းမိုမို၊တွတ်ပီ၊ဝိဇ္ဇာ တို့သာ အဓိကထားတင်သည်။ အလယ်တန်းတုန်းက လက်မထောင်နိုင်ခဲ့သည်မှာ လွန်းထားထားစာအုပ် မဖတ်ဖူးတာမရှိဟူ၍သာဖြစ်သည်။ ထိုစာအုပ်တွေဖတ်ပြီး ဝတ္ထုထဲက မဖြစ်နိုင်တဲ့အရာတွေ၊တကယ်မဖြစ်နိုင်တဲ့အဖြစ်အပျက်တွေ၊ဇတ်ဆောင်တွေအကြောင်း စိတ်ကူးယဉ်ကာ တခါတရံ ကိုယ့်လက်တွေ့ဘဝနဲ့နှိုင်းယှဉ်ပြီး စိတ်ဓါတ်တွေလည်းကျခဲ့ဖူးသည်။ ထိုအချိန်မှာသာ တန်ဖိုးရှိသောစာတွေဖတ်ခဲ့ရလျှင်ဖြင့်....

အထက်တန်းလောက်ကျတော့ စာလုပ်ရတာနည်းနည်းများလာပြီး စာသိပ်မဖတ်ဖြစ်တော့ချေ။ တခါတရံအမေဖတ်ချင်လို့ငှားလာသော သူရဇ္ဇ၊နက္ခတရောင်ခြည်၊ရောင်ပြန်အစရှိသည့် မဂ္ဂဇင်းများကိုတော့ ပုံမှန်ဖတ်မိသည်။ ထိုမဂ္ဂဇင်းများထဲတွင်ပါသော ဖြစ်ရပ်ဆန်းကြယ် သရဲတစ္ဆေ ဝတ္ထုများသည် ဖြစ်ရပ်မှန်လား မမှန်လားတော့ မသိ၊ ဖတ်လို့ကောင်းတာတော့အမှန်ပင်။ အမေက ဂမ္ဘီရမဂ္ဂဇင်းကိုတော့ တော်တော်ကြိုက်သည်။ သူကြိုက်သော ဘုရားရှိခိုး၊ယတြာ၊ဂါထာများတွေ့ပြီဆိုပါက စာအုပ်တအုပ်ထဲ ကူးထားတတ်သည်။ အလယ်တန်း၊အထက်တန်းတလျှောက်ပေါင်းသင်းခဲ့ဖူးသော သူငယ်ချင်းများကလည်း ကိုယ့်လို လွန်းထားထားလောက်တောင်မှမဖတ်ကြဘူးထင်သည်။ ကျောင်းတွင်စာကြည့်တိုက်ရှိသည်။သို့သော် စာကြည့်တိုက်တွင်စာအုပ်များကို သော့ခတ်၍ထားကြသည်။ စာကြည့်တိုက်မှူးဧ။် အကြောင်းပြချက်ကတန်ဖိုးကြီးစာအုပ်တွေကလေးတွေကို ဖတ်ခွင့်ပေးလျှင်ကလေးတွေကစာအုပ်တွေကိုဖျက်စီးမှာစိုးသည် ဟူ၍ဖြစ်သည်။ကျောင်းဧ။် စာကြည့်တိုက်မှ ကျောင်းသားများကိုပေးဖတ်သောစာအုပ်များမှာ လစဉ်ထုတ် တေဇ၊မိုးသောက်ပန်းစာစဉ်များ၊ အပတ်စဉ်ထုတ် တတိုင်းမွှေးနှင့် ရွှေသွေးစာစောင်များသာဖြစ်သည်။ရလိုက်မယ့်ဗဟုသုတတွေကတော့။ချွင်းချက်မှာ ဆရာမများသည်ကလေးများအတွက် သော့ခတ်ထားသောစာအုပ်များကိုယူ၍ဖတ်ရုံသာမက အိမ်အထိပါယူဖတ်နိုင်ကြသည်။
ကိုးတန်းဖြေပြီး၍ရသော ကျောင်းပိတ်ရက်တရက်တွင်အိမ်နားက သူငယ်ချင်းတယောက်ဧ။် အိမ်ကို သွားလည်ခဲ့သည်။ သူ့အကိုက စာတော်တော်ဖတ်သည်ထင်သည်။စာအုပ်စင်မှာစာအုပ်တွေအများကြီးတွေ့ရသည်။ ကျမက စာအုပ်တွေလျှောက်ကိုင်ကြည့်နေတာတွေ့တော့ သူငယ်ချင်းက “နင်လိုချင်တဲ့ စာအုပ်ယူသွား၊ ကျောင်းတက်မှငါ့ပြန်ပေး” ဆိုတော့ကျမလည်းစာအုပ်တအုပ်ကောက်ဆွဲပြီး အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်တော့မှ စာအုပ်အမည်နှင့် ရေးသူအမည်ကိုဖတ်မိသည်။ မြသန်းတင့် ဘာသာပြန်သော “သုခမြို့တော်”။ ထိုစာအုပ်ကို အလွန်ကြိုက်သဖြင့် သုံးခါတိတိပြန်ဖတ်ခဲ့သည်။ထိုစာအုပ်ထဲက ခရစ်ယန်ဘုန်းကြီးဧ။် စိတ်ဓါတ်ကိုလည်း အလွန်လေးစားခဲ့ရသည်။ဟာစရီပါးတို့မိသားစုတို့ကို လည်း အသနားပိုခဲ့ရသည်။သုခမြို့တော်ဧ။် ရုပ်ရှင်ကို အွန်လိုင်းတွင်ရှာဖွေကြည့်ရှုခဲ့သော်လည်း စာအုပ်နှင့်အတော်ကွဲလွဲနေသောကြောင့်အရသာမပေါ်ခဲ့ပါ။ သူတို့ရပ်ကွက်ကလေးဧ။် ဆင်းရဲပုံကို ယခုသိပ်မကြာသေးခင်က ရုပ်ရှင်ဖြစ်သော Slamdog Millionare ကိုကြည့်ပြီးမှ ကွက်ကွက်ကွင်းကွင်းပုံဖော်မိသွားတော့သည်။
နောက်ပိုင်းတော့ ဆယ်တန်းအောင်ပြီးသည်အထိ ဘာစာအုပ်မှမဖတ်ဖြစ်ပါ။ စာပေလောကတို့ဘာတို့မှာ စာအုပ်ကလေးများကို သွားရောက်ကိုင်တွယ်ကြည့်မိတော့လည်း စာအုပ်တန်ဖိုးက မိမိဧ။် မုန့်ဖိုးတပတ်စာ၊တချို့က တလစာ မုန့်ဖိုးများနှင့် သွားညီနေသည်။ အငတ်ခံပြီး စာအုပ်ဖတ်ဖို့ကလဲ အစားအသောက်မက်သော ကျမအတွက်ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်။
နောက်တနှစ်၊နှစ်နှစ်လောက်ကြာတော့ “သူ” နဲ့တွေ့သည်။ သူက စာဂျပိုးတယောက်ဖြစ်သည်။ သူက ကျမကို “မစန္ဒာ”၊ “ခင်ခင်ထူး”၊ “ဂျာနယ်ကျော်မမလေး”၊“ရွှေဥဒေါင်း”၊“မင်းလူ”၊“မိုးမိုး(အင်းလျား)” စသော စာရေးဆရာများစွာနှင့် ထိတွေ့ခွင့်ပေးခဲ့သည်။ ရွှေဥဒေါင်းဧ။် တသက်တာမှတ်တမ်းနှင့် ဂျာနယ်ကျော်မမလေးဧ။် “သူ” အစရှိသည့် စာအုပ်ကောင်းများကိုလည်း သူ့တွင်မရှိသော်လည်း သူဖတ်နေကျ အငှားဆိုင်များမှ မရရအောင် ငှားလာပြီး ဖတ်စေခဲ့သည်။ ဆရာကြည်မင်း(ကျော်စောမင်း) ရေးသားသောစာအုပ်များကိုလည်း စာအုပ်အဟောင်းဆိုင်များမှ လိုက်ရှာဝယ်၍ လက်ဆောင်ပေးခဲ့သည်။
သူ့မှာကိုယ်ပိုင်စာအုပ်တွေလည်းအတော်များများရှိသည်။ သူပေးဖတ်သောဝတ္ထုများကလည်း ကျမဖတ်ဖူးသော ဝတ္ထုတွေထက် လက်တွေ့ဘဝနှင့်ပိုနီးစပ်သည်။ ဘာပဲပြောပြောသူနှင့် တွေခွင့်ပေးခဲ့သော ကံကြမ္မာကိုတော့ ကျေးဇူးတင်ပါသည်။
ဒီလိုနဲ့ကျမသည် စာကောင်းပေကောင်းဖတ်ချင်သောလူတယောက်ဖြစ်လာခဲ့သည်။ စာအုပ်များထဲတွင်ကျော်ကြားသောသူများဧ။် အထုပတ္ထိဖတ်ရသည်ကို ကြိုက်နှစ်သက်သည်။ နာမည်ကြီးသောသူများဧ။် ဘဝနောက်ခံနှင့် ဖြတ်သန်းခဲ့ရသောအတွေ့အကြုံများကို စိတ်ဝင်စားသည်။ အခုလောလောဆယ် ဒဂုန်ရွှေမျှားရေးသော “ဘဝနှင့်အတွေ့အကြုံ” စာအုပ်ကို မြန်မာစာအုပ်ဆိုင် အင်တာနက်အရောင်းဆိုင်မှာတွေ့တော့ဝယ်ချင်နေသည်။
စာအုပ်ဖတ်ရတာကို ကြိုက်ပေမယ့်လည်း ကျမသည် မြန်မာစာအရေးအသားတော့ အတော်ညံ့သည်။ စာလုံးပေါင်းလည်းအင်မတန်မှားသည်။ ငယ်ငယ်ကစာလုံးပေါင်းမှားလို့ အမေကခဏ၊ခဏရိုက်ခဲ့ဖူးပါပြီ။ယခုအထိစာလုံးပေါင်းကတော့မှားနေတုန်းပါပဲ။ “ဟထိုး” နှင့် “တချောင်းငှင်” ကိုပင် မရေးခင် အတော်စဉ်းစားရသည်။ ဘယ်ဟာက ဘယ်ဘက်လှည့်တာလား ညာဘက်ကိုလှည့်တာလားကိုပင် အတော်ပင်စဉ်းစားယူရသည်။ တခါတရံစဉ်းစားမိသည်မှာ ငယ်ငယ်ထဲက စာကောင်းပေကောင်းစာအုပ်များများ ဖတ်ခွင့်ရခဲ့ပြီး မြန်မာစာတွင် စိတ်ဝင်စားခဲ့လျှင် ထိုကဲ့သို့သော အသေးအမွှား “ဟထိုး” နှင့် “တချောင်းငင်” ရောထွေးမှု များမှာ ပြေလည်သွားမည်သာဖြစ်သည်။

Friday 13 May 2011

သရက်ချောင်းရွာ


(၁)ရွာအဝင်
မနေ့က saintsbury's စိန့်စဘရစ်မှာ အလုပ်မှ အပြန်ဈေးဝယ်ရင်း အာရှအစားအစာတွေ ရောင်းသောအတန်းတွင် ပဲအမျိုးမျိုးကို တွေ့တော့ ငယ်ငယ်ကရွာမှာကျောင်းသွားတက်တု
န်းက ရွာကလူတွေလုပ်ကျွေးတဲ့ ပဲရေပွကိုသွား သတိရမိသည်။ ပဲရေပွကို သူတို့ဘယ်လိုလုပ်လဲမသိ...၊စားလို့ကောင်းတာတော့ အမှန်ပင်။ သူတို့ထံက ကြားရတာကတော့ ဆီအင်မတန် ကုန်သည်ဆိုတာပင် ဖြစ်သည်။

ငယ်ငယ်တုန်းက ခြောက်တန်းကို သရက်ချောင်းဟုခေါ်သော တောရွာလေးတရွာတွင် သွားရောက်ဖြေဆိုခဲ့ပါသည်။ထိုရွာကလေးကို ရန်ကုန်ကြည့်မြင်တိုင် ဘူတာရုံမှ နံနက် ၇ နာရီခွဲ ရန်ကုန်-သာရဝေါ ရထားကို ၆ နာရီ ခန့်စီး၍ သာရဝေါသို့ ရောက်သည်အထိ အရင်သွားရပါသည်။ထိုမှတဆင့် မော်တော် နာရီဝက်ခန့်စီး၍ ဟင်္သာတ သို့ကူးရ၏။ ဟင်္သာတမှတဖန် မော်တော်တနာရီခွဲလောက်စီး မှ ထိုရွာလေးသို့ရောက်သည်။ မိုးတွင်းဆိုလျှင်တော့ ရွာကိုမော်တော်တန်းရောက်ပါသည်။ နွေဆိုလျှင်တော့ မော်တော်ဆိပ်ကနေ ရွာကို ၂ မိုင်လောက် လမ်းလျှောက်ရသည်။ ကိုယ်သွားတုန်းကမိုးတွင်းဆိုတော့ လမ်းလျှောက်စရာမလိုပါ။ ရွာကိုသွားရတဲ့အကြောင်းကတော့ အဒေါ်က အထက်တန်းပြဆရာမအဖြစ် လက်ပံတန်းကနေ သာရဝေါကို တာဝန်ကျလို့ အဒေါ်နှင့်အတူလိုက်လာခြင်းဖြစ်ပါသည်။ အဒေါ်ကတော့ သရက်ချောင်းကို ၂ ခေါက် ၃ ခေါက်လောက်လာပြီး ပစ္စည်းတွေ အကုန်ရွေ့ထားပြီးမှ ကိုယ့်ကို လာခေါ်ခြင်းဖြစ်သည်။

မော်တော်ဆိပ်ရောက်တော့ မြို့ကဆရာမနဲ့ သူ့တူမလေးလာမှာဆိုပြီး ရွာကလူတွေ မော်တော်ဆိပ်မှာအများကြီးလာစောင့်နေကြသည်။ ကျမအတွက် မော်တော်ပေါ်က ဆင်းဆင်းချင်းပင် စပြီးပြဿနာစပြီးတက်ပါတော့သည်။ ပြဿနာကတော့ ရွှံ့တွေပါ။ ဧရာဝတီမြစ်ကမ်းဘေးက ရွာဆိုတော့ ရေမဝင်ရအောင်တာတွေဖို့ထားသည်။ မော်တော်ပေါ်က ဆင်းဆင်းချင်းပင် ဗိုင်းခနဲ ရွှံ့တွေကြားထဲမှာ ချော်လဲပါတော့သည်။ရွာသားများအကြံပေးသည့် အတိုင်းဖိနပ်ချွတ်လျှောက်တော့လဲအဆင်မပြေပဲအပြေးလေ့
ကျင့်စက်ပေါ်တွင်မပြေးတတ်ပြေးတတ်နှင့် ပြေးဖို့ကြိုးစားသောလူတစ်ယောက်လိုရှေ့မရောက်ဘဲထိုနေရာတွင်ဘဲလည်နေသည်။

နောက်တော့ဘေးကလူတစ်ယောက်ကိုကိုင်ပြီးလမ်းလျှောက်မှပဲအဆင်ပြေသွားပါတော့သည်။အဲ့လိုနဲ့
တည်းရမယ့်အိမ်ရောက်တော့မိုးချူပ်သွားပြီ။ အိမ်လေးကတော့ထိုရွာတွင်အကောင်းဆုံးထဲကဖြစ်သည်။
နှစ်ထပ်တိုက်အမျိုးအစားထဲကဖြစ်သည်။အိမ်နံဘေးတွင်ရေတွင်းလေးတစ်တွင်းရှိသည်။အိမ်နောက်ဘက်
တွင်လည်းကွမ်းခြံ ရှိသည်။မီးစက်မောင်းထားသည်.အတွက် တအိမ်လုံးလင်းထိန်နေဧ။်။
ခြင်ပြေးရန်အတွက်တစုံတရာကိုမီးရှို.ထားသောအနံ့လေးကိုလဲသင်းသင်းလေးရနေသည်။
ထိုအနံ့လေးကိုအင်မတန်ပင်နှစ်သက်မိပါသည်။အဒေါ်ကတော့ထိုအနံ့ကိုတောနံ့ဟုအမည်ပေးထားသည်။

ထမင်းစားတော့လဲပျော်စရာကြီး ၊ဟင်းတွေကထမင်းစားပွဲအဝိုင်းကြီးအပြည့် ။ကိုယ့်အိမ်မှာတောင်တခါမှ
အဲ့လောက်ဟင်း အများကြီး ဖြင်.ထမင်းမစားဘူးပေ။ဒါပေမယ့် အသားဟင်းတော့ လုံးဝမပါ။ပထမဦးဆုံး ညစာ
သည်တနေ့လုံးခရီးသွားထားရ၍လားမသိ အင်မတန်ပင် စားကောင်းခဲ့ပါသည်။နောက်တနေ.တွင်လည်း
ပုံမှန်အိပ်နေကြအိပ်ယာ မဟုတ်သည်.အတွက် အစောကြီးနိုးနေသည်။ သို.ပေမယ့် ကျမ ၏အစောကြီးမှာ
ထိုရွာတွင် နေထိုင်သူများ၏ ဆွမ်းတော်ကျက်ချိန် ပင်ဖြစ်သည်။မျက်နှာသစ်ပြီးသောအခါ အိမ်ရှင် ဦးကြီးက
ခဏနေမုန်.ဟင်းခါးသည်လာရင် ၊မုန်းဟင်းခါးဝယ်ကျွေးမယ် ပြောသဖြင့်ဝမ်းသာသွားပါသည်။

အဘယ်ကြောင်.ဆိုသော် ကျမသည် မုန့်ဟင်းခါးကို အသေအကျေကြိုက်သောသူ တယောက်ဖြစ်သောကြောင့်ပင်။ ကျမဧ။် အကျင့်တခုမှာ မနက်စာကို ထမင်းဖြင့် မစားတတ်ပါ။ယခု အချိန်အထိ သည်အတိုင်းပင်။ ခဏနေသောအခါ မုန့်ဟင်းခါးသည်ရောက်လာဧ။်။ ထိုရွာဧ။် မုန့်ဟင်းခါးရောင်းပုံမှာ တော်တော်စိတ်ဝင်စားဖို့ကောင်းသည်။ တောင်းတခုထဲတွင် မုန့်ဖတ်နှင့် ဟင်းရည်အိုးထည့်ကာ ခေါင်းဖုလေးဖြင့် ရွက်ပြီး ရွာအနှံ့ လိုက်ရောင်းခြင်းဖြစ်သည်။ ရောင်းပုံကား ဘယ်လောက်သားလဲဟုမေးကာ မုန့်ဖတ်ကို ချိန်ခွင့်ဖြင့် ချိန်ပေးသည်။ ပြီးမှဟင်းရည်ကို မုန့်ဖတ်အနည်းအများအလိုက်ထည့်ပေးသည်။ မုန့်ဟင်းခါးဟင်းရည်မှာ သိပ်တော့မကောင်းလှပါ။ကျမအဖို့တော့ ကောင်းကောင်း၊မကောင်းကောင်း မုန့်ဟင်းခါးစားရဖို့သာအဓိကဖြစ်သည်။ မုန့်ဟင်းခါးစားပြီးနောက် အိမ်ရှင်ဦးကြီးက ငါးဖယ်မုန့်ဟင်းခါးကောင်းရဲ့လားဟု မေးဧ။်။။ ထိုအခါ ကျမဧ။် အဒေါ်က ငါးဖယ်နဲ့ချက်တာလား ဦးလေးဟုမေးသော အခါ ဦးကြီးက ငါးမပါလို့ ငါးဖယ်မုန့်ဟင်းခါးဟုခေါ်ကြောင်း ရယ်စရာဟုပြောသည်။
Related Posts Plugin for WordPress, Blogger...